Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အမျှင်ဓာတ်ကြွယ်ဝသောလိမ္မော်သီး 

          လိမ္မော်သီးသည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ရရှိနိုင်သော လူကြိုက်များသည့် ချိုချဉ် အရသာရှိသောအသီးတစ်မျိုးဖြစ်၍ ကျန်းမာရေးအတွက် ဗီတာမင်စီကြွယ်ဝသောကြောင့် ကလေးမှ သည် လူကြီးအထိကြိုက်နှစ်သက်သည့် အသီးအနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ ကယ်လိုရီ၊ ကစီ ဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် လိမ္မော်သီးကို တစ်နေ့ တစ်လုံး စားသုံးသင့်ကြောင်း၊ဗီတာမင်စီနှင့်ဗီတာမင်ဘီဓာတ်ပါဝင်သောကြောင့်ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးခြင်း၊အရေပြားကျန်းမာရေးအတွက်အထောက်အကူပြု၍ နှာခေါင်းနာ၊ လျှာကွဲနာ၊ ပါးစပ်ထောင့် ကွဲသောရောဂါများကိုသက်သာစေကြောင်း၊ ဖောလစ် အက်ဆစ်ကြွယ်ဝသောကြောင့် အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးသင့်ကြောင်း၊ ကျောက်ကပ်ကျောက် တည်ခြင်းကိုကာ ကွယ်ခြင်း၊ နှလုံးအားကောင်းစေခြင်း၊ သွေးအားကောင်း၍ သံဓာတ်စုပ်ယူမှုအား ကောင်းခြင်း၊ ဓာတ်တိုးဆန့်ကျင်ဓာတ်များ ပါဝင်သောကြောင့် ကင်ဆာရောဂါကို လျှော့ချပေးနိုင်ကြောင်း၊ အမျှင် ဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့် ဆီးချိုရောဂါကိုထိန်းပေး၍ ဝမ်းချုပ် ခြင်းကိုကာ ကွယ်ကြောင်း၊ တစ်ပတ်လျှင် (၂-၃) ကြိမ်စားပေးသင့်ကြောင်း၊ ဖျော်ရည်ဖျော်သောက်ခြင်းထက် အသီး အတိုင်းစားပါက ဆေးဖက်ဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုကြောင်း၊ ပိုတက်ဆီယမ် ကြွယ်ဝသောကြောင့် နှလုံးကျန်းမာရေး အတွက် အထောက်အကူပြုကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာ ပါဝင် သောကြောင့် မျက်စိကျန်းမာရေး အတွက်ကောင်းမွန်ကြောင်း၊ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သောကြောင့် အရေပြား အတွက် ကော်လာဂျင်ထုတ်လုပ်မှုကို အထောက်အကူပြု၍ အရေးအကြောင်းများကို ကာကွယ် ပေးသဖြင့် အရသာရှိသောလိမ္မော်သီးသည်  နေ့စဉ်စားသုံးသင့်သော  သစ်သီးတစ်မျိုး ဖြစ်ကြောင်း လေ့လာ့သိရှိရသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်ရှိ ဆီနေကြာကြိတ်ဖတ်စျေးကွက်

       နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့် ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာနှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ၃တင်းဝင်(၂၇ပိဿာပါ) တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၄၀၇ ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် ၃၄၀ဝကျပ်နှင့် ၃၅၀၀ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းတစ်အိတ်လျှင် ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၈၅၁၈ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ပေါက်စျေးနှိုင်းယှဉ်ပါက ဆီနေကြာစျေး အနည်းငယ်လျော့နည်းသွားပြီး၊ နေကြာကြိတ်ဖတ်စျေးမှာ စျေးကောင်းရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးနှမ်းစျေးကွက်

       ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမှု ၉၂၃၁၅၃ ဧက၊ရိတ်သိမ်းမှု ၈၉၈၀၅၂ ဧက၊ အထွက် နှုန်း ၅.၁၉ တင်းနှင့် အထွက်စုစုပေါင်း ၄၆၆၁၉၈၈ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်များစက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၇၅၀၀၀ကျပ်နှင့် ၂၈၂၀၀၀ကျပ်၊ နှမ်းဖြူ(ဗမာ)၂၄၅၀၀၀ကျပ်နှင့် ၂၅၅၀၀၀ကျပ်၊နှမ်းညို ၂၆၅၀၀၀ ကျပ်နှင့် ၂၈၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၁၁၁ကျပ်နှင့် ၆၂၆၇ ကျပ်၊ နှမ်းဖြူ(ဗမာ)၅၄၄၄ကျပ်နှင့် ၅၆၆၇ကျပ်၊ နှမ်းညို ၅၈၈၉ကျပ်နှင့် ၆၂၂၂ကျပ် စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၃၃၃ကျပ်နှင့် ၉၄၄၄ကျပ်၊ နှမ်းဖြူ (ဗမာ) ၈၁၁၁ ကျပ်နှင့် ၈၄၄၄ ကျပ်၊ နှမ်းညို ၆၇၇၈ကျပ်နှင့် ၇၀၀၀ ကျပ်၊ နှမ်းနီ ၇၄၄၄ ကျပ်နှင့်၇၅၅၆ ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့် ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက မန္တလေးစျေးကွက်တွင်နှမ်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဗီတာမင်စီကြွယ်ဝသောကဆစ်သီး    

             ကဆစ်သီးဆိုသည်မှာ အညာဒေသတွင် ဟင်းချက်စားသုံးသော အသီးတစ်မျိုးဖြစ်ပြီး အသီး ၏ပုံသဏ္ဍာန်မှာ ကင်းပုံသီး၊ ဖရဲသီးသေးသေးလေးနှင့်တူ၍ နွယ်ပင်ရှည်အပင်မျိုးဖြစ်သလို ဟင်းချက်ရာတွင် ကြော်ချက်စားခြင်း၊ သုပ်စားခြင်းနှင့် အတို့အမြှပ်အဖြစ် စားသုံးကြကြောင်း၊ ၎င်းသည် အခွံပါးပါးလေးနဲ့ အရည်ရွှမ်းပြီးအရသာမှာ ချဉ်တင်တင်လေးဖြစ်ကြောင်းသိရှိရသည်။ ကဆစ်သီးတွင် ဗီတာမင်စီကြွယ်ဝစွာပါဝင်သောကြောင့်အသားအရေကိုကြည်လင်ဝင်းပစေ၍ကျန်းမာစေပြီးအမာရွတ်တွေကို သက်သာစေသလိုအနာကျက်မြန်စေဖို့လည်း အထောက် အကူပြုကြောင်း၊ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့် အဆာခံနိုင်စေ၍ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေရန် အထောက်အကူပြု၍ သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးတိုးကျ စေ၍ သွေးတွင်းသကြား ဓာတ်ကိုလည်းထိန်းညှိပေးသလို နှလုံးသွေးကြောများကို ကျန်းမာစေပြီး သွေးကြောကျဉ်းရောဂါများကို မဖြစ်စေရန်တားဆီးပေးကြောင်း၊ ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်မှ အင်္ဂါအစိတ် အပိုင်းများကို ကျန်းမာစေပြီး ဦးနှောက်၊ နှလုံးနှင့်ကျောက်ကပ်တို့ကိုလည်း ကျန်းမာစေ၍ ရေဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက်ရေဓာတ် ဖြည့်တင်းပေးကြောင်း၊ ကဆစ်သီး တွင် ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေနှင့် ပိုတက်စီယမ် စသည့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်၍ ကိုယ်အလေးချိန် လျော့ချသူများအနေဖြင့် ကယ်လ်လိုရီပါဝင်မှု အလွန်နည်းသောကြောင့် စားသုံးသင့်ကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ကဆစ်သီးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်းသိရှိရပြီး၊ အညာဒေသ ၌ ကဆစ်သီးများကို ကဆစ်မာဟူ၍လည်းခေါ်ဆိုသလို စားသုံးမှုများပြား၍ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်သောကြောင့် အသားအရေစိုပြည်ကြည်လင်လှပပြီး အသားအရည်ထိန်းသိမ်းသော အမျိုးသမီးများအနေဖြင့် စားသုံးပါကအသားအရည်ကြည်လင် Glow စေကြောင်းစာပေများမှ လေ့လာဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)

                                                                                               

