Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌   Consumer Call Center ဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၆)အား Virtual စနစ်ဖြင့် တက်ရောက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍  စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC)တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေး နှင့်ဝန်ထမ်း()ဦးသည် (၂၀..၂၀၂၆) မှ (၂၁..၂၀၂၆)ရက်နေ့ထိ ရုံးချုပ်မှ Zoom Meeting ဖြင့် ကျင်းပသော  Consumer Call Center ဆိုင်ရာဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(/၂၀၂၆)အား  Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူများမှ နစ်နာဆုံးရှုံးမှုများ တိုင်ကြားလာပါက စားသုံးသူများနှင့်ဆက်ဆံရာတွင် နွေးထွေးစွာ ဆက်ဆံရန်လိုအပ်ကြောင်း၊ အရာရာကို ကိုယ်ချင်းစာတရားဖြင့် ပြုမှုဆက်ဆံပါက မိမိဌာနသို့ ယုံကြည်အားကိုးလာမည်ဖြစ်ကြောင်း၊ တာဝန်ကျဝန်ထမ်းများမှလည်း မေးမြန်းလာသည့်အကြောင်း အရာများကို အချက်အလက်ပြည့်စုံစွာ ပြန်လည်ဖြေကြားပေးရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲမှ ပြည်သူများနှင့်ဆက်ဆံရေး၊ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆောင်ရွက်နေမှုများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)နှင့် Consumer Call Center ဆိုင်ရာလုပ်ငန်းစဉ်များ ဘာသာရပ်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ စားသုံးသူကာကွယ်ရေးဥပဒေ၊ ပြည် တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သတင်းအချက် အလက်နည်းပညာဆိုင်ရာသိကောင်းစရာများနှင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ် ရေးကော်မတီ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့၊ စံပြကျေးရွာရှိ  “ဝင်းရောင်ခြည်” ဆီစက်လုပ်ငန်းအား အသိပညာပေးဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်သည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ (၁၇..၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ပွင့်ဖြူမြို့၊ စံပြကျေးရွာရှိ ဝင်းရောင်ခြည်” ဆီစက်ပိုင်ရှင် ဦးမျိုးလွင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်က စားသုံးသူကာကွယ် ရေးဥပဒေ အခန်း() ပုဒ်မ () ပုဒ်မခွဲ()အရ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ အခန်း(၁၀) ပုဒ်မ (၂၁) အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် (သို့မဟုတ်) ဝန် ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့ မဟုတ်) ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ အကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များ အကြောင်း၊ အွန်လိုင်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များ ပါရှိရန်လိုအပ်ကြောင်း၊ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်အကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

      မြင်းခြံမြို့၊ အမှတ်(၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၆ ခုနစ်၊ ဩဂုတ်လ(၇)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ နိုင်ငံတော်မှသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသော စားအုန်း ဆီများ အိမ်ထောင်စုအလိုက်အပြည့်အဝ ဝယ်ယူရရှိနိုင်ရေးစားအုန်းဆီစာအုပ်များ စိစစ်ထုတ်ပေးမှု အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဆီအသင်းတာဝန်ခံနှင့်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ စာအုပ်များလာရောက် ဆောင်ရွက် သော အဆိုပါရပ်ကွက်ရှိရပ်ကွက်နေပြည်သူများအား  စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက  Online ဖြင့်ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ Online ကို အသုံးချပြီးအရောင်းအဝယ်ပြုလုပ်ခြင်းကို ဆိုလိုတာ ဖြစ်ပါကြောင်း၊ Online  ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူ သုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်သည့်အချက်များကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်အလက်များနှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုဝယ်ယူ သုံးစွဲနိုင်မှသာ ဘေးကင်း လုံခြုံစိတ်ချရမှု ရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်များဝယ်ယူရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်နှင့် ကုန်အညွှန်းအမှတ်အသားများ စိစစ်ရွေးချယ်ဝယ်ယူ သုံးစွဲတတ်သည့် အလေ့အကျင့်များ ရှိရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို သုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာ လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူများ(၇၀)ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)  

