Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၏ သကြားပြောင်းဖူးဈေးနှုန်းအခြေအနေ

   သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာ အဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီ အလိုက် သီးထပ် စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်း သီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့်အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက်ကျွန်း ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ(တတိယပတ်)တွင် ပြောင်းဖူး အရွယ် အစား၊ အစေ့ အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြား ပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၃၀၀-၄၀၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၅၀၀-၄၀၀)၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ကျပ်(၆၀၀-၅၀၀)ဈေးဖြစ်ကြောင်း၊ အောက်တိုဘာလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူးဈေးငြိမ်နေ၍ အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ ယခုအချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ပျိုးမှုမရရှိသေး၍ အခြားမြို့နယ်များ ဖြစ်သည့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက် ပြောင်းဖူးများ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူး သည် လူ့ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှုမြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ်မျိုးစုံဆိုင်များမှ ဝယ်ယူမှုများကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဘိုစားပဲသီး၊ ပန်းငရုတ်ပွသီးနှင့် ခါကြက်ဥဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ဘိုစားပဲသီး၊ ခရမ်းချဉ်သီး ပြောင်း ဖူး၊ ခါကြက်ဥ၊ ပန်းငရုတ်ပွသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီး၊ ပန်းငရုတ်ပွသီးနှင့် ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချလျက်ရှိပါသည်။ ဘိုစားပဲသီး၊ ပန်းငရုတ်ပွသီးနှင့် ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ‌ရောင်းချနေသော ဘိုစားပဲသီး()ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ ပန်းငရုတ် ပွသီး()လုံးလျှင် (၁၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ)()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်)()ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူကြက်သွန်နီ နိုဝင်ဘာလ(တတိယပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ် လုပ်လျက် ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း လာရောက် ရောင်းချကြရာ ဥပုသ်နေမှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက် အနေဖြင့် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန် (၃၅၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ အရောင်းအဝယ် ဖြစ်နေသော  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စကျပ်(၇၀၀)၊ အလတ် ကျပ်(၅၀၀)၊ အနိမ့်စကျပ် (၄၀၀)ဖြစ်ပြီး (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျနေပြီး   အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေ့စဉ် တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ) တင်ပို့နေကြောင်း ကုန်သည် များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၅၀၀) မှ အနိမ့်ဈေး ကျပ်(၈၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရေစကြိုမြို့နယ်၌ ကုလားပဲသီးနှံ အများအပြားစိုက်ပျိုးလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မြစ်ရေကျချိန်တွင် ညောင်တော၊ ညောင်ဘိုပင်၊ ရှစ်အိမ်တန်း၊ ဇီးကျွန်း၊ ကူတုတ်၊ အောင်ချမ်းသာ ကျေးရွာများတွင် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းအား အဓိကထားပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ညောင်တော ကျေးရွာအုပ်စုတွင် ကုလားပဲသီးနှံကို ဧက (၃၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ ကုလားပဲ သီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ကြဲပတ်စနစ်နှင့် အတန်းလိုက်စနစ် စိုက်ပျိုးပြီး၊ အဓိကစိုက်ပျိုးသည့် ကုလားပဲသီးနှံမျိုးများမှာ ဟော်လန် (ကုလားပဲဝါ) V2 / V6 (ကုလားပဲဖြူ) နှင့် 929 (ကုလားပဲဝါကြီး) များကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ယခင်နှစ်က ဟော်လန် (ကုလားပဲဝါ)ကို () ဧက၊ 929 (ကုလားပဲဝါကြီး) () ဧကနှင့် V2 (ကုလားပဲဖြူ) () ဧက၊ စိုက်ပျိုးခဲ့ ကြောင်း၊ () ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြင်ခြင်း၊ သွင်းအားစုနှင့် ရိတ်သိမ်းခြင်း များအတွက် ကျပ်(၁၀) သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၂၀) တင်းခန့် ထွက်ရှိခဲ့ပြီး ဈေးနှုန်း အနေဖြင့် ကျပ်()သောင်းခန့်ရကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်() သိန်းခန့်ရရှိခဲ့ ကြောင်း သိရသည်။

