
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မုန်လာဥ၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၅၀၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၅၀၀)ကျပ်နှင့် ပန်းဂေါ်ဖီအသေး(၁)ပွင့်လျှင် (၃၀၀၀)ကျပ်၊ မုန်လာဥဖြူ(၁)တွဲလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ၊ ဒီဇင်ဘာလတတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်ပြီး၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်(၅၀၀) ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