အိမ်ထောင်စုအလိုက် ဆီစာအုပ်အသစ်များကွင်းဆင်းပြုလုပ်ခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးက ခရိုင်/မြို့နယ်အသီးသီးတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အိမ်ထောင်စုအလိုက် (၁)လလျှင် စားအုန်းဆီ(၂.၅ပိသာ) နှုန်းကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ဝယ်ယူခွင့်ရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီး ဌာနက သက်ဆိုင်ရာမြို့နယ် တာဝန်ခံများ၊ မြို့နယ်/ ရပ်ကွက်တာဝန်ခံများ၊ မန္တလေးတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အလိုက် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အတွင်း ဆီရောင်းချခွင့်ရရှိသည့် လက်လီ/လက်ကား ကိုယ်စား လှယ်လုပ်ငန်းရှင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ပြည်သူများအတွက် One stop service ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါသည်။

           ၁၂.၈.၂၀၂၆ ရက်နေ့မှစတင်ကာ စားသုံးသူရေးရာဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်၊ တာဝန်ခံ ဒေါ်ယဉ်ယဉ်ရွှေနှင့် ဝန်ထမ်းများမှ သံလျက်မော်အနောက်ရပ်ကွက်ရှိ ရပ်ကွက်တာဝန်ခံနှင့် ရာအိမ် မှူးများ၊ဆီအသင်းတာဝန်ခံများနှင့်ဆီလုပ်ငန်းရှင်တို့က ကမ်းနားလမ်းရှိ ရန်မျိုးလုံပေါ်တော်မူ မြတ်စွာ ဘုရားဝင်းဓမ္မာရုံတွင် အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်(အသစ်) ပြုလုပ်ပေးခြင်း၊ အဟောင်း လဲလှယ်ခြင်များကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အိမ်ထောင်စုများအနေဖြင့် ဆီဝယ်ယူခွင့် ရရှိစေရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းအထောက်အထားများဖြစ်သည့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု ဇယားမိတ္တူ၊ဆက်သွယ်ရန် ဖုန်းနံပါတ်၊လိပ်စာတို့ လိုအပ်မည်ဖြစ်ကြောင်း၊ ပူးပေါင်း အဖွဲ့မှ ဆီဝယ်ယူခွင့် စာအုပ်များတွင် အိမ်ထောင်စုအလိုက် လိုအပ်သည့်အချက်အလက်များ ထည့် သွင်း၍ အိမ်ထောင်စုများမှ တင်ပြလာသည့်မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ပြည်သူ များအနေဖြင့် မိမိတို့ဝယ်ယူရမည့်ဆီဆိုင် အမည်၊ ဖုန်းနံပါတ်၊ဝယ်ယူရမည့်အချိန်နှင့် ဌာနမှ သတ်မှတ် ထားသည့် စည်းမျဉ်း စည်းကမ်းများ၊ တစ်စုံတစ်ရာကျေနပ်မှုမရှိပါက တိုင်ကြားရမည့် ဖုန်းနံပါတ်တို့ ပါဝင်သည့်ဆီဝယ်ယူခွင့် စာအုပ်များ ရရှိမည်ဖြစ်ပါသည်။မဟာအောင်မြေမြို့နယ်အတွင်း နေထိုင် သည့်ဆီဝယ်ယူခွင့်စာအုပ် မရရှိသေးသည့် ပြည်သူများအတွက် ဆီဝယ်ယူခွင့်စာအုပ်များ ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)  