ဗီတာမင်အီးကြွယ်ဝသောနေကြာစေ့အကြောင်း 

              နေကြာစေ့သည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပြီး စားသုံးခြင်းဖြင့် နေကြာစေ့တွင် ဗီတာမင်အီး၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ပရိုတိန်းဓာတ်နှင့် မပြည့်ဝဆီများ ပါဝင်သောကြောင့် အရေပြားကျန်းမာရေးကိုကောင်းမွန်စေပြီး အသားအရေကို နူးညံ့ပျော့ပျောင်း စေ၍  နှလုံးရောဂါကို ကာကွယ်ပေးသလို ကိုလက်စထ‌ရောကိုလျော့ချပေး၍ သွေးကြောကျန်းမာ ရေးကို ထောက်ပံ့ပေးကြောင်း၊ ဆံပင်ရှည်ခြင်း၊ အစိုဓာတ်ထိန်းသိမ်းခြင်းနှင့်  ဆံပင်နီကြောင် ခြင်းများကို လဲတားဆီးပေးကြောင်း၊ အမျိုးသမီးများအတွက် ‌ဟော်မုန်းမျှတမှုကို ထိန်းညှိပေးသောကြောင့် အရိုးများကိုသန်မာစေကြောင်းသိရှိရသည်။ ပရိုတိန်းနှင့် အမျှင်ဓာတ် များကြောင့် အစာချေမှုကို အားကောင်းစေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းရာတွင် အထောက်အကူပြုကြောင်း၊ သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးနိုင်သဖြင့် ဆီးချိုရောဂါရှိသူများစားသုံးပါက ကာကွယ် ပေးကြောင်း၊ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် အမျိုးသားများစားသုံးပါက သုပ်ပိုးအရည်အသွေးမြှင့်တင်ရာတွင် အထောက်အကူဖြစ်ပြီး စိတ်ဖိစီးမှုလျော့ချခြင်းနှင့် စားဝင်အိပ်ပျော်ကြောင်း၊ ကိုယ်အလေးချိန် ထိန်းသူများအနေဖြင့် နှလုံးနှင့်သွေးကြောကျန်းမာရေးကို အထောက်အကူပြု ကြောင်း၊ နေကြာစေ့များကို သန့်ရှင်းကောင်းမွန်စွာဆေးကြောပြီး၊ရေနွေးပြုတ်၍ သန့်ရှင်းစွာထားကြောင်း၊ ထိုနေကြာစေ့ များကို နို့၊ဆား၊ သကြား၊ နွားနို့၊ ဂျင်း၊ ကြက်သွန်ဖြူတို့နှင့်အတူ လှော်ပါက အနံ့အရသာနှင့်ပြည့်စုံသော နေကြာစေ့လှော်ရရှိကြောင်း၊ လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် နေကြာစေ့လှော် (၃၀ ဂရမ်) ပမာဏကို စားသုံးခြင်းဖြင့်  ကယ်လိုရီနှင့် အာဟာရဓာတ် များလုံလောက်စွာ ပေးနိုင်သောကြောင့်  သွေးတွင်း အဆီကိုဖယ်ရှားပေးပြီး အသားအရေကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သောကြောင့် စားသုံးသင့်ကြောင်း စာပေများမှဖတ်ရှု့ သိရှိရသည်။

DOCA(မန္တလေး)

 

နိုဝင်ဘာလစတုတ္ထပတ်တွင် ပဲလွန်းပြာစျေးအနည်းငယ်ကျ

        ပဲလွန်းပြာမှာပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ပဲလွန်းပြာ ၁၈၀၀၀၀ကျပ်နှင့် ၁၉၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၃၁၈ ကျပ်နှင့် ၃၅၀၂ ကျပ် တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲလွန်းပြာ ၃၇၀၀၀၀ကျပ်၊တစ်ပိဿာစျေး ၆၈၂၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှင့်ယခုနှစ် စျေးနှိုင်းယှဉ်ပါက မန္တလေးစျေးကွက်တွင် ပဲလွန်းပြာပေါက်စျေးမှာ အနည်းငယ်လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၌‌ရောင်းချနေသောအမဲသားဈေးနှုန်းများမြင့်တက်လာခြင်း

              မြင်းခြံမြို့အေးမြသီတာဈေး၌ အသားငါးမျိုးစုံရောင်းချလျက်ရှိရာ အမဲသားသည် အာဟာရ ဓာတ်များစွာပါရှိပြီး ကျန်းမာရေးအတွက် ကြွက်သားများကိုအားကောင်းစေသည့် အရေးကြီးသောအစားအစာတစ်ခုဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော အမဲသား(အသန့်) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အမဲသား(၂၄၀၀၀)ကျပ်၊ အမဲသား(အသားစ) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ အမဲအသဲ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲအူ၊ ဝမ်းတွင်းသား တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် အမဲအရိုးစတစ်ပိဿာ လျှင်(၆၀၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့် ရောင်းချ ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် အမဲသားအစစုံ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့် အသီးသီးဈေးနှုန်းမြင့် တက်ခဲ့ကြောင်း၊သယ်ယူစရိတ်မြင့်တက်ခြင်းကြောင့်ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း၊ ရောင်းချမှုအနေဖြင့် နေ့စဉ်ကုန်ချိန်ပိဿာ (၁၅-၂၀)ခန့်ပုံမှန် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အမဲသားကြော်ရောင်းချသော ဖောက်သည်များကိုလည်း ပုံမှန်ရောင်းချရကြောင်း၊ အမဲသားသည် အာဟာရ ပြည့်ဝသောကြောင့် စားသုံးမှုများပြားပြီး အရောင်းအဝယ်ကောင်း၊ အမဲသားရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

