Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့ခရမ်းချဉ်သီး ၊ ဂေါ်ဖီ နှင့် ငရုပ်သီးစိမ်း ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိ

      တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် ယခင်လက ခရမ်းချဉ်သီးများဈေးနှုန်း အနည်းငယ် မြှင့်တက်လျက်ရှိပြီး ခရမ်းချဉ်သီး အသေး (၁) ပိဿာ ၃၀၀၀ ကျပ် အလတ် (၁) ပိဿာ ၄၀၀၀ ကျပ် အကြီး (၁) ပိဿာ ၅၀၀၀ ကျပ်ထိ ဈေးနှုန်းမြှင့်တက်ခဲ့ပြီး ယခုအပါတ်တွင် ခရမ်းချဉ်သီး အသေး (၁) ပိဿာ ၂၅၀၀ ကျပ်၊  (၂) ပိဿာဝယ်လျှင် ၄၅၀၀ ကျပ် ၊ အလတ် (၁) ပိသာ ၃၀၀၀ ကျပ်၊ (၂) ပိဿာ ဝယ်ယူပါက ၅၅၀၀ ကျပ် ၊ အကြီး (၁) ပိဿာ ၄၀၀၀ ကျပ်၊ (၂) ပိဿာ ၇၅၀၀ ကျပ်ထိ အနည်းငယ်ကျဆင်းလာပြီး (၅) ပိဿာနှင့် အထက် ဝယ်ယူပါကဈေးနှုန်းအပြောင်းအလဲရှိပါသည်။

      ဂေါ်ဖီမှာ ယခင်လက (၁) ပိဿာ ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ် ထိရှိသော်လည်း ယခုအပါတ်တွင် (၁) ပိဿာ ၁၂၀၀ ကျပ် မှ ၁၅၀၀ ကျပ် ထိဈေးနှုန်းကျဆင်းလာပြီး ငရုပ်သီးစိမ်းဈေးနှုန်းအနေဖြင့် ယခင်လနှင့် ယခုအပါတ် ဈေးနှုန်းအတူတူ ရှိပြီး ကျောက်စိမ်း (၁) ပိဿာ ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ် ၊ မိုးထောင် (၁) ပိဿာ ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ထိရှိပြီး ကုလားအော်သီး (၁) ပိဿာ ၁၆၀၀၀ ကျပ် မှ ၁၈၀၀၀ ကျပ် ထိဈေးနှုန်းရှိပြီး အခြေခံစားကုန် ကုန်စိမ်းများဖြစ်သည့်အတွက် အရောင်းအဝယ်သွက်ကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ဈေးများမှ ငါးဈေးနှုန်းများ

      တောင်ငူမြို့ဈေးများတွင် အသားနှင့် ငါးမျိုးစုံ ရောင်းချလျက်ရှိရာ ယခုအခါ မိုးရာသီ ဖြစ်သည့်အတွက် ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊ ငါးဇင်ရိုင်း၊ ငါးဖယ်အောင်း စသည့်ငါးမျိုးစုံများ ပေါများစွာ တွေ့ရသည်။ ထိုငါးလေးများကို တောင်ငူမြို့အနီးတဝိုက်ရှိ ကျေးရွာများမှ တောင်ငူမြို့ ဈေးများသို့ လာရောက် ရောင်းချကြပါသည်။

      ငါးများကို ကြော်စားခြင်း၊ ချက်စားခြင်း၊ ကင်စားခြင်း၊ ပြုတ်စားခြင်းဖြင့် အမျိုးမျိုး စားသုံးကြသည်။ ထို့ပြင် ဆားများများဖြင့် နယ်ပြီး၂ ရက်မှ ၃ရက်အထိ သိပ့်၍လည်း ငါးဆားနယ်(ခေါ်) ငါးပိကောင်အဖြစ်လည်း စားသုံးကြသေးသည်။

      ငါးဈေးနှုန်းများအနေဖြင့် ငါးရံ့၊ငါးခူ၊ ငါးဖယ်အောင်း အကောင်ကြီး ၁၀ ကျပ်သားလျှင် ၂၅၀၀ ကျပ်၊အကောင်သေး ၁၀ ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ ငါးပြေမ အကောင်ကြီး ၁၀ ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ အကောင်သေး ၁၀ ကျပ်သားလျှင် ၁၃၀၀ ကျပ်၊ ငါးဇင်ရိုင်း အကောင်ကြီး ၁၀ ကျပ်သားလျှင် ၁၂၀၀ကျပ်၊အကောင်သေး (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် အသီးသီး ရောင်းချကြပြီး ပိဿာလိုက် ဝယ်ယူပါက ဈေးနှုန်းအနည်းငယ်လျော့ကြောင်း ငါးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ပက်တန်းကျေးရွာမှ ထန်းလျက်လုပ်ငန်း

