Main menu

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ပေါ်ဦးပေါ်ဖျား နွေပဲသီးနှင့် ရုံးပတေသီးဈေးနှုန်း

Powered by Drupal

          ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် ပေါ်ဦးပေါ်ဖျား နွေပဲသီးများကို ရောင်းချလျက်ရှိပါသည်။ နွေပဲသီးမှာ ဆောင်းရာသီအချိန်မှသာ စားရသည့် အစားအစာဖြစ်သည့်အတွက် ပဲပင်များကို စင်ထိုး၍လည်းကောင်း၊ အပင်များတွင်နွယ်၍လည်းကောင်း စိုက်ပျိုးကြပါသည်။ နွေပဲသီးကို အသား/ ငါးဖြင့်သော်လည်းကောင်း၊ သက်သက်လွတ်ဟင်းအဖြစ်သော်လည်းကောင်း ချက်စားကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္တပတ်)တွင် ဖြစ်ပေါ်နေသော နွေပဲသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၃၀၀ဝိ/-)ကျပ်၊ (၁)ပိဿာ ဝယ်ယူလျှင် (၁၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရုံးပတေသီး ဈေးနှုန်း (၂၅) ကျပ်သားလျှင် (၁၅၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၆၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)