အသိပညာပေးဟောပြောဆွေးနွေးပွဲဆောင်ရွက်ခြင်း

           ၁၉.၈.၂၀၂၆ ရက်(ဗုဒ္ဓဟူးနေ့)နံနက် (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ ခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကျင်းပသည့် “ကလေးများအတွက် အစားအသောက်ဘေးကင်းရေးနှင့်စားသုံးသူကာကွယ်ရေး၏ အရေးပါမှု”ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်တာဝန်ခံ ဒေါ်အိအိထွေး၊ ဦးစီးအရာရှိမှ အစားအစာဘေးအန္တရာယ်ကင်းရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာ ဗဟုသုတများအား ဟောပြောဆွေးနွေးခဲ့ပါသည်။

          အသိပညာပေးဆွေးနွေးဟောပြောရာတွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အခြေအခံကျသည့် ဘေးအန္တရာယ်များဖြစ်သော ရူပဆိုင်ရာဘေးအန္တရာယ်၊ ဓါတုဆိုင်ရာ ဘေးအန္တရာယ် နှင့်အနုဇီဝဆိုင်ရာဘေးအန္တရာယ်များအကြောင်းနှင့် အဆိုပါ ဘေးအန္တရာယ်များမဖြစ်စေရေး ရှောင်ကျဉ် ရမည့်နည်းလမ်းများနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာများနှင့်စပ်လျဉ်း၍ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စကားရပ်များအား လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ Consumer Call Center (၁၅၃၅) လိုင်းခွဲနံပါတ်(၁) နေပြည်တော်သို့လည်းကောင်း၊ လိုင်းခွဲနံပါတ်(၂) ရန်ကုန်မြို့ သို့လည်းကောင်း၊ လိုင်းခွဲနံပါတ်(၃) မန္တလေးမြို့သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဆိုဒ်ဖြစ်သော www.doca.gov.mm သို့ဝင်ရောက်လေ့လာနိုင်မည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ လက်ကမ်း စာစောင်များ ဝေငှခဲ့ပါကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)  

အွန်လိုင်းဖြင့် အဝတ်အထည်များ ရောင်းချသည့်လုပ်ငန်းရှင်အား အသိပညာပေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန် အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များ အပါအဝင်အခြားသိကောင်းစရာများအား သိရှိ စေရန်ရည်ရွယ်၍ (၁၈..၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အဝတ်အထည် များရောင်းချသည့် လုပ်ငန်းရှင်နှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး တွေ့ဆုံအသိပညာပေးခြင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

          ထိုသို့အသိပညာပေးရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက အွန်လိုင်းဖြင့်ရောင်း ဝယ်မှုများပြုလုပ်ဆောင်ရွက်ရာတွင် လိမ်လည်မှုများ များပြားလာပြီး တိုင်ကြားမှုများ ရှိလာသော ကြောင့် အွန်လိုင်းဖြင့် ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန် လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ထားခြင်းမရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားသောကြောင့် မည်သူမဆိုအွန်လိုင်းစနစ်ဖြင့် ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင် လက်မှတ် မရှိဘဲအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ထိုသို့အွန်လိုင်း မှတ်ပုံတင်ထားခြင်းဖြင့်အွန်လိုင်းရောင်းချနေသော လုပ်ငန်းများမှအဝတ်အထည်၊ အစားအသောက်၊ အလှကုန်ပစ္စည်းများစသည့် ကုန်စည်အမျိုးမျိုးကို စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး၊အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချနေမှုအပေါ် မှတ်ပုံတင်လျှောက်ထားရန် အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများနှင့် လိုအပ် သည်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချမ်းမြသာစည်မြို့နယ်နှင့်ပြည်ကြီးတံခွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှအမျိုးသ္မီးဝန်ထမ်းများအား အသိပညာပေးဟောပြောဆွေးနွေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနသည်စားသုံးသူပြည်သူများအားကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင်နစ်နာဆုံးရှုံးမှုများမရှိစေရန်ရည်ရွယ်၍အသိပညာပေးဟောပြောဆွေးနွေးခြင်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

        စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊စားသုံးသူရေးရာဌာနခွဲဦးတင်ချစ်ကောင်းမှ(၁၉.၈.၂၀၂၆)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ချမ်းမြသာစည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှအမျိုးသမီးဝန်ထမ်းများအားလည်းကောင်း၊ (၂၀.၈.၂၀၂၆)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးရေးမှူးရုံး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အမျိုးသမီးဝန်ထမ်း များအားလည်း ကောင်း၊ကလေးများအတွက် အစားအသောက်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေး၏ အရေးပါမှုအခြေအနေများ၊စားသုံးသူအခွင့်ရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စုံစမ်းသိရှိလိုသည်များရှိပါက(၁၅၃၅)သို့ဆက်သွယ်တိုင်ကြားစုံစမ်းနိုင်သည့်အခြေအနေများကိုအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(မန္တလေး)

မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များထံသို့ သွားရောက် အသိပညာပေး ဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ၊ မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များ အား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိ စေရန်ရည်ရွယ်၍ (၂၄..၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ  မြေပြင် စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ် ရရှိထားသည့် အလှကုန်ပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များနှင့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံ စွာထည့်သွင်းဖော်ပြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို သေချာစွာလိုက်နာရန် လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များထံသို့လည်း မြေပြင်ကွင်းဆင်း စစ်ဆေးအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များသည်(၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိမှုနှင့် စပ်လျဉ်း၍ လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်အခြေအနေ မှန်ကန်မှု ရှိ/မရှိအခြေအနေများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ စားသုံးသူ ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီးလိမ်လည်ရောင်းချခြင်းမှ ကင်းဝေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ မှတ်ပုံတင်လက်မှတ်များရရှိထားသည့်အတွက် စားသုံးသူအခွင့် အရေးများလည်း ရရှိလာမည်ဖြစ်ပြီး လုပ်ငန်းရှင်များအတွက်လည်း အကျိုးကျေးဇူးများ၊ နာမည်ဂုဏ် သတင်းများ ရရှိလာမည်ကြောင်း အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဈေးကွက်မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေး အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ ပါသည်။ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင် ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် FDA၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် ပူးပေါင်း၍(၂၁.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စားသုံး ဆီလုပ်ငန်းရှင်မှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံ စွာထည့် သွင်းဖော်ပြရန် ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ မိမိတို့ထုတ်ပိုးသော ကုန်စည် များ၌ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြရန် အသိပညာပေးပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက် အလက်များနှင့် ကုန်စည်များအား ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းပြည့်စုံ သည့်တံဆိပ်များကိုသာထည့်၍ ရောင်းချရန်လိုအပ် ကြောင်း ဒု-ခရိုင်ဦးစီးမှူးကဆွေးနွေးခဲ့ပါသည်။ ဈေးကွက် မရောက်မီဖြန့်ဖြူးမည့် ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များပြည့်စုံစွာပါဝင်သည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ ကျောက်တန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြား ရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ (၁၇.၈၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မင်းဘူးမြို့၊ ကျောက်တန်းကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးမှ စားသုံးသူရေးရာဦးစီး ဌာန ပေါ်ပေါက်လာပုံ အကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသော ကုန်စည်များတွင် အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲစသည့် အချက်အလက်များ ပြည့်စုံစွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်၊ Online Sale‌ရောင်းချသူများ အား Onlineမှတ်ပုံတင်လျှောက်ထားဆောင်ရွက်ရန်နှင့် လိုအပ်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါ ကြောင်း၊ Facebook Page ဖြစ်တဲ့ DOCA Myanmar Pageတွင်လည်းကောင်း၊ မိမိတို့ဌာနခရိုင်တာဝန်ခံရုံး စားသုံးသူသတင်းပြန့်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင်လည်းကောင်း၊ မိမိတို့ဌာန Websiteဖြစ်တဲ့ www.doca.gov.mm တွင် လည်းကောင်း၊ Call Center No.1535တွင် ဖုန်းခေါ်ဆို၍ အထောက်အထားအပြည့်စုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်း နိုင်ကြောင်းတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