Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံ‌မြို့၏ကွာစေ့လှော်ဈေးနှုန်း

            ဖရဲသီး၏အသားထူထူကို လူတို့စားသုံးကြသည်သာမက ဖရဲသီးမှထွက်ရှိသောအစေ့ ဖရဲစေ့ကို လည်း ကွာစေ့လှော်ပြုလုပ်၍စားသုံးကြကြောင်း၊ မြင်းခြံဈေးကွက်၌ ရောင်းချနေသော ကွာစေ့လှော် များကို မုံရွာမြို့တို့မှ တင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ကွာစေ့လှော် တစ်ပြည်လျှင် ()ကျပ်ခန့် ပေါက်ဈေးများဖြင့်‌ရောင်းချကြောင်း၊ အညာဒေသ၌ ကွာစေ့လှော်ကို အပျင်းပြေစားသုံး ကြသလို သာရေး၊ နာရေးပွဲများတွင်လည်း တည်ခင်းဧည့်ခံကြကြောင်း၊ စားသုံးခြင်းဖြင့် ဆံပင်ကောင်း ခြင်း၊ အသားအရေလှပခြင်း၊ ခွန်အားတိုးခြင်း၊ သွေးတိုးကျခြင်း၊ အစာကြေခြင်း၊ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းနှင့် အရိုးအဆစ်သန်မာခြင်းစသည့် အာဟာရဓာတ်များ ပါဝင်သော ကြောင့် ဈေးကွက်တွင် စားသုံးမှုများပြား၍ နေ့စဉ်ကွာစေ့လှော် (၅-၈)ပြည်ခန့် ရောင်းချရပြီး အရောင်းအဝယ် သွက်လျက်ရှိသည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့၏နှမ်းယိုဈေးနှုန်း

        နှမ်းယိုသည် မြန်မာလူမျိုးတို့၏ ရိုးရာအစားအစာတစ်ခုဖြစ်ပြီး အာဟာရပြည့်ဝကာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော အစားအစာတစ်ခုဖြစ်ကြောင်း၊ မြင်းခြံဈေးကွက်၌ ရောင်းချ နေသော နှမ်းယိုများကို မကွေးမြို့တို့မှ မှာယူ‌ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြသီတာဈေးတွင် ရောင်းချနေသော နှမ်းယိုဝိုင်း ၂၅ ကျပ်သားလျှင် (၅၈၀၀) ကျပ်ခန့်ပေါက်  ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ နှမ်းယိုကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကြီး ထွားဖွံ့ဖြိုးရန် အထောက်အကူပြုကြောင်း၊ အရိုးနှင့်သွားများကိုသန်မာစေပြီး ကယ်လ်ဆီယမ် ဓာတ်များ ကြွယ်ဝ ကြောင်း၊ သံဓာတ်ပါဝင်သောကြောင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးကြောင်း၊ အမျှင်ဓာတ် ကြွယ်ဝသောကြောင့် အစာခြေစနစ်ကို အားကောင်းစေကြောင်း၊ ပြည့်ဝဆီများ ပါဝင်သောကြောင့် နှလုံးကျန်းမာရေးအတွက် အကျိုးပြုကြောင်း၊ မြန်မာလူမျိုးများ ကြိုက်နှစ်သက်သော နှမ်းယိုသည် ဈေးနှုန်းချိုသာပြီး အာဟာရပြည့်ဝသော ရိုးရာအစားအစာ တစ်ခုဖြစ်သောကြောင့် မြင်းခြံဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

        

ညောင်ဦးမြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း

     ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအပြင် မိသားစုစားဝတ် နေရေးအတွက် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၎င်းသီးနှံများအတွက် မိသားစုအပိုဝင်ငွေ ရရှိစေရန် ခရမ်းချဉ်သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။

          တောင်သူများသည် မိမိတို့စိုက်ခင်းမှထွက်ရှိသော သီးနှံများကို ညောင်ဦးမြို့ပေါ်ရှိဈေးများသို့ ကိုယ်တိုင်လာရောက်ရောင်းချကြသလို ဖောက်သည်ပေး၍လည်းရောင်းချလျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ တစ်ပိဿာ လျှင်(၃၈၀၀/၄၀၀၀)ကျပ်ထိမြင့်တက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်သွားကြောင်း ကုန်စိမ်းဈေးသည်များထံမှ သိရသည်။

DOCA(မန္တလေး)

 

 

ညောင်ဦးမြို့ရှိ ကြက်ဥဈေးနှုန်းဈေးကွက်

    ညောင်ဦးခရိုင်သည် ခရီးသွားလုပ်ငန်းများ၊ Hotel လုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများကို လည်း လုပ်ကိုင်လျက်ရှိပြီး ဒေသထွက်စီးပွားရေးလုပ်ငန်းများမှ အသားစားကြက်၊ ဥစားကြက် များကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသလို၊ စီးပွားဖြစ်လည်း မွေးမြူကြလျက်ရှိပါသည်။ ကြက်ဥသည် မုန့်လုပ်ငန်းများအပြင်၊ စားသောက်ကုန်များတွင် အရေးကြီးသော အစိတ်အပိုင်းအဖြစ်ပါဝင်ပြီး ဒေသတွင်း မွေးမြူရေးများမှ ရရှိသောကြက်ဥဖြင့် မလုံလောက်သဖြင့် ပြင်ဦးလွင်၊ မန္တလေးမြို့များမှ တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

