Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ခရမ်းကြွပ်သီးဈေးနှုန်းဈေးကွက်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့်သီးနှံမျိုစုံ စိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်‌သော ခရမ်းကြွပ်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကြွပ်သီးအပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်သီးစိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကို ပျိုးထောင်ခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းဟူ၍ နှစ်မျိုးစိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကြွပ်သီးကို ပျိုးထောင်ပြီး စိုက်ပျိုးမည်ဆိုပါက ပျိုးသက် တစ်လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ()လ အကျော်တွင် အသီးများ စတင်ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ပြီးမှ တစ်ပတ်နှင့် တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း၊ သက်တမ်းအနေဖြင့် ()လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ မျိုး၊ သွင်းအားစုအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်အနေ ဖြင့် (၉၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး လက်ကားဈေးအနေဖြင့် တစ်ပိဿာ လျှင် (၁၅၀၀/-)ကျပ်၊ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း၊ ခရမ်းကြွပ်သီး ကို မိမိကိုယ်တိုင်ဈေးများသို့ သွားရောက်၍ရောင်းချသလို ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူပြီး စဉ့်ကိုင်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စျေးပိုမိုရရှိသည့်မန္တလေးပဲဇီးကွက်စျေး

             မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ  ပြည်တွင်းစားသုံးမှု များပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါသည်။ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် ပဲဇီးကွက်အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ဧကဖြစ်ကြောင်း သိရှိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ် နိုဝင်ဘာလဒုတိယ ပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ပဲဇီးကွက်(ဗမာ) ၃တင်းဝင်တစ်အိတ်လျှင်၄၄၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၅၅၄ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၄၈၀၇ကျပ်နှင့် ၄၉၇၈ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ချက် ပဲဇီးကွက်စျေးမှာ ပိုမိုရရှိကြောင်း သိရှိရ ပါသည်။

   DOCA(မန္တလေး)

နိုဝင်ဘာလဒုတိယပတ်ပဲစင်းငုံစျေးအနည်းငယ်ကျ

            မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံ သီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်း ဝင် တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၄၅၀၀၀ကျပ်နှင့်၂၄၆၀၀၀ကျပ်၊ပဲစင်းငုံ(ဖြူ)၂၂၅၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ပဲစင်းငုံ (နီ)၄၀၈၃ကျပ်နှင့် ၄၄၁၇ကျပ်၊ ပဲစင်းငုံ(ဖြူ)၃၇၅၀ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ယခင်နှစ်ကာလတူပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ)၄၆၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံပေါက် စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

  DOCA(မန္တလေး)

“အာတာလွတ်ဥဈေးနှုန်းဈေးကွက်”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးတို့တွင် ကန်စွန်းဥနှင့် ပိန်းဥများဝင်ရောက်သည့်အပြင် အာတာလွတ်ဥများလည်း ဝင်ရောက်လျက် ရှိပါ သည်။ ရွာငံ၊ အောင်ပန်း၊ ကလောဒေသများမှ ထွက်ရှိသော အာတာလွတ်ဥများကို ကျောက်ဆည် မြို့ပေါ်ရှိ ဈေးများသို့ ဝင်ရောက်လျက်ရှိပါသည်။ အာတာလွတ်ဥ ဈေးနှုန်းအနေဖြင့် ယခင်လတွင် တစ်ပိဿာလျှင်(၃၅၀၀-၃၈၀၀/-)ကျပ်ခန့်ဖြစ်သော်လည်း ယခုလတွင် အာတာလွတ်ဥများ ဖြိုင်ဖြိုင်ထွက်ပေါ်နေသောကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခြင်းဖြစ်ကြောင်း၊ အာတာလွတ်ဥ တစ်ပိဿာလျှင် (၂၈၀၀-၃၀၀၀/-)ကျပ်ခန့်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း၊ အာတာလွတ်ဥကို  စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် ကူညီပေးခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုကောင်းစေခြင်း၊ နှလုံးကျန်းမာရေး အတွက်ကောင်းစေခြင်း၊ ဆီးချိုရောဂါ အတွက် အထောက်အကူပြုခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်းများကို ပျောက်ကင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည့်အတွက် အာတာလွတ်ဥစားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ 

