Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်ကျဆင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ  စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥ အလုံးကြီး(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ အသေး(၁)ပိဿာ လျှင် (၆၀၀၀)ကျပ်နှင့် ဗမာဖြူ(၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်ကျဆင်းနေကြောင်း၊ စားသောက်ဆိုင်များနှင့် အိမ်ရှင်မများအတွက် အစားအသောက် ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကို အသုံးပြုကြသည့်အတွက် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပန်းဈေးကွက်၌ အရောင်းသွက်သည့် သပြေပန်းဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေ ရရှိနေ ကြောင်း သိရသည်။

      သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ ()မျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းခက်()စီးလျှင် (၁၀၀၀)ကျပ်၊ သပြေငုတ်အကြီး()ငုတ်လျှင်(၅၀၀၀)ကျပ်နှင့် အသေး()ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀) ကျပ်၊ အာဆီယံသပြေ()စည်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊  ပန်းရောင်း ချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် ပဲနီရေပွနှင့် စားတော်ပဲပြုတ်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အပြင် စွန်တာနီ(ခေါ်)ပဲနီနှင့် စားတော်ပဲတို့ကိုပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ စားတော်ပဲပြုတ်ကို လဖက်ရည်ဆိုင်များနှင့် စားသုံးသူများက ဝယ်ယူကြောင်း၊ ပဲနီရေပွနှင့် စားတော် ပဲပြုတ်တို့ကို ရပ်ကွက်နှင့်ကျေးရွာများတွင် စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် လှည့်လည်ရောင်းချသူများကို ဖောက်သည်ပေးရသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံး ကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပဲနီရေပွ(၁)ပြည်လျှင် (၄၅၀၀)ကျပ်၊ နို့ဆီဗူး(၁)ဘူးလျှင် (၆၀၀)ကျပ်နှင့် စားတော်ပဲပြုတ် (၁)ပန်းကန်လျှင်(၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲပြုတ်ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူဒေသထွက် ဖီးကြမ်း၊ ကက်သဲနှင့် ခွန်စိမ်းငှက်ပျောသီးများ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ငှက်ပျောသီးဆိုင်တွင် ဖီးကြမ်း ငှက်ပျောသီး၊ ခွံစိမ်းငှက်ပျောသီးနှင့် ကက်သဲငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက် ဖီးကြမ်းသီးနှင့် ကက်သဲငှက်ပျောသီးများ အရောင်းသွက်လျက်ရှိပြီး  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှ မြို့နယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း ငှက်ပျောသီးဆိုင်များမှ သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ ငှက်ပျောသီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖီကြမ်းငှက်ပျောသီး အလုံးလှ()ဖီးလျှင် (၃၀၀၀)ကျပ်၊ အလုံး အသေး()ဖီးလျှင် (၂၅၀၀)ကျပ်၊ ကက်သဲငှက်ပျောသီး()ဖီးလျှင် (၂၅၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျော သီး()ဖီးလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဖီးကြမ်းငှက်ပျော()ဖီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းသွား ကြောင်း ငှက်ပျောသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး နှင့် ဩဇာသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရာသီစာ အသီးအနှံ မာလကာသီးနှင့်ဩဇာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မာလကာသီးနှင့် ဩဇာသီးသည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ် သည်။ မာလကာသီး နှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသောခါကြက်ဥနှင့် ဂေါ်ဖီထုပ် ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ခါကြက်ဥ နှင့် ဂေါ်ဖီထုပ် များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ခါကြက်ဥနှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို အရောင်းအဝယ် ကောင်း နေကြောင်း သိရှိရပါသည်။ ခါကြက်ဥ နှင့် ဂေါ်ဖီထုပ်များကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်နှင့်ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်၊ ခါကြက်ဥ စျေးနှုန်း ခါကြက်ဥ(ဗမာ) (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်) (၂၅)ကျပ်သား လျှင်(၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့ရှိ ကျွဲကောသီးဈေးကွက်နှင့် ကျန်းမာရေးကောင်းကျိုးများ