          ညောင်ဦးမြို့ရှိ ဘုန်းဇဉ်ဈေးအတွင်း နိုဝင်ဘာလဒုတိယပတ်တွင် ဖြစ်ပေါ်နေသောကြက်ဥ အရောင်းဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၄၅၀)ကျပ်၊ အသေး တစ်လုံးလျှင်(၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်အတွင်း ထောပတ်ပဲဈေးအနည်းငယ်မြင့်တက်

        မိတ္ထီလာခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးကြရာမှ ထောပတ်ပဲကို မိုး၊ ဆောင်းရာသီနှစ်မျိုးလုံး စိုက်ပျိုးကြပါသည်။ ထောပတ်ပဲ(မိုး)ကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး နိုဝင်ဘာ၊ဒီဇင်ဘာ လများတွင်ရိတ်သိမ်းကြကြောင်း၊ ထောပတ်ပဲ(ဆောင်း)ကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းရကြောင်း သိရပါသည်။

       ထောပတ်ပဲကိုရာသီပေါ်ချိန်၌ ဈေးကောင်းရသဖြင့် အစိုခူးဆွတ်၍ မိတ္ထီလာဈေးကွက် ရောင်းချမှုများလည်းရှိကြောင်း၊ ဈေးကွက်အတွင်း ယခု နိုဝင်ဘာလတတိယပတ်တွင် ပွဲရုံများ၌ တောင်သူ လက်ကျန် ထောပတ်ပဲအဝင်ရှိသော်လည်း ယခုနှစ်ထွက်ရှိသော ထောပတ်ပဲမှာ အစိုအနေဖြင့်သာ ဈေးကွက်အဝင်ရှိသေးကြောင်း၊ ဈေးနှုန်းအနေဖြင့် ထောပတ်ပဲအစို တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်၊ ထောပတ်ပဲတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် တောင်သူများအနေဖြင့် ထောပတ်ပဲအစို ဈေးကောင်းရ၍ ခူးဆွတ်ရောင်းချမှုများကြောင်း၊ ဈေးကွက်အနေဖြင့် လှိုင်လှိုင်ပေါ်ချိန်တွင် မန္တလေးသို့အဓိက တင်ပို့ရောင်းချကြကြောင်း ပဲမျိုးစုံပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

ပုဂံဒေသတွင် မိုးရွာသွန်းမှုလျော့နည်းသဖြင့် ဆောင်းနှမ်းများဖြစ်ထွန်းမှုနည်းပါး

            မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံအဖြစ်စိုက်ပျိုးထားရှိသည့် နှမ်းစိုက်ခင်းများ ဖြစ်ထွန်းမှုအားနည်းလျက်ရှိကြောင်း၊ ညောင်ဦးမြို့နယ်၊ မင်းနန်းသူကျေးရွာမှ ဆောင်းသီးနှံစိုက်ပျိုးသည့် ဒေသခံများထံမှသိရသည်။

 

          ဆောင်းသီးနှံကို နှစ်စဉ် တော်သလင်းလဆန်း ဒုတိယပတ်တွင်စိုက်ပျိုးကြပြီး၊ တန်ဆောင်မုန်း လကုန်တွင် ရိတ်သိမ်းကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု နောက်ကျသဖြင့် သီးတင်းကျွတ်လဆန်း ပိုင်းမှ စိုက်ပျိုးရသောကြောင့် ဆောင်းနှမ်းများအပင်ငယ်ငယ်နှင့် အပွင့်များပွင့်၍ အသီးများ သီးနေခြင်းများကြောင့် ယခုနှစ်နှမ်းအထွက်နှုန်းလျော့ကျနိုင်ကြောင်း နှမ်းစိုက်တောင်သူများထံမှသိရသည်။၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင်(၉၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၂၅၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပွဲရုံများထံမှ သိရသည်။

  DOCA(မန္တလေး)

 

 

ညောင်ဦးမြို့တွင် ရောင်းချနေသော ကန်စွန်းဥနှင့်ပိန်းဥဈေးနှုန်း

             မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားဈေး၌ ရာသီစာကန်စွန်ဥနှင့်ပိန်းဥများ ရောင်းချလျက်ရှိပါသည်။ ကန်စွန်းဥနှင့်ပိန်းဥများကို ဒေသတွင်း တနိုင်တပိုင်စိုက်ပျိုးကြသလို အခြားဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ရွာငံ၊ ပြင်ဦးလွင် စသည့်ဒေသများမှလည်း မှာယူရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ် အတွင်းရောင်းချနေသော ကန်စွန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (လက်ကားဈေး) ၃၀၀၀ ကျပ်၊ လက်လီဈေး(၃၅၀၀)ကျပ်၊ အလားတူပိန်းဥ ဈေးနှုန်း များမှာ တစ်ပိဿာလျှင်(လက်ကားဈေး)၃၀၀၀ ကျပ်၊ လက်လီဈေး ၃၅၀၀ ကျပ် ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲတော်ဈေးအတွင်းကုန်စိမ်းဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

