Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကုန်စိမ်းသီးနှံ ဈေးကွက်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင် သာစသည့် ကျေးရွာများအပြင် မကွေး၊ မင်းဘူး၊ သရက်၊ တောင်တွင်းကြီးနှင့် ရှမ်းပြည်နယ် အောင်ပန်း မြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး ()ပိဿာလျှင် ကျပ်(၆၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် ကျပ်(၄၅၀၀-၅၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်း ယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀-၁၅၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ မင်းလှမြို့ နယ်အတွင်းရှိ ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများမှ ခရမ်းချဉ်သီးအသစ်များ ဈေးအတွင်းသို့ ဝင်ရောက်မှုများရှိလာသော်လည်း ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အဓိကမှာယူရောင်းချရသည့်အတွက်  ဈေးနှုန်းမှာမြင့်တက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျသီရိဈေး၌ ကြက်သွန်နီဈေးနှုန်းကျဆင်းလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်နီကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင်သာ၊ ရွာသစ်၊ ထန်းကိုင်း၊ ဂျင်ရဲမြောင်၊ ကုန်းကြီး စသည့်ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ()ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ပထမပတ်)တွင် ကျပ်(၂၃၀၀-၂၅၀၀)ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၃၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်းရှိ ဒေသတွင်းကြက်သွန်နီ စိုက်ခင်းတချို့၌ ကြက်သွန်နီအသစ်များ စတင် ထွက်ရှိလာသည့်အတွက် ဈေးနှုန်းလျော့ကျလာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

   ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီးများအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ်ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၀၀၀-၁၈၀၀-၂၅၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၄၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအားကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်းလျားသီး(၂၅)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ၁ ပိသာလျှင် (၂၈၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၃၀၀/၃၅၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

       မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေး သစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ရောင်းချနေသော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၂၀၀)ကျပ်၊ (၆)စည်းလျှင်(၁၀၀၀)ကျပ်ဖြစ်ပြီး ပူစီနံဈေးနှုန်းမှာ တစ်စည်းလျှင် (၂၅၀)ကျပ်မှ (၃၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

          မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင် ဒေသထွက် မျှစ်စိမ်းနှင့် မျှစ်ပြုတ်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင်(၂၃၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင်(၂၈၀၀)ကျပ်၊  တစ်ပိဿာလျှင် (၅၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဗမာနံနံပင်များဈေးကောင်းရလျက်ရှိ

    မန္တလေးမြို့တွင်းသို့ စစ်ကိုင်း၊ မုံရွာ၊ တောင်တွင်းကြီး မန္တလေးအနီးတဝိုက်ရှိ ဒေသတို့တွင် နံနံပင်များ ဝင်ရောက်လျက်ရှိသည်။ ဗမာနံနံပင်ကို မြန်မာလူမျိုးတို့သည် ငါးနှင့်ချဉ်ရည်ဟင်း၊ ဟင်းချိုဟင်းတို့ချက်ပြုတ်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် စားသုံးရန်သာမက မုန့်ဟင်းခါး၊ ကြာဇံဟင်းတို့တွင်လည်း ပဲသီး၊ နံနံပင်များထည့်၍ စားသုံးကြသည်။ ယခုနှစ်တွင် ဗမာနံနံပင်များ ဈေးတက်လကျ်ရှိပြီး ယခင်နှစ်က (၁)စည်းလျင်(၂၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင်(၁)စည်းလျင်(၄၀၀/၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး တစ်ပိဿာလျင်(၂၀၀၀၀/၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူကြပြီး အစည်းအသေးလေးများခွဲစည်းကြ၍ မန္တလေးမြို့နယ်အတွင်းရှိ ဈေးကလေးများသို့ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ရှမ်းနံနံဈေးကွက်

    မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသ၊ မိုးကုတ်၊ တောင်ကြီးတို့မှ ထွက်ရှိသည့် ရှမ်းနံနံများဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြသည်။ ရှမ်းနံနံကို ရှမ်းရိုးရာအစားအစာများတွင် ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် စားသုံးကြပြီး ဈေးကွက်အတွင်းတွင် ဗမာနံနံများဈေးကြီးသောကြောင့် အချို့ရှမ်းအစားအစာနှင့် မုန့်တီသုပ်ဟင်းချိုတို့တွင် ရှမ်းနံနံများ အစားထိုးအသုံးပြုမှုများလာပြီး အရောင်းအဝယ်သွက်လျက်ရှိကြသည်။ ယခင်နှစ်က ရှမ်းနံနံ(၁)စည်းလျင်(၁၂၀၀/၁၃၀၀)အထိရှိခဲ့ပြီး ယခုနှစ်တွင်မျူ(၁)စည်းလျင်(၁၈၀၀/၂၀၀၀)ကျပ်တို့ဖြင့် မန္တလေးမြို့နယ်အတွင်းရှိ အဈေးအလေးများတွင် ရောင်းဝယ်မှုများရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်များ  ရောင်းချလျက်ရှိကြောင်း သိရသည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀) ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် မြင်းခွာရွက် (၁)ပုံ လျှင် (၃၀၀)ကျပ် မှ (၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း