Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများမှ Consumer Call Center 1535 သို့  ဆက်သွယ်မေးမြန်း

        စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် အသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံပွဲများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်နှင့် တရားမဝင် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရန်အတွက် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ မေးမြန်းခြင်း၊ တိုင်ကြားခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၁ ရက် နံနက် (၁၁း၃၃)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ စားသုံးတစ်ဦးမှ Consumer Call Center (1535) သို့ ဆက်သွယ်မေးမြန်းခဲ့ကြောင်း သိရသည်။

        ကန့်ဘလူမြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များကို ပိုမိုသတိပြုမိလာကြပြီး စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊  စားသုံးသူပြည်သူများမှ စားသုံးသူ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ဆက်သွယ်မေးမြန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို သိရှိလိုသဖြင့် 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါကဖြစ်စေ၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလိုပါကဖြစ်စေ ရုံးချိန်အတွင်း  Consumer Call Center နံပါတ် 1535 သို့ အခမဲ့ဆက်သွယ် မေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန (DOCA) ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း၊ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Bottom of Form

 

ကန့်ဘလူမြို့ပေါ်ရှိ  ရပ်ကွက်ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည် ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိသည် “ကိုနွေဦး+မဖြူ”ကုန်စုံဆိုင်ရှိ အသင့်စားမုန့် အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းအတုအပများ ရောင်းချမှုလျော့နည်း ပပျောက်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်ဖြစ်သော ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲကို ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သော ကုန်စည်များအားလုံးတွင် ထပ်ပိုးလွှာ၊ ထပ်ပိုးကပ်လွှာ (Sticker)ဖြင့် ကပ်နှိပ်ဖော်ပြ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး လိုက်နာရန်ပျက်ကွက်ပါက  ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးဝမြို့ အမှတ် ( ၂ ) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်

           ( ၂၁.၉.၂၀၂၆ ) ရက်နေ့တွင် ကလေးဝမြို့၊ အမှတ် ( ၂ ) အခြေခံပညာ မူလတန်းလွန်ကျောင်းဝန်းအတွင်း ရောင်းချနေသည့် ကျောင်းမုန့်ဈေးတန်းအား မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ အကြီးအကဲများက ကျောင်းစျေးတန်းရှိ စျေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာရောင်းချခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

         ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ ရောင်းချရန်၊ စားသုံးရန်မသင့် ထုတ်ပြန်ထားသော အစားအသောက်များ ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန် အစားအသောက်များနှင့် အတုယူမှားနိုင်ဖွယ်ရှိသော စီးကရက်ပုံ ချိုချဉ်များ၊ အရက်ပုလင်းပုံ အချိုရည်ပုလင်းများ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး (မြို့နယ်တာဝန်ခံ) က ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် အစားအသောက်များကိုသာ အဓိကထားရောင်းချကြရန် ပညာပေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ကျန်းမာရေးဦးစီးဌာနမှလည်း အသုပ်များရောင်းချရာတွင် လက်အိတ်များကို စနစ်တကျ အသုံးပြုကြရန်နှင့် စနစ်တကျဖုံးအုပ်၍ ရောင်းချကြရန် ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးဝမြို့တွင် ဆန်/ စပါး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

        (၁၉.၉.၂၀၂၆) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ကလေးဝမြို့၊ မြို့မဈေးအတွင်း ရောင်းချနေသည့် ဆန်/ စပါး အရောင်းဆိုင်များအား ဆန်/ စပါး ဈေးနှုန်းတည်ငြိမ် စေရေးအတွက် စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြေင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး (မြို့နယ်တာဝန်ခံ) သည်  ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရောင်းချသည့်ဆန်အိတ်များ အလေးချိန် အချိန်အတွယ် မှန်ကန်စေရေး၊ ဈေးနှုန်းအနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့်သာ ရောင်းချစေ‌ရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်မှုမရှိစေ‌ရေး အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းနှုန်းမြှင့်တင်၍ ရောင်းချမည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ  အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ဆန်တန်ချိန် ( ၂၅ ) တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်ထားရှိသော ဆန်စပါးသိုလှောင်ရုံ ပိုင်ရှင်များသည် မြန်မာဆန်စပါး အွန်လိုင်း (MyRO) www.myro.com.mm တွင် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရ ယူရန်လိုအပ်ကြောင်း  လုပ်ငန်းရှင်များအား အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင်  ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/မရှိနှင့် ဆေးဝယ်ယူရရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

