Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဈေးနှုန်းများ

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ပုဇွန်တောင်ဈေးအတွင်းရောင်းချနေသော ဆန်ကြမ်း/ချောအမျိုးအစားအလိုက် ဈေးနှုန်းများမှာ (ထိပ်စ/လတ်စ/နိမ့်) များတွင်  ဧည်မထ ၁အိတ်လျှင် (၉၀၀၀၀ - ၈၇၅၀၀ - ၈၂၅၀၀) ကျပ်၊ မနောသုခ ၁အိတ်လျှင် (၉၉၀၀၀ - ၉၄၅၀၀ - ၉၀၀၀၀ကျပ်) ထိလည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၇၈၅၀၀ – ၁၇၁၀၀၀ - ၁၆၆၅၀၀) ကျပ်ထိ၊  ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၄၂၅၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင် ၁၃၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၃၃၀၀၀ကျပ်တို့ဖြင့် ဆန်ဟောင်းဈေးနှုန်းအတိုင်း အရောင်းအဝယ်ရှိနေကြောင်း၊ ဆန်သစ်များဖြစ်သော ဆန်ကြမ်း/ချောအမျိုးအစားအလိုက် (လတ်စ) ဈေးနှုန်းများမှာ  ဧည်မထ ၁အိတ်လျှင် ၇၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊ မနောသုခ ၁အိတ်လျှင် ၉၀၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ပေါ်ဆန်းမွှေး (ပုသိမ်) ၁အိတ်လျှင်  ၁၃၃၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင် ၁၂၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၁၈၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး(ထိပ်စ) ၁အိတ်လျှင်  ၁၅၄၅၀၀ကျပ် ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မနောသုခ (ဆန်သစ်) တစ်မျိုးသာလျှင် ၂၅၀၀ ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဆန်ဟောင်းဈေးနှုန်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်အများဆုံးဝင်ရောက်လျက်ရှိကြောင်း ဆန်လက်လီ / လက်ကားရောင်းချနေသော ဆန်ဆိုင်ရှင်များမှသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကြက်ဘဲဈေးရှိ ဈေးနှုန်းများ

    မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်လျက်ရှိရာ ကြက်/ဘဲဈေးတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင်  (၁၆၀၀၀/၁၇၀၀၀) ကျပ်နှင့် ကုန်အဝင်ပိဿာ (၂၉၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ၅၂၀၀ကျပ်နှင့် ကုန်အဝင်ပိဿာ (၅၆၀၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် (၅၀၀၀/၈၅၀၀) ကျပ်နှင့် ကုန်အဝင်ပိဿာ (၂၇၀၀၀) ၊ ဘဲအရှင် ၁ပိဿာလျှင် (၉၅၀၀/၁၀၀၀၀)ကျပ်နှင့် ကုန်အဝင်ပိဿာ (၂၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် (၅၅၀၀/၆၀၀၀) ကျပ်နှင့် ကုန်အဝင်ပိဿာ (၇၀၀) တို့ဖြင့် စုစုပေါင်းကုန်အဝင်ပိဿာချိန် (၈၆၈၀၀) ရှိကြောင်းသိရှိရပါသည်။င့် စုစုပေါင်းကုန်အဝင်ပိဿာချိန် (၈၆၈၀၀)ရှိ ကြောင်း သိရှိရပါသည်။  

     အဆိုပါဈေးနှုန်းများကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် ကျန်ကြက်/ဘဲဈေးနှုန်းများမှာ တူညီနေသော်လည်း အသားတိုးကြက်  ၁ပိဿာလျှင် (၅၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်း

     မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဒေါ်စိုးရည်ဝင်း၏ ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်လေ့လာခဲ့ရာတွင် CP အမျိုးအစား ဥစားကြက်များကိုမွေးမြူထားရှိပြီး ဥစားကြက်အသေးကောင်ရေ (၂၀၀၀၀)၊ အလတ်ဆိုဒ်ကြက်ကောင်ရေ (၂၀၀၀၀)၊ ကြက်ဥရသည့်ကြက်ကောင်ရေ (၂၅၀၀၀)၊ စုစုပေါင်းအကောင်ရေ (၆၅၀၀၀) မွေးမြူထားရှိကြောင်းသိရှိရပါသည်။ ကြက်အရွယ်အစားအလိုက် CP ကြက်စာများဝယ်ယူကျွေးမွေးရပြီး ကြက်ကလေးစာတစ်အိတ်လျှင် (၇၀၀၀၀) ကျပ်၊ ကြက်လတ်စာတစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ ကြက်ကြီးစာတစ်အိတ်လျှင် (၉၀၀၀၀) ကျပ်ဖြင့်ဝယ်ယူကျွေးမွေးရပြီး အထွက်ရရှိသည့်ကြက်ဥများကို ပိဿာချိန်ဖြင့်ရောင်းချရပါသည်။ ဇန်နဝါရီလ စတုတ္ထပတ်တွင် ပေါက်ဈေးအရ ကြက်ဥ(၁)ပိဿာလျှင် (၅၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဝက်မွေးမြူရေးလုပ်ငန်း

    တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မီးသွေးကုန်းကျေးရွာတွင် အသားစားဝက်မွေးမြူရေး  လုပ်ငန်းကိုလည်း လုပ်ကိုင်ဆောင်ရွက်နေပြီး အသားစားဝက်မွေးမြူရာတွင် (၁)လခွဲသားပေါက် တစ်ကောင်ကို (၁၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူမွေးမြူခဲ့ပြီး ဝက်ကောင်ရေ (၁၀၀၀)ခန့် မွေးမြူထားရှိပါသည်။ ဝက်စာများကို မြန်မာစီပီကုမ္ပဏီမှ CP ဝက်စာများကို ဝယ်ယူကျွေးမွေးပါသည်။ CP ဝက်စာ ဝယ်ကျွေးရာတွင်လည်း ဝက်အသေး၊ ဝက်အလက်၊ ဝက်အကြီးအရွယ်စားအလိုက် ဝယ်ယူကျွေးမွေးရပါသည်။ ဝက်အသေးအစာ (၁)အိတ်ကို (30 kg)ပါ  (၆၁၀၀၀)ကျပ်၊ ဝက် အလတ်အစာ (၁)အိတ်  (30 kg)ပါကို  (၅၁၀၀၀)ကျပ်၊ ဝက်အကြီးအစာ (၁)အိတ်ကို (30 kg)ပါ  (၄၇၀၀၀)ကျပ်ဖြင့် CP ဝက် အရွယ်အစားအလိုက် ဝယ်ယူကျွေးမွေးရပါသည်။ CP ဝက်များ မွေးမြူရာတွင် ကျယ်ဝန်း၍ လေကောင်းလေသန့်ရသော နေရာတွင် မွေးမြူရပါသည်။ ကျန်းမာရေးကောင်းမွန်ရန် သန့်ရှင်းရေး ကိုလည်း အထူးကြပ်မတ်လုပ်ဆောင်ရပါသည်။ CP ဝက်များကို (၄)လသားတွင် အချိန်(၆၅)ပိဿာ (၇၀)ပိဿာတွင် ရောင်းချရပါသည်။ တိုက်ကြီး မြို့နယ်နေပြည်သူများ အဆင်ပြေစားသုံးနိုင်ရန် တစ်ပိဿာလျှင် (၇၆၀၀)ဈေးဖြင့် လက်ကား ရောင်းချလျက်ရှိပြီး ဈေးကွက်အရ တိုက်ကြီးမြို့နယ်အပြင် အင်းစိန်မြို့နယ်ရှိ ရွာမအနောက်ရပ်ကွက်၊ ဝက်ဒိုင်နှင့် ရွာသာကြီးသို့လည်း တစ်ဆင့်ပြန်လည် ရောင်းချလျက်ရှိပါသည်။

DOCA(ရန်ကုန်)

 

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

  ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁၆.၁.၂၀၂၄) မှ (၂၂.၁.၂၀၂၄) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းမှ ပေါ်ဆန်းမွှေး (၆၄၈၅၀) အိတ်၊ ပေါ်ကျွဲ (၈၃၇၀) အိတ်၊ ဧည့်မထ (၁၄၂၄၃၀) အိတ်၊ ဆန်ကွဲ (၂၈၈၂၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး(အရှေ့)မှ ဧည့်မထ (၁၀၀၀၇) အိတ်နှင့် ပဲခူး(အနောက်)မှ ဧည့်မထ (၃၂၄၀၇) အိတ်၊ ငစိန် (၁၉၄၀) အိတ်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်း ပြင်ပမြို့နယ်များမှ ဧည့်မထ (၂၆၇၂၀) အိတ်ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန် အခြေအနေအား နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ ဇန်နဝါရီလ (၁၆) ရက်မှ ဇန်နဝါရီလ (၂၂) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သားဒေသတို့မှ ကြက်သွန်နီ (၁၄၁၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀)ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၅၆၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၆၀၀ ၊ အကြီးမှာ ကျပ် ၂၁၀၀၊ ရှယ်မှာ ကျပ် ၂၁၀၀၊ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၅၀၀ ၊ အကြီးမှာ ကျပ် ၃၀၀၀၊ ရှယ်မှာ ကျပ် ၂၈၀၀၊  ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၂၀၀၀၊ ရှယ်မှာ ကျပ် ၂၁၀၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘီလင်းကျွန်းဒေသထွက် ကိုင်းခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်

   မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)သည် သံလွင်မြစ်ကမ်းနံဘေးတွင် တည်ရှိပြီး ရေခံမြေခံအားဖြင့် စိုက်ပျိုးရေးထွန်းကားသော မြို့တစ်မြို့ဖြစ်သည်။ ဒေသခံများမှာ အများအားဖြင့် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်းလျက်ရှိသည်။

     ယခုအချိန်တွင် ချောင်းဆုံမြို့နယ်၌ ခရမ်းချဉ်သီးလှိုင်လှိုင်ထွက်ပေါ်နေပြီး ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် လက်ကားရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ခရမ်းချဉ်သီး အပင်ပေါက်များကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးကာ ပြာသိုလတွင် ခရမ်းချဉ်သီးများလှိုင်လှိုင်ထွက်ပေါ်သည်။ ခရမ်းချဉ်သီးပင်တစ်ဧကကုန်ကျစရိတ်မှာ (၅) သိန်းကျပ်ရှိပြီး တစ်ဧကလျှင် (၂၀၀) ပိဿာခန့်ထွက်ရှိရာ အကျိုးအမြတ်အနေဖြင့် (၁) သိန်းကျပ်ရရှိသဖြင့် ခရမ်းချဉ်သီးစိုက်ပျိုးသူတောင်သူများအနေဖြင့် တွက်ချေကိုက်လျက်ရှိကြောင်းတွေ့ရှိရသည်။ ဈေးနှုန်းမှာ လက်လီ (၃၅၀၀) ကျပ်၊ လက်ကား (၃၀၀၀) ကျပ်ဖြင့် မော်လမြိုင်မြို့များသို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။

DOCA(မွန်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅.၁.၂၀၂၄ )

      ၂၅.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၅.၁.၂၀၂၄ )

   ၂၅.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၅.၁.၂၀၂၄ )

  ၂၅.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း