    တောင်ငူမြို့နယ်တွင် ထန်းပင်ထန်းတောများ ပေါများစွာရှိရာ မိရိုးဖလာ ထန်းလျက်လုပ်ငန်း ကိုလည်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသူတွေ ရှိပါသည်။ တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအုပ်စု၊ ပက်တန်းကျေးရွာရှိ တစ်နိုင်တစ်ပိုင် ထန်းလျက်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိပါသည်။ ထန်းလျက်ကို ထန်းရည်အချိုဖြင့် ချက်ရကြောင်း သိရပါသည်။

   ထန်းပင်ပေါ်မှ ချချချင်း ထန်းရည်အိုး (၇)အိုးမှ(၈)အိုးခန့် ထန်းရည်အချိုများကို သန့်စင်၍ မိုးပြဲဒယ် တစ်လုံးတွင်ထည့်ပြီး မီးပြင်းပြင်းနှင့် ပွက်လာသည်အထိ ကျိုပေးပြီး သာမအောင် မွှေပေး ရပါသည်။ တစ်ပြိုင်တည်းတွင် မိုးပြဲဒယ် သုံး၊ လေးလုံးခန့် ကျိုချက်ပါသည်။ အရည်ပျစ်လာ၍ ထန်းလျက်သားကျသည့်အခါ မီးဖိုပေါ်မှချပြီး ယောင်းမကြီးနှင့်ကော်၍ ဝါးဖြင့် သုံးမြှောင့်ပုံ အတုံး ချွန်ချွန်ပုံစံ ခုတ်ပေးရပါသည်။

    တောင်ငူထန်းလျက်၏ ထူးခြားချက်မှာ အခြားဒေသ ထန်းလျက်များကဲ့သို့ အလုံးမဟုတ်ဘဲ သုံးမြှောင့်ပုံ အတုံးချွန်ချွန်လေးများ ဖြစ်ပါသည်။ တစ်ဒယ်လျှင် ထန်းလျက် ၁ပိဿာခွဲခန့်ရကြောင်း သိရပါသည်။ ယခုအခါတွင် ထန်းလျက် ၁ပိဿာ ကို ၁၀၀၀၀ ကျပ် ရောင်းချရပါသည်။ ထန်းရည် ကျိုစဉ်တွင် အုန်းသီးရောကျို၍ အုန်းထန်းလျက်အဖြစ်လည်းကောင်း၊ ဇီးသီးမှုန့်ရောကျို၍ ဇီးထန်းလျက် အဖြစ်လည်းကောင်း ထုတ်လုပ်ကြပါသည်။ အုန်းထန်းလျက်နှင့် ဇီးထန်းလျက်များကို ၁ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ပက်တန်းကျေးရွာမှ ထန်းလျက်ပြုလုပ်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်မှ “ ဂြိုလ်တု ” ကွာစိ

   ဒိုက်ဦးမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင်အတွင်းတွင် တည်ရှိ ပြီး မြေဧရိယာအားဖြင့် ကျယ်ဝန်းသော မြို့နယ်တစ်ခု ဖြစ်ပါသည်။ ဒိုက်ဦးမြို့နယ်သည် အရှေ့ဘက် တွင် ညောင်လေးပင်မြို့နယ်၊ တောင်ဘက်တွင် ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်၊ အနောက်ဘက်တွင် ပဲခူး ရိုးမ၊ မြောက်ဘက်တွင် ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိပါသည်။ ဒိုက်ဦးမြို့နယ်၏ မြေမျက်နှာသွင်ပြင်မှာ အနောက်ဘက်ခြမ်းတွင် ပဲခူးရိုးမရှိပြီး အနောက်ဘက်မှ အရှေ့ဘက်သို့ တဖြေးဖြေးနိမ့်ဆင်းသွားသည့် မြေနိမ့်လွင်ပြင် ဖြစ်ပါသည်။

          စီးပွားရေးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြပြီး လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ကာ အေးချမ်းသာယာသော မြို့နယ်တစ်ခုဖြစ်ပါသည်။ အခြားစီးပွားရေးလုပ်ငန်းများ ကိုလည်း လုပ်ကိုင်ကြပြီး အစိုးရရုံးများ၊ ဌာနဆိုင်ရာရုံးများလည်း တည်ရှိပါသည်။ ဒိုက်ဦးမြို့နယ်တွင် စပါးကို အဓိကထားစိုက်ပျိုးကြသောကြောင့် ဆန်စက်ကြီးများကို လက်ညိုးထိုးမလွဲ တွေ့ရှိနိုင်ပြီး ဆီစက်ကြီးများလည်း တည်ရှိပါသည်။ ဒိုက်ဦးမြို့နယ်အတွင်းတွင် နိုင်ငံတော်အစိုးရမှ ဦးဆောင် လုပ်ကိုင်နေသော ဆင်းရဲမှုပပျောက်ရေးစီမံကိန်းများ၊ စပါးစမ်းသပ်စိုက်ခင်းများ၊ သုတေသန စိုက်ခြံများ၊ တောင်ကိုရီးယားကဲ့သို့သော နိုင်ငံခြားအစိုးရများနှင့် ပူးပေါင်းလုပ်ကိုင်နေသော စီမံကိန်း များ စသည်တို့တည်ရှိနေပါသည်။ ပဲခူးမြို့တော်နှင့် နီးကပ်နေသော မြို့နယ်တစ်ခုဖြစ်ပြီး ရန်ကုန် - မန္တလေးကားလမ်းမကြီးဘေးတွင် တည်ရှိနေသောကြောင့် စီးပွားရေးတိုးတက်ကောင်းမွန်သော မြို့တစ်ခုလည်းဖြစ်ပါသည်။ ပဲခူးမြို့တော်နှင့် နီးကပ်နေခြင်း၊ ရန်ကုန် - မန္တလေးကားလမ်းမကြီးဘေး တွင် တည်ရှိနေခြင်းတို့ကြောင့် MSMEs စီးပွားရေးလုပ်ငန်းများသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာနေသော မြို့နယ်တစ်ခုဖြစ်ပါသည်။

          ဒိုက်ဦးမြို့နယ်တွင် MSMEs စီးပွားရေးလုပ်ငန်းများစွာ ရှိသည့်အနက်မှ MSMEs လုပ်ငန်း တစ်ခုဖြစ်သည့် နိုင်ငံကျော် “ ဂြိုလ်တု ” ကွာစိအကြောင်းကို တင်ပြပါမည်။  “ ဂြိုလ်တု ” ကွာစိသည် ဒိုက်ဦးမြို့နယ်အတွင်းမှ ဖြန့်ချိသော ထုတ်ကုန်တစ်မျိုးဖြစ်ပြီး လူကြိုက်များလှပါသည်။ “ ဂြိုလ်တု ” ကွာစိတွင် ကုန်ကြမ်းအဖြစ် ဖရဲသီးစေ့ကို အဓိကထားအသုံးပြုပြီး အဆိုပါကုန်ကြမ်းကို ဘုရားကြီး မြို့၊ ဖအောင်ဝဲမြို့၊ ပြွန်တန်ဆာမြို့တို့မှ ဝယ်ယူကြောင်း သိရှိရပါသည်။ ဖရဲသီးစေ့တစ်တင်းကို ၁၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး နေရာဒေသအလိုက် သယ်ယူခဈေးနှုန်းများ ကွာခြားကြောင်း သိရှိရ ပါသည်။ ပါဝင်ပစ္စည်းများအနေဖြင့် ဖရဲသီးစေ့၊ မဆလာ၊ ဆား၊ ဆီတို့ကို အသုံးပြုပြီး လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်ကြောင်း သိရှိရသည်။

          ထုတ်လုပ်ပုံအနေဖြင့် ပထမဦးစွာ ဖရဲသီးစေ့များကို တစ်ညသိပ် ရေစိမ်ထားရပါသည်။ ပြီး နောက် ဖရဲသီးစေ့များကို သုံးနာရီခန့်ပြုတ်ထားရပါသည်။ ထို့နောက် ရေပြုတ်ထားပြီးသော ဖရဲသီး စေ့များကို (၃) ရက်ခန့် နေလှန်းအခြောက်ခံထားရပါသည်။ ထို့နောက် ဖရဲသီးစေ့များကို အစေ့ အောင်/ မအောင် ရွေးချယ်ရပါသည်။ ထို့မှတစ်ဖန် ဖရဲသီးစေ့များကို လှော်ရပြီး ရောင်းတန်းဝင်သည့် အစေ့များကို ရွေးထုတ်ရပါသည်။ ထို့နောက် လှပသော ပါကင်အဖုံးများဖြင့် သပ်ရပ်စွာ ထုတ်ပိုးပြင် ဆင်ရပြီး ဈေးကွက်ထဲသို့ပို့ဆောင်ရကြောင်း သိရှိရပါသည်။ ရောင်းဈေးအနေဖြင့် အထုပ်အရွယ် အစားအလိုက် ၁၀၀၀ကျပ်/ ၂၀၀၀ကျပ်/ ၅၀၀၀၀ ကျပ်/ ၁၀၀၀၀ ကျပ်/ ၂၀၀၀၀ ကျပ်ဟူ၍ ဈေးနှုန်း အမျိုးမျိုးကွဲပြားပြီး ဈေးကွက်အနေဖြင့် ဒိုက်ဦးမြို့နယ်၊ ပြွန်တန်ဆာမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးနှင့် မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိရောင်းချကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ  (ဒုတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၄၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၂၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ၄၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၂၅၀၀၀ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀ ၊ ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၃,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

   အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀    ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

 

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၈၅၀,၀၀၀၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၇၀၀၀၀၀၊ ဧရာမင်းဆန် (သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၄၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၅၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၃၀၀၀၊ ရွှေဝါထွန်း (စပါး)(ဟ)တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်)(ဟ) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၀၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ် ) တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများ အပါအဝင် ကုန်သွယ်ရောင်းဝယ်သို လှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခုဩဂုတ်လပထမပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ ရွှေဘိုပေါ်ဆန်း(စပါး)ဈေးနှုန်းမှာ ဈေးနှုန်းဈေးကွက်အတွင်း အရောင်းအဝယ်နည်းပါး၍  ဇူလိုင်လ စတ္ထုထအပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

     ဇူလိုင်လ (စတ္ထုထ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ 53023၊ မန္တလေးသို့ အိတ်ရေ ၄၃၁၅၁၊ နေပြည်တော်သို့ အိတ်ရေ ၈၈၀၊ပဲခူးသို့ အိတ်ရေ ၄၈၃၅၊ ပြည်သို့ အိတ်ရေ ၈၀၀၊ တောင်ငူသို့ ၁၃၂၅ အိတ်ရေ ၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၅၇၀၊ မိတ္ထီလာသို့အိတ်ရေ  ၁၉၀၈၊  ဘားအံသို့ အိတ်ရေ ၇၄၀၊ ရှမ်း(တ) သို့ အိတ်‌ရေ ၁၅၄၆၃၊ ကချင်သို့ အိတ်‌ရေ ၂၁၅၀၊ မွန်သို့ အိတ်ရေ ၄၄၈၅၊မူဆယ်သို့ အိတ်ရေ ၃၆၀၊ ဧရာဝတီသို့ အိတ်ရေ ၅၆၀၊ မကွေးသို့ အိတ်ရေ ၁၃၃၅၊ စုစုပေါင်း အိတ်ရေ ( ၁၂၉၈၅၅) အိတ်၊ တန်အားဖြင့် (၆၄၉၃) စီးထွက်ခဲ့ပြီး၊ ဩဂုတ်လ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၅3684၊ မန္တလေးသို့ အိတ်ရေ ၄၅၂၃၄၊ နေပြည်တော်သို့ အိတ်ရေ ၁၈၄၈၊ပဲခူးသို့ အိတ်ရေ ၃၇၂၅၊ ပြည်သို့ အိတ်ရေ ၂၂၀၊ တောင်ငူသို့ အိတ်ရေ ၃၇၀၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၅၆၀၊ မိတ္ထီလာသို့အိတ်ရေ  ၁၁၀၀၊  ဘားအံသို့ အိတ်ရေ ၃၇၄၅၊ ရှမ်း(တ) သို့ အိတ်‌ရေ ၁၆၅၀၇၊ မြိတ်သို့ အိတ်ရေ ၁၀၀၊ကချင်သို့ အိတ်‌ရေ ၁၃၅၀၊ မွန်သို့ အိတ်ရေ ၈၁၆၀၊မူဆယ်သို့ အိတ်ရေ ၆၀၅၊ ဧရာဝတီသို့ အိတ်ရေ ၁၂၅ မကွေးသို့ အိတ်ရေ ၁၂၈၀၊ကရင်သို့ အိတ်ရေ ၁၅၀၊ စုစုပေါင်းအိတ်ရေ ( ၈၉၀၈) အိတ်၊ တန်အားဖြင့် (၆၉၃၈) စီးထွက် ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၉၅၇၃) အိတ်၊ တန်အားဖြင့် (၄၄၅)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။ 