  DOCA(မန္တလေး)

 

 

 

မိတ္ထီလာ ဈေးကွက်အတွင်း ချင်းဈေးအနည်းငယ်ကျ

     ချင်းကို မြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးကြရာ တောင်ပေါ်‌ဒေသများတွင်အများဆုံး စိုက်ပျိုးကြပါသည်။ ချင်း(ဂျင်း)ကို ဟင်းခတ်အမွှေးအကြိုင်၊ တိုင်းရင်းဆေးများဖော်စပ်ရာတွင် အသုံးပြုကြပါသည်။ ချင်းကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် အနည်းငယ်စိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ်ချင်းစိုက်ဧက (၂၆၃)ဧကစိုက်ပျိုးထားရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရ သိရပါသည်။

         ချင်းကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြကြောင်း၊ ဒေသတွင်းမှာ အနည်းငယ်သာထွက်ရှိသဖြင့် ဈေးကွက်တွင် ရှမ်းပြည်နယ် အောင်ပန်း၊ ဟဲဟိုး၊ နာမ့်ဆန်မှအဝင်များကြောင်း၊ မိတ္ထီလာဈေးကွက်အတွင်းသို့ တစ်လလျှင်ကုန်ချိန်ပိဿာ(၂၅၀၀၀)မှ(၆၀၀၀၀)ခန့် ထိဝင်ရောက်လျက်ရှိကြောင်း၊ ချင်းဈေးနှုန်းအနေဖြင့် ပွဲရုံလက္ကားဈေး အနှိမ့်စတစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ထိပ်စတစ်ပိဿာလျှင်(၂၇၀၀)ကျပ်ဈေး၊ လက်လီ တစ်ပိဿာ လျှင်(၄၀၀၀-၅၀၀၀) ကျပ်၊ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင်ချင်း ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ပြည်ပဝယ်လိုအားရှိလျှင် ဈေးနှုန်းမြင့် တက်လာနိုင်ကြောင်း ချင်းပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာ ဈေးကွက်အတွင်း နနွမ်းတက်ဈေးမြင့်တက်လျက်ရှိ

       နနွမ်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပြီး နနွမ်းကိုနေ့စဉ်ချက်ပြုတ်စားသောက်သော ဟင်းလျာများတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည့်အပြင် တိုင်းရင်းဆေးများ ဖော်စပ်ရာတွင်လည်း အသုံးပြုကြပြီး နနွမ်းဖူးများကို တို့စရာဖြစ်စားသုံး၍ နနွမ်းခေါင်းကို ခြင်ဆေးအဖြစ် လည်းအသုံးပြုကြပါသည်။ နနွမ်းကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ် စိုက်ပျိုးကြကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ် နနွမ်းစိုက်ဧက (၁၅၃)ဧက စိုက်ပျိုးထားရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရ သိရပါသည်။

     နနွမ်းကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြကြောင်း၊ ဒေသတွင်းမှာ အနည်းငယ်သာထွက်ရှိသဖြင့် မိတ္ထီလာဈေးကွက်အတွင်းသို့ အောင်ပန်းနှင့်ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာမှထွက်ရှိသော နနွမ်းများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပွဲရုံလက္ကားဈေး ရှမ်းနနွမ်းတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ကျောက်ဆည်နနွမ်းတစ်ပိဿာ(၁၅၅၀၀)ကျပ်၊ လက်လီရှမ်းနနွမ်း တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကျောက်ဆည်နနွမ်းတစ်ပိဿာလျှင်(၁၆၅၀၀)ကျပ်၊ နနွမ်းခေါင်းဈေး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နနွမ်းတစ်ပိဿာလျှင်(၁၀၀၀) ကျပ်ခန့်ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ ပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိ ဂေါ်ရခါးသီးဈေးနှုန်းဈေးကွက်

      ညောင်ဦးမြို့ဘုန်းဇဉ်ဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးများကိုလည်းပေါများစွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

            ဂေါ်ရခါးသီးကို အတို့အမြုပ်အဖြစ်လည်းကောင်း၊ အသားငါးတို့နှင့်ချက်၍လည်းကောင်း စားသုံး ကြသလို စားသောက်ဆိုင်များ၊ အကြော်ဆိုင်များမှလည်း ဝယ်ယူမှုများ၍ အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီး ဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း သိရသည်။

  DOCA(မန္တလေး)

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း