 

နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးပဲကြားစျေးကွက်

       မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲကြားသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲကြားမှာ ပြည်တွင်းစားသုံးမှုများသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲကြားသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဲကြားပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ၄၃၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၇၆၄၄ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် အောက်တိုဘာလ ကာလတူ ပဲကြားသီးနှံပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၇၅၀၀၀ ကျပ်နှင့် ၂၇၈၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၄၈၈၉ကျပ်နှင့် ၄၉၄၂ကျပ်၊ ယခင်လနှင့် ယခုလ စျေးနှုန်းနှိုင်းယှဉ်ပါက မန္တလေးပဲကြားစျေးမှာ ပိုမိုရရှိကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ကျွဲကောသီးဈေးနှုန်းအခြေအနေ

           မြင်းခြံမြို့၊ အေးမြသီတာဈေး၌ရောင်းချနေသော ကျွဲကောသီးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် မန္တလေးမြို့တို့မှဝယ်ယူ၍ ‌ဒေသတွင်းဖြန့်ဖြူး ရောင်းချကြောင်း သိရှိရသည်။ ကျွဲကောသီး ဝယ်ယူစားသုံးပါက တောင်ကြီးမြို့မှ ထွက်ရှိသောအသီးသည် အရည် အသွေး ကောင်းပြီး ရွေးချယ်ဝယ်ယူစားသုံးပါက အကောင်းဆုံးဖြစ်ကြောင်း၊  ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ရောင်းချနေသော ကျွဲကောသီးလက်လီတစ်လုံးလျှင် (၃၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်များသောကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန် အထောက်အကူပြုခြင်းကြောင့် စားသုံးမှုများကြောင်း၊ နေ့စဉ်ကျွဲကောသီးအလုံးရေ (၃၀-၅၀) လုံးခန့် လက်လီ၊လက်ကားရောင်းချရကြောင်း သစ်သီး‌ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ဆေးဖက်ဝင်သောအာတာလွတ်ဥသီးနှံ

                        အာတာလွတ်ဥများသည်   မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ငဖဲမြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကြောင်း၊ နှစ်ရှည်ပင်သီးနှံ များအဖြစ်စိုက်ပျိုးပြီး တစ်နှစ်၊ နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၈-၁၂)လ အကြာတွင်တူးဖော်ရကြောင်း၊အာဟာရပြည့်ဝသောအရသာမှာဆိမ့်ဆိမ့်လေးရှိပြီးမုန့်နှင့်အတူစားသုံးလေ့ရှိကြောင်း၊ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့်အစာချေစနစ်ကောင်းမွန်စေပြီးအစာချေစနစ်ကိုကောင်းမွန်စေ၍ သွေးလည်ပတ်မှုနှုန်းမြင့်မားစေသလိုနှလုံးကျန်းမာ ရေးကို ကောင်းမွန်စေခြင်း စသောအကျိုးကျေးဇူးများရှိကြောင်း သိရှိရသည်။ သံဓာတ်နှင့် ပရိုတင်းဓာတ် များကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးများကိုသန်မာစေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်၍ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကိုကာကွယ် ပြီးသကြားဓာတ်အားထိန်းပေးကြောင်း၊ နှလုံးကျန်း မာရေးအတွက် ကောင်းမွန်စေခြင်းဖြင့် ကယ်လိုရီနည်းပြီး ကိုယ်ခံအားကိုမြှင့်တင် ပေးကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ မြင်းခြံမြို့၊အေးမြသီတာဈေး၌ ရောင်းချနေသော အာတလွတ်ဥ တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း ဆီးချို‌ရောဂါသမားများအတွက် အထောက်အကူသောကြောင့် ဆေးဖက်ဝင်သောရာသီးပေါ် အာတာလွတ်ဥများကိုစားသုံးသင့်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း