     ကျွဲကောသီးလေးများသည် ရှောက်၊ သံပုရာ၊ လိမ္မော်တို့နှင့်အတူ ရှောက်မျိုးနွယ်ထဲတွင် ပါဝင်ပါ သည်။  ကျွဲကောသီးလေးများကို မိုးရာသီတွင် ပေါများစွာတွေ့ရှိရမှာဖြစ်ပါသည်။ ကျွဲကောသီးတွင် အာဟာရ ဓါတ်များစွာ ပါဝင်ပြီး အရည်ရွှမ်းတဲ့ အသီးတစ်မျိုး ဖြစ်တဲ့အပြင် ပိုတက်ဆီယမ်ဓါတ် ပါဝင်သောကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်စေ၍ သွေးတိုးသမားများ စားသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။ ကိုယ်ခံအား စနစ်ကိုကောင်းမွန်စေတဲ့ ဗီတာမင် C ပါဝင်သောကြောင့် ကျန်းမာသွက််လက်စေပြီး ဖျားနာမှုကို အကာ အကွယ်ပေးနိုင်ပါသည်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်၍ အစာချေစနစ်ကို ကောင်းမွန်စေခြင်းကြောင့် ဝမ်းချုပ်စေခြင်းကိုလည်းကာကွယ်ပေးပါသည်။ 

     ကျွဲကောသီးရဲ့အရသာလေးသည်ချိုချဉ်လေးရှိသောကြောင့် ထမင်းစားပြီး အအီပြေစား၍ သင့်သော အသီးတစ်မျိုးထဲတွင် ပါဝင်ပါသည်။ကျွဲကောသီး အလုံးပေါ်မူတည်၍ တစ်လုံး လျှင် ၄၀၀၀ကျပ်မှ ၆၀၀၀ကျပ် အထိရောင်းချပြီး ၃လုံးအထက်ဝယ်ယူပါကဈေးနှုန်းသက်သာပါကြောင်း တောင်ငူမြို့ရှိ အသီးဆိုင်များ၏ပြောကြားချက်အရသိရှိရပါသည်။
DOCA(ပဲခူး)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေ သော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများ တွင်တနိုင် တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီး များ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီးအလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀၀၊၅၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့၊ညောင်ပင်လေးဈေးတွင် ဒေသထွက် ငါးများလှိုင်လှိုင်ပေါ်နေ

     တောင်ငူမြို့သည် စစ်တောင်းမြစ်နှင့်ခပေါင်းချောင်း အနီးတွင်တည်ရှိသောကြောင့် ယခုလို မိုးကုန်ခါနီးတွင် ယင်းချောင်းများမှ ဖမ်းယူရရှိသော ဒေသငါးများပေါများသော ဒေသတစ်ခုဖြစ်ပါသည်။ မြစ်၊ ချောင်းများမှ ဖမ်းယူရရှိသောငါး၊ပုဇွန်များမှာ လတ်ဆတ်၍ ချိုသောကြောင့် လူကြိုက် များလှပါသည်။

    တောင်ငူမြို့ရှိ စစ်တောင်းမြစ်နှင့်ခပေါင်းချောင်းဘေးတွင်တည်ရှိသော ကျေးလက်ဒေသမှ ယင်းမြစ်၊ ချောင်းများမှ ဖမ်းယူရရှိသော ငါး၊ ပုဇွန်များအား တောင်ငူမြို့ပေါ်ရှိ ဈေးများသို့ တိုက်ရိုက် သော်လည်းကောင်း၊ ဖောက်သည်သွင်း၍သော်လည်းကောင်း လာရောက်ရောင်းချလေ့ရှိပါသည်။ စားသုံးသူအိမ်ရှင်မများအနေဖြင့် တိုက်ရိုက်ရောင်းချသောဈေးသည်နှင့်တွေ့ပါက ဈေးနှုန်းချိုသာလေ့ ရှိပြီး ဖောက်သည်ယူ၍ ပြန်လည်ရောင်းချသူများထံမှ ဝယ်ယူပါက ဈေးနှုန်းအနည်းငယ်မြင့်ပါသည်။