ယခုနှစ်တွင် မိမိအနေဖြင့် ဟော်လန်(ကုလားပဲဝါ)ကို ()ဧကနှင့် V2 / V6 (ကုလားပဲဖြူ) () ဧက၊ စိုက်ပျိုးခဲ့ကြောင်း၊ ကုလားပဲ ()ဧက စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ မြေပြင်ခြင်း၊ သွင်းအားစုနှင့် ရိတ်သိမ်းခြင်းအတွက် (၁၂)သိန်းခန့်ကုန်ကျနိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် (၂၀/၂၅)တင်းခန့် ထွက်ရှိနိုင်ကြောင်း၊ လက်ရှိပေါက်ဈေးအနေဖြင့် ()တင်းလျှင် ဟော်လန်(ကုလားပဲဝါ) ကျပ်(၈၁၀၀၀ ) V6 (ကုလားပဲဖြူ) ကျပ်(၇၉၀၀၀)နှင့် 929 (ကုလားပဲဝါကြီး) ကျပ်(၈၀၀၀၀)ရှိကြောင်း၊ ယခုလက်ရှိ အချိန်တွင် () လသား သက်တမ်းခန့်ရှိပြီး ရာသီဥတုလည်းကောင်းမွန်သဖြင့် ကုလားပဲ ပင်များ ဝေဝေဆာဆာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်း တွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း ကုလားပဲစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့နယ်၌ ဝါသီးနှံများ လှိုင်လှိုင်ထွက်ရှိ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ပခုက္ကူ-ရေစကြို ကားလမ်း ဘေးဝဲယာရှိ မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်းကြီး၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်း ကျေးရွာများ မှာ ဇူလိုင်၊ ဩဂုတ်လများတွင် စိုက်ပျိုးခဲ့သည့်ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်သည့်အတွက် ဝါစိုက် တောင်သူသာမက ကျေးရွာနေပြည်သူများပါ ဝါစွတ် (ဝါကောက်) ရ၍ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိနေကြောင်း စည်သာကျေးရွာနေ ဝါစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့် စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါများကို ဩဂုတ်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ယခုနှစ်တွင် ()ဧက စိုက်ပျိုးထားရှိကြောင်း ()ဧက အနေဖြင့် မျိုးစေ့ ()ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုး၊ စိုက် စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်း တို့အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်() သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် () ဧကတွင် (၂၀၀ မှ၃၀၀) ပိဿာ ထွက်ရှိနိုင်ကြောင်း၊ လက်ရှိ () ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၃၈၀၀)ခန့် ပေါက်ဈေးရှိကြောင်း အကျိုးအမြတ်အနေဖြင့် ကျပ်() သိန်းခန့်ရရှိနိုင်ကြောင်း သိရှိရပါသည်။ 

      ဝါသီးနှံကို ယခုလက်ရှိ မိမိအနေဖြင့် ()ဧကတွင် ပထမအကြိမ် ဝါစွတ်(ဝါကောက်) ခဲ့ရာ (၁၂၀) ပိဿာခန့် ရရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် () ပိဿာလျှင် ကျပ်(၃၈၀၀)ဖြင့် ရောင်းချခဲ့ရသည့် အတွက် စိုက်ပျိုးကုန်ကျစရိတ် ထက်ဝက်ကျော် ပြန်လည်ရရှိခဲ့ပြိး ဒုတိယအကြိမ် ဝါဆွတ် (ဝါ ကောက်) ခဲ့လျှင် (၁၀၀) ပိဿာခန့် ရရှိနိုင်သည့်အတွက် အကျိုးအမြတ်ရရှိမည်ဖြစ်ပါသည်။ ယခုချိန် တွင် ဝါသီးနှံများ လှိုင်လှိုင်ခူးဆွတ်နေရကြောင်း၊ တစ်ရာသီလျှင် () ကြိမ်ခန့် ဝါခူးဆွတ်ကောက်ရကြောင်း၊ ဈေးကွက်အနေဖြင့် မိမိတို့ကျေးရွာတွင် လာရောက်ဝယ်ယူကြကြောင်း၊ ထိုမှ တစ်ဆင့် ပခုက္ကူမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ကြောင်း၊ ယခုနှစ်တွင် ရာသီဥတုဖေါက်ပြန်မှုများကြောင့် မိုးလိုအပ်ချိန်တွင် မိုးမရရှိပဲ မိုးမလိုအပ်သည့်အချိန်တွင် မိုးရရှိခဲ့သည့် အတွက် အထွက်နှုန်းလျော့ နည်းသော်လည်း ဝါဈေးနှုန်း မြင့်တက်လာသဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိနိုင်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ မြို့မဈေး၌ ရောင်းချနေသော ယာကွန်ဥ ဈေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ ယာကွန်ဥများကို ရှမ်းပြည်နယ်မှ တင်သွင်းကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော ယာကွန်ဥ ဈေးနှုန်းများမှာ ဥ၏အရည်အသွေးနှင့် အရွယ်အစားအပေါ် မူတည်၍ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀၀) အလတ်ဈေး ကျပ်(၈၀၀၀)နှင့် အနိမ့်ဈေး ကျပ်(၆၀၀၀)ဖြင့် ရောင်းချနေကြောင်း၊ () ရက်ပျှမ်းမျှ (၁၀) ပိဿာခန့် ရောင်းရကြောင်း ယာကွန်ဥ ရောင်းချသူထံမှ သိရှိရပါသည်။

