Main menu

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် အမဲသား၊ ဝက်သားနှင့် ဆိတ်သားဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိရာ   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် အသားကုန်ကြမ်းများသည် ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ်(၁)ပိဿာ(၃၁၀၀၀)ကျပ်၊ ဝက်ပေါင်သား(၁)ပိဿာလျှင် (၂၉၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  အမဲသား သန့်(၁)ပိဿာလျှင်(၃၂၀၀၀)ကျပ်နှင့် ဆိတ်သား(၁)ပိဿာလျှင် (၃၇၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ  ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ဝက်သား(၁)ပိဿာလျှင်(၁၀၀၀)ကျပ်ကျဆင်းပြီး၊ အမဲသား(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း  အသားရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)