      ဒေသငါးနှင့်ပုဇွန်ဈေးနှုန်းများအနေဖြင့် ငါးခူ (၁) ပိဿာလျှင်ယခင်လက ၃၀၀၀၀ကျပ် နှင့် ယခုလတွင် ၂၀၀၀၀ကျပ်၊ ငါးနုသန်း ယခင်လက (၁) ပိဿာလျှင် (၃၅၀၀၀) ကျပ်နှင့်ယခုလတွင် ၂၅၀၀၀ကျပ်၊ ချောင်းပုဇွန်အလတ် (၁) ပိဿာလျှင် ယခင်လက ၄၀၀၀၀ကျပ် နှင့်ယခုလတွင် ၃၅၀၀၀ကျပ် ဖြင့်ရောင်းချပေးလျှက်ရှိရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်း သွားကြောင်း တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ငါး၊ ပုဇွန် ရောင်းချသူတစ်ဦးထံမှ သိရှိခဲ့ပါသည်။

    ယခုလိုရာသီတွင်မှ ပေါ်သော ဒေသငါးများကို ချက်စားပါက ခံတွင်းမြိန်စေသော ဟင်းတစ်ခွက် ဖြစ်ပါသည်။ မိခင်ကိုယ်ဝန်ဆောင်ချိန်မှ ကလေးအသက်နှစ်နှစ်အထိ ရက်ပေါင်း ၁၀၀၀ အတွင်း ငါးကလေးများကိုပုံမှန်စားသုံးခြင်းဖြင့် အဟာရချို့တဲ့မှုကို ကာကွယ်နိုင်ကြောင်းလည်း လေ့လာ သိရှိရပါသည်။ ထို့ကြောင့်နေ့စဉ်စားသုံးသော မိသားစုထမင်းဝိုင်းတွင် ရာသီပေါ် ဒေသတွင်းငါးဟင်းအား စားသုံးခြင်းဖြင့် ခံတွင်းမြိန်စေပြီး အဟာရလည်းပြည့်ဝ ကျန်းမာရေးနှင့်လည်း ညီညွတ်မှုရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နှင့် ဂျင်းတက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိ

    တောင်ငူမြို့ရှိ မြို့မဈေးလမ်းရှိ ကြက်သွန်ပွဲရုံများတွင် ယခင်အပါတ်က ကြက်သွန်ဖြူ အသေး (၁) ပိဿာ ၃၅၀၀ ကျပ်၊ အလတ် (၁) ပိဿာ ၄၅၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၆၅၀၀ ကျပ် အသီးသီးဈေးနှုန်းရှိသော်လည်း ယခုစက်တင်ဘာလနောက်ဆုံးအပါတ်တွင် အသေး(၁) ပိဿာ ၃၀၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၄၀၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာပြီး ကြက်သွန်နီ မှာ ယခင်အပါတ်က အသေး(၁) ပိဿာ ၁၀၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၁၃၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၁၅၀၀ ကျပ် ဈေးရှိသော်လည်း ယခုစက်တင်ဘာလ နောက်ဆုံးအပါတ်တွင် အသေး(၁) ပိဿာ ၈၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၁၂၀၀ ကျပ် ၊ အကြီး(၁) ပိဿာ ၁၅၀၀ ကျပ်ထိ ဈေးနှုန်းရှိပြီး ဂျင်းတက် ဈေးနှုန်းမှာ ယခင်အပါတ်က  (၁) ပိဿာ ၄၈၀၀ ကျပ်မှ ၅၀၀၀ ရှိသော်လည်း ယခုစက်တင်ဘာလနောက်ဆုံးအပါတ်တွင် (၁) ပိဿာ ၃၈၀၀ ကျပ်၊ ၄၀၀၀ ကျပ် ထိဈေးနှုန်းကျဆင်းလာပြီး ကြက်သွန်ဖြူနှင့် ဂျင်းတက်မှာ (၃) ပိဿာ နှင့် အထက် ၊ ကြက်သွန်နီမှာ ၁၀ ပိဿာ အိတ် ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ရောင်းချသည့် ပွဲရုံများမှ သိရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း