        ယာကွန်ဥမှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊ အမျှင်ဓါတ်နဲ့ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး နဲ့ ဗီတာမင်စီလိုမျိုး ဗီတာမင် ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဖော့စဖရိတ်ဓါတ်တွေလိုမျိုး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အမိုင်နိုအက်ဆစ် အမျိုး ၂၀ ခန့်လည်းပါဝင် ကြောင်း၊ ကိုယ်အလေးချိန်ချချင်နေသူတွေအတွက်လည်း စားသုံးဖို့သင့်တော်တဲ့အစားအစာတစ်မျိုး ဖြစ်သောကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ မြို့မဈေးရှိ မယ်ဇလီဖူး ဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ မယ်ဇလီဖူးများကို မြို့ပေါ် ရပ်ကွက်၊ အိမ်၊ ခြံဝင်းအတွင်းနှင့် လမ်းဘေးဝဲယာများမှ ခူးဆွတ်ရောင်းချကြောင်း သိရှိရပါသည်။ မယ်ဇလီဖူးမှာ အာဟာရဓါတ်များစွာ ပါဝင်ပြီး ကျန်းမာရေးကို အကျိုးပြုကြောင်း၊ မဲဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆ ပါး ရောဂါကင်းပြီး၊ သက်ရှည်ကျန်းမာမယ်လို့ ယုံကြည်ကြကြောင်း သိရှိရ ပါသည်။

            ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော မယ်ဇလီဖူး ဈေးနှုန်းများမှာ နို့ဆီ () ဗူးလျှင် ကျပ်(၇၀၀)ရှိကြောင်း၊ ()ရက်တွင် ()ပြည်ခန့် ရောင်းချရ၍ ခူးဆွတ်ရောင်းချသူများ တွက်ချေကိုက်နေကြောင်း၊ တန်ဆောင်မုန်းလ၏ ရာသီစာဖြစ်ခြင်းနှင့် ဆေးဖက်ဝင်သောကြောင့် ရောင်းကောင်းကြောင်း မယ်ဇလီဖူး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၏ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ဘိလပ်မြေဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၉၅၀၀) အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၉၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆိုင်များတွင် လက်ကျန်အိတ်ရေ (၅၀၀၀)ကျော် ရှိပြီး နေ့စဉ် လုံလောက်စွာ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်တွင်  အသုံးများသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ  ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၁၀၄၀၀၀) တရုတ်တီစူပါ သံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀) မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀) ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀) အာမို ကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဈေးဖြင့် အာမိုမှ ထုတ်လုပ်သော ဓာတ်မြေ ဩဇာများမှာ ပို၍အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် ဈေးနှုန်း အနည်းငယ်ကျဆင်း သွားကြောင်း၊ တောင်သူများ လုံလောက်စွာ ဝယ်ယူရရှိကြောင်း သိရှိရပါသည်။

          ယခု နိုဝင်ဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို မက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၆၃၀၀၀) အာမိုမက်နီဖော့()လီတာတစ်ဘူးလျှင် ကျပ် (၁၁၄၀၀၀) မိုစတား()လီတာတစ်ဘူးလျှင်ကျပ်(၆၅၀၀၀)၊အာမိုအီမာ(၂၅၀)ccတစ်ဘူးလျှင် ကျပ် (၁၅၀၀၀) (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၃၂၀၀၀) ()လီတာ တစ်ဘူးလျှင် ကျပ်(၅၈၀၀၀) ဂျက် ကက်မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၅၀၀၀) ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၀၀၀၀) ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၃၄၀၀၀) ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၅၉၅၀၀)၊မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၄၄၀၀၀) (250)cc တစ်ဘူးလျှင် ကျပ်(၂၄၀၀၀) မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၆၀၀၀)(၅၀၀)cc တစ်ဘူးလျှင် ကျပ်(၆၀၀၀၀) ဈေးနှုန်းအသီးသီးဖြင့် ယခင် (ဒုတိယပတ်) ထက်  ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   ယခု အချိန်သည် တောင်သူများ စိုက်ပျိုးချိန်ဖြစ်၍ ပိုးသတ်ဆေးများထက်  ဓာတ်မြေဩဇာများမှာ ပို၍ အရောင်းအဝယ်ဖြစ်နေပြီး လုံလောက်စွာဝင်ရောက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှ လည်း ကောင်း၊  ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