DOCA(မန္တလေး)

 

နိုဝင်ဘာလဒုတိယပတ်မြေထောက်ပဲစျေးအနည်းငယ်ကျဆင်း

               မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံ အပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ် လျက် ရှိသော ၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ ၂၄၀၀၀၀ ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၄၄၄၄ကျပ်နှင့် ၅၂၈၇ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် နှစ် ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်နှင့် ၃၃၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၃၇၀ကျပ်နှင့် ၆၁၁၁ ကျပ်ဖြစ်ပြီးယခုနှစ်နှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။

 DOCA(မန္တလေး)

“ဗမာခရမ်းချဉ်သီးများဈေးကောင်းရလျက်ရှိ”

   ပြင်ဦးလွင်မြို့မှဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းရရှိသဖြင့် ခရမ်းချဉ်စိုက် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း ကျေးရွာ အချို့တွင်လည်း ဗမာခရမ်းချဉ်သီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည် မြို့နယ်အတွင်းရှိ မြို့မဈေး နှင့် အေးမြကြည်လင်ဈေးတို့တွင် ရောင်းချသည့် ဟင်းသီးဟင်းရွက် အများစုမှာ မြို့နယ်အတွင်းကျေးရွာများ နှင့် ရွာငံဒေသမှ လာရောက် တင်သွင်း ရောင်းချခြင်း များဖြစ်ပြီး ခရမ်းချဉ်သီး၊ မုန်လာဉ၊ ချဉ်ပေါင်ရွက်၊ ခရမ်းသီး၊ ပဲသီး၊ ဆလပ်ရွက်၊ ပန်းမုံလာ၊ ငရုပ်သီး၊ အာလူး၊ကြက်သွန်၊ဗူးသီး၊ဂေါ်ဖီထုပ်နှင့်ဘုရားပန်းများလာရောက်ရောင်းချလျှက်ရှိပါသည်။ ယခင်နှစ် ခရမ်းချဉ်သီးစိုက်တောင်သူများ အရှုံးပေါ်ခဲ့သည့်အတွက် စိုက်သူများလာသဖြင့် ခရမ်းချဉ်သီး ထွက်နှုန်းများ ကျဆင်းပြီး ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတကာ ခရမ်းချဉ်သီး ဈေးကွက် ဆက်တိုက် ဈေးတက်လျက်ရှိကြောင်း ၊ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ဗမာ ခရမ်းချဉ်သီး ဈေးနှုန်းမှာ(၁)ပိဿာလျှင်လက်ကားဈေး(၄၀၀၀)ကျပ်ရောင်းချပြီး ၊လက်လီဈေးအနေဖြင့်(၁)ပိဿာ လျှင်(၆၀၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ကုန်စိမ်းရောင်းချသည့်ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA( မန္တလေး)

“ကျောက်ဖရုံသီးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ”

  ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ကျောက်ဖရုံသီး သီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးကြကြောင်း ၊ ကျောက်ဖရုံသီးမျိုးများမှာ အိုမီကာ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုးများဖြစ်ပြီး အိုမီကာ(ထိုင်ဝမ်)မျိုးကိုသာ အများဆုံး စိုက်ပျိုးကြ ကြောင်း၊ ကျောက်ဖရုံသီးစိုက်ပျိုးမည်ဆိုပါက(၁)ဧကလျှင်(၄/၅)ထုပ်စိုက်ပျိုးရကြောင်း၊ မျိုးစေ့ (၁)ထုပ် ဈေးနှုန်းအနေဖြင့် အိုမီကာ(ထိုင်ဝမ်)မျိုး (၁၈၀၀၀/-)ကျပ် ဗမာမျိုး(၁)ထုပ်လျှင် (၁၂၀၀၀/- ) ကျပ်ရှိကြောင်း၊ ကျောက်ဖရုံသီးကို ဘောင်ဖြင့်စိုက်ပျိုးရကြောင်း တစ်ပင်နှင့်တစ်ပင် (၅)တောင်ခန့် ခြား၍စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ မြစ်သားမြို့နယ်ရှိ ပေါက်မြိုင်ရွာ၊ စမုံဘောက် ၊ ဝက်ထိန်းကျေးရွာများဖြစ်ကြောင်း၊ ကျောက်ဖရုံသီးကို သီးသန့် စိုက်ပျိုးကြသလို နနွင်းခင်း ၊ နှမ်းခင်းများတွင်လည်း သီးထပ် ၊ သီးညှပ်အဖြစ် စိုက်ပျိုး၍ရကြောင်း၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး ၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀ -၃၅၀၀၀၀၀) ကျပ် ရရှိကြောင်း ၊ ကျောက်ဖရုံသီးကို စိုက်ခင်းထဲအထိ ပွဲစားများမှလာရောက်ဝယ်ယူကြပြီး၊ ပွဲစားများမှ လည်း ရန်ကုန်၊ မန္တလေးနှင့်မိတ္ထီလာမြို့များသို့ တင်ပို့ရောင်းချကြောင်း ၊ ကျောက်ဖရုံသီးနှံသည် ဆေးဖြန်းစရာမလို ရေပုံမှန်ပေး၍ စိုက်ပျိုးရသော သီးနှံဖြစ်ကြောင်း ၊ ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီးအိုမီကာ (ထိုင်ဝမ်)တစ်လုံးလျှင် (၄၀၀၀-၅၀၀၀) ကျပ်၊  ဗမာသီးတစ်လုံးလျှင် (၅၀၀၀-၆၀၀၀)ကျပ် စျေးနှုန်းများဖြင့်ရောင်းချရပြီး ယခုအခါကထိန်ရာသီဖြစ်သည့်အတွက် စတုဒီသာများကျွေးမွေးရာတွင် အသုံးပြုသောကြောင့်အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“အုန်းသီးငှက်ပျောသီးဈေးနှုန်းဈေးကွက်”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ မြို့မဈေးနှင့် အေးမြကြည်လင်ဈေးများတွင် ရာသီစာသီးနှံများ၊ သစ်သီးဝလံများ၊ အထည်များရောင်းချသည့်အပြင် ရာသီမရွေးရရှိသည့် အုန်းသီး၊ ငှက်ပျောသီးများကိုလည်း ရောင်းချလျက်ရှိပါသည်။ အုန်းသီးကို ဒေသမှ ထွက်ရှိသည့် အုန်းသီး များအပြင် အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ငှက်ပျော သီးကို ကျောက်ဆည်ဒေသမှ အဓိကထွက်ရှိသည့်အတွက် ဒေသထွက် ငှက်ပျောသီးများ ကိုလည်း အဓိကထားရောင်းချလျက်ရှိပါသည်။ အုန်းသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင်(၄၀၀၀-၅၀၀၀/-) ကျပ်ခန့်ရှိကြောင်း၊ ငှက်ပျောသီးဈေးနှုန်းအနေဖြင့် ဖီးကြမ်းငှက်ပျောသီး တစ်ဖီးလျှင် (၃၀၀၀-၃၅၀၀/-)ကျပ်ခန့်ရှိကြောင်း၊ ပြေသီးငှက်ပျော(ရခိုင်ငှက်ပျော)တစ်ဖီးလျှင်(၁၀၀၀-၁၅၀၀/-) ကျပ် ခန့်ရှိကြောင်း၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးရှိ အုန်း၊ ငှက်ပျော ရောင်းချ သော ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

“ကင်ပွန်းချဉ်စိုက်ပျိုးဝင်ငွေးတိုး”

  မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် အညာဒေသဖြစ်သည့်အတွက် ရာသီပေါ်ဟင်းသီး ဟင်းရွက်သစ်သီးဝလံများ လာရောက်ရောင်းချလျှက်ရှိရာ မိုးတွင်းကာလတွင် ကင်ပွန်းချဉ်ပင်များမှ အရွက်အညွန့်များ တလူလူနှင့်စတင်ထွက်ရှိပြီးကင်ပွန်းချဉ်ပင်များကိုအိမ်နောက်ဖေး မြေပိုမြေလွတ် များတွင် စနစ်တကျစိုက်ပျိုး ထားကြသလိုစီးပွားဖြစ်အနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လာကြပါသည်။ ပူပြင်းသော ရာသီဥတုအချိန်အခါများတွင်ကင်ပွန်းချဉ် ကိုဟင်းအရံအနေဖြင့် ဟင်းချို အရေကျဲလေးချက်ပြုတ်၍စားသုံးခြင်းဖြင့် အပူဒဏ်ကို လျော့စေပြီး ခံတွင်းမြိန်စေ ပါသည်။ကင်ပွန်းချဉ်အရွက်သာမက ကင်ပွန်းဥ၊ကင်ပွန်းသီးပါ အသုံးဝင်းသည့်အပြင် ကင်ပွန်းချဉ်ပင်သည် ဆေးအနေဖြင့်လည်းသုံး၍ရကြောင်း၊အရွက်ကိုကြိတ်ပြီး အသည်းရောင် အသားဝါရောဂါသည်တွေကို တိုက်ရင်သက်သာစေပြီး၊ အသည်းရောင်နေတဲ့နေရာကို လိမ်းပေးခြင်းဖြင့် အရောင်ကျစေကြောင်း၊ ကင်ပွန်းချဉ်ရွက်သည် လေနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေပြီး ဝမ်းကိုလည်းပျော့စေကြောင်း၊ ကျောက်ကပ်ကို အားပေးတဲ့အတွက် သောက်သုံး လျှင်ဆီးရွှင်စေကြောင်း၊ ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး ငှက်ဖျားရောဂါသည်တွေ သောက်သုံးခြင်းဖြင့် ပျောက်စေကြောင်းစသည့် ရောဂါများ သက်သာစေသည်ဟုလေ့လာ သိရှိရပါသည်။ ကင်ပွန်းချဉ်ဈေးကွက်အနေဖြင့် ကင်ပွန်းချဉ်(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ (၁)ပိဿာလျှင်   (၇၀၀၀)ကျပ် ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ကုန်းစိမ်းရောင်းသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၈.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၄၀၂၆ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၅၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၉၅၁ နှင့် ဈေးနှုန်းမှာ ၄၇၀၀၀ မှ ၄၉၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၂၈၄ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၆၅ နှင့် ဈေးနှုန်းများမှာ ၄၅၀၀၀ မှ ၄၆၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၂၉၇ နှင့် ဈေးနှုန်းများမှာ ၄၂၀၀၀ မှ ၄၇၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၄၃၂၇ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၅၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စ အိတ်ရေ ၃၇၂၀ နှင့် ဈေးနှုန်းမှာ ၄၇၀၀၀ မှ ၄၉၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၁၉၅ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၄၉၂ နှင့် ဈေးနှုန်းများမှာ ၄၅၀၀၀ မှ ၄၆၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၃၅၃ နှင့် ဈေးနှုန်းများမှာ ၄၂၀၀၀ မှ ၄၇၀၀၀ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၄၂၅၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၅၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စ အိတ်ရေ ၃၃၉၆ နှင့် ဈေးနှုန်းမှာ ၄၇၀၀၀ မှ ၄၉၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၉၂၄ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၃၈ နှင့် ဈေးနှုန်းများမှာ ၄၅၀၀၀ မှ ၄၆၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၀၈၄ နှင့် ဈေးနှုန်းများမှာ ၄၂၀၀၀ မှ ၄၇၀၀၀ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။        

        ၁၈.၁၁.၂၀၂၅ ရက်နေ့တွင်  ကုန်စည်ဒိုင်သို့ ရှယ်စ(၁၂၆၁၁)၊ ဆန်ကြမ်း(၁၁၀၆၇)၊ လတ်စ (၉၄၀၃)၊ ၂၅မတ်(၄၅၉၅)၊ ဆန်ကွဲ(၁၈၇၃၄) အိတ်နှင့် စုစုပေါင်းဆန်အိတ်ရေ (၅၆၄၁၀)  အိတ်ဝင်ရောက်ခဲ့ရာ ဆန်ဈေးနှုန်းမှာ အနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း