                     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦး နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်  ပူးပေါင်း၍    (၂၂.၉.၂၀၂၆)ရက်နေ့ နံနက်(၁၀;၀၀)နာရီက လပွတ္တာမြို့ပေါ်ရှိဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

                    ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေးအဓိကထားဆောင်ရွက်ရန် ဈေးကွက် အတွင်း ယခင်လဈေးနှုန်းထက် အနည်းငယ်သာ မြင့်တက်မှုရှိပြီး စားသုံးသူပြည်သူများအနေဖြင့် အခြေခံဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူရရှိနိုင်ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားရှိခြင်းများ စစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏အမိန့်ညွှန်ကြားချက်၊ဥပဒေများလိုက်နာဆောင်ရွက်ကြရန်အသိပေးစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

 

 

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

                           ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်း နှင့်ဝန်ထမ်းများသည် (၂၂.၉.၂၀၂၆)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး တွင်  ကုန်မျိုးစုံနှင့်မုန့်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ ရောင်းချ သည့် စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျှက်ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်  အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့၏ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်(၃၀)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

     စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ရုံးအုပ်) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ၅-၁၀-၂၀၂၆ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်း ရပ်ကွက်ရှိ ဆန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။   

            ထိုသို့ ဆွေးနွေးရာတွင် ဦးကျော်မိုးလွင်(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁) ပုဒ်မ (၂) ပုဒ်မခွဲ(ဂ)အရ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရည်အသွေးနှင့် အသားတင်အလေးချိန် တိကျ မှန်ကန်မှုရှိခြင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက် များအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းတို့အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး လတ်တ‌လော၌ လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲနေမှုအပေါ် အခွင့်ကောင်းယူ၍ ဈေးနှုူန်း အဆမတန် မြှင့်တင်ရောင်းချခြင်းမျိုး မပြုလုပ်ရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ဖြူသွယ်လင်း ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၅-၁၀-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ ဒေါ်ခင်မျိုးဝေ (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “Rich”  အမှတ်တံဆိပ်ပါ ခရင်မ်မီကော်ဖီမစ်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)

မြောင်းမြခရိုင်၊ မြောင်းမြမြို့ပေါ်ရှိ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရပ်ကွက်နေပြည်သူများ စားအုန်းဆီရောင်းချပေးမှု အခြေအနေအားကွင်းဆင်းစစ်ဆေး

                  ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  မြောင်းမြမြို့နယ်တာဝန်ခံ  ဒေါ်ရည်မွန်သန့် နှင့်ဝန်ထမ်းများသည် မြို့ပေါ်ရှိကုန်မျိုးစုံရောင်းချသောဆိုင်များသို့ (၂၂.၉.၂၀၂၆)ရက်နေ့ နေ့လည်(၁၂;၀၀)နာရီ အချိန် တွင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံသည် ဌာနမှထုတ်ပေး ထားသောစားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသောနှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရာတွင် အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ ၅၀ သား)အား သုံးကြိမ်ခွဲပြီး တစ်ကြိမ်လျှင်(၅၀)ကျပ်သားရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာတွင်လည်း မလိုလားအပ်သောပြသနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊စားအုန်းဆီ များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ပါသည်။(DOCA ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် အခြားမိတ်ဖက်ဌာနတို့သည် ၅-၁၀-၂၀၂၆ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ မခေါယန်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ဒေါ်ကြည်မာ (မုန့်ဆိုင်) သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “FIRE DRAGON” အမှတ်တံဆိပ် အားဖြည့်အချိုရည် တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲတို့ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မုန့်ဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပအမှတ်တံဆိပ် များဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