          ပခုက္ကူမြို့တွင် အများစားသုံးသောဆန်အမျိုးအစားများမှာ မြောင်းမြဧရာပဒေသာ၊ မနောသုခ၊ ဖန်သီးသုခ၊ ဧည့်မထဆန်မျိုးစုံ၊ ရက်(၉၀)ဆန်များဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် မြောင်းမြဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၁၀၈၀၀၀ - ၁၀၉၀၀၀) မနောသုခ တစ်အိတ်လျှင် ကျပ်(၇၈၀၀၀) ရက်(၉၀)ဆန် တစ်အိတ်လျှင် ကျပ်(၇၃၀၀၀) ဇီယာ တစ်အိတ်လျှင် ကျပ်(၆၈၀၀၀) ဖန်သီးသုခ တစ်အိတ်လျှင် ကျပ်(၈၅၀၀၀) သီးထပ် တစ်အိတ်လျှင် ကျပ်(၇၀၀၀၀) ဧည့်မထမျိုးစုံ တစ်အိတ်လျှင် ကျပ်(၇၅၀၀၀ - ၈၀၀၀၀) စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာ (ရှယ်)တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) ဧရာမင်း ဆန်တစ်အိတ်လျှင် ကျပ်(၇၈၀၀၀) ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဈေးနှုန်းဖြင့် အသီးသီးအရောင်း အဝယ်ဖြစ်လျက်ရှိပြီး သိသာစွာ ဈေးနှုန်းတက်ခြင်း/ကျခြင်းမရှိဘဲ အနည်းငယ်သာ ဈေးနှုန်းပြောင်းလဲသည်ကို သိရသည်။

          ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်းမွန်ပြီး နောက်ဆုံးပတ်တွင် တစ်အိတ် လျှင် ကျပ်(၁၅၅၀၀၀) မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း ဆန်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

          ဆန်စီးဝင်မှုအနေဖြင့် နိုဝင်ဘာလ(ဒုတိယပတ်)ထိ ရေကြောင်းလမ်းမှ ဆန်မျိုးစုံ အိတ်ရေ (၁၈၀၀၀)ကျော်၊ စစ်ကိုင်း၊ ရွှေဘိုကုန်းကြောင်းလမ်းဘက်မှ အိတ်ရေ(၆၀၀၀)ကျော်၊ စလင်း၊ ဆင်ဖြူ ကျွန်းဘက်မှ အိတ်ရေ(‌၅၀၀)ခန့် ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်သာမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊မိုးစပါးစိုက်ပျိုးထားရှိမှု

          တောင်သာမြို့နယ်သည် ဆည်ရေသောက်အသင့်တင့်ရှိပြီး မိုးကောင်းသောက် ဧရိယာများတွင် မိုးစပါးများကိုလည်း ဒေသတွင်းဝမ်းစာဖူလုံစေရန် စိုက်ပျိုးထားကြောင်း သိရှိရသည်။ မိုးစပါးများကို ဇူလိုင်လ၊ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စတင်ရိတ်သိမ်းကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် တောင်သာမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးဧက (၃၈၇၃) စိုက်ပျိုးထားကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စီမံကိန်းလျာထားချက်နှင့် အညီရာနှုန်း ပြည့်မီအောင် စိုက်ပျိုးထားကြောင်း၊ သက်လတ်စပါးမျိုးဖြစ်သော မနောသုခ စပါးမျိုးများကို လှည်းကူးမကျေးရွာ၊ ဘုရားလှရွာ၊ ဖက်တောရွာ၊ ညောင်ဒိုရွာနှင့် ကြာပို့ကန်တော်ရွာစသည်တို့တွင် စိုက်ပျိုးထားကြောင်း၊ မိုးစပါးများကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလတွင်  စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ယခင်နှစ်မိုးစပါး အထွက်နှုန်းအနေဖြင့် (၈၃)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊  ယခင်နှစ်မနောသုခစပါး ထွက်ပေါ်ချိန်၌ တစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ဒေသအတွင်း၌သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် ရာသီဥတုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း