DOCA (စစ်ကိုင်း)

ရွှေဘိုပေါ်ဆန်း ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

     ရွှေဘိုခရိုင်အတွင်း ဩဂုတ်လ ပထမပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ အနည်းငယ် မြင့်တက် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဩဂုတ်လ ပထမပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (48247)အိတ်၊ မန္တလေးသို့ (9789) အိတ်၊ကျောက်ပန်းတောင်းမြို့သို့ (370)အိတ်၊ မိတ္ထီလာမြို့သို့ (280)အိတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းသို့ (7095)အိတ်၊မူဆယ်သို့(375)အိတ်၊ နေပြည်တော်သို့ (953)အိတ်၊ပဲခူးသို့ (2955)အိတ်၊ ပြည်မြို့သို့ (100)အိတ်၊ တောင်ငူသို့ (370)အိတ်၊ ကရင်ပြည်နယ် ဘားအံသို့(3895)အိတ်၊ တနင်္သာရီတိုင်း မြိတ်မြို့သို့(100)အိတ်၊ ကချင် ပြည်နယ်သို့ (1350)အိတ်၊ မွန်ပြည်နယ်သို့ (8090)အိတ်၊ ဧရာဝတီတိုင်းသို့ (125)အိတ်၊ မကွေးတိုင်းသို့ (1020)အိတ်၊ စုစုပေါင်းအိတ်ရေ(85114)၊တန်အားဖြင့် (4256)တန် စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် ဖြစ်ပေါ်နေသော အသားငါးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ် နေသော အသားနှင့် ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၇၀၀၀/-)ကျပ်၊ ကြက် (ဗမာ) တစ်ပိဿာ (၃၀၀၀၀/-)ကျပ်၊ ဝက်သား တစ်ပိဿာ (၃၄၀၀၀/-)ကျပ်၊ အမဲသား တစ် ပိဿာ (၄၀၀၀၀/-)ကျပ်၊ ငါးကြင်း (ဖြူ) အကောင်လိုက်ဈေး တစ်ပိဿာ (၁၅၀၀၀/-)ကျပ်၊ ငါးကြင်း (နီ) အကောင်လိုက်ဈေး တစ်ပိဿာ (၁၃၀၀၀/-)ကျပ်၊ ငါးခူ အကောင်လိုက်ဈေး တစ်ပိဿာ (၁၄၀၀၀/-)ကျပ်၊ ငါးတန် တစ်ပိဿာ (၁၀၀၀၀/-) ကျပ်၊ တီလားဗီယား တစ်ပိဿာ (၁၈၀၀၀/-)ကျပ်၊ ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

       ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြက်သား(CP)တစ်ပိဿာ (၁၀၀၀/-) ကျပ် ဈေးနှုန်းတက်ပြီး၊ ငါးကြင်း(ဖြူ) အကောင်လိုက်ဈေး တစ်ပိဿာ (၅၀၀၀/-)ကျပ်၊ ငါးတန်တစ်ပိဿာ အကောင်လိုက်ဈေး (၁၀၀၀/-)ကျပ်၊ စီဖြင့် ဈေးနှုန်းကျသွားပြီး ကျန်အသား၊ ငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း ပြည်ထောင်စုဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ် သော “ရွှေသရဖူ၊ သိန်းဇဗ္ဗူအောင်၊ စိန်ဇဗ္ဗူအောင် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေ အမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ Crow ဘိလပ်မြေများ ရောင်းချလျက်ရှိပါသည်။ ဘိလပ်မြေဈေးနှုန်းဈေးကွက်အနေဖြင့် ဘိလပ်မြေကို မန္တလေးတိုင်းဒေသကြီးမှ  ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၂၂၀၀၀) ကျပ် ၊ Crow တစ်အိတ်လျှင် (၂၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၂၀၀၀/-) ကျပ်နှင့် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၃၀၀၀/-) ကျပ် ဈေးနှုန်းကျသွားကြောင်း မုံရွာမြို့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ပဲ၊နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံ အမျိုး အစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

  ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဩဂုတ်လ ပထမပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ် ပေါက်ဈေးဖြင့်  (၁၃၅၀)တင်း ၊တန်အားဖြင့် (၄၄)တန် ၊ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၃၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၂၂၅၀)တင်း၊တန်အားဖြင့် (၇၃)တန်၊ နှမ်းနက် တစ်တင်းလျှင်(၂၅၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၄၅၀)တင်း တန်အားဖြင့် (၁၁)တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပဲ၊နှမ်းဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း