Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ်တွင် အသင့်စားမုန့်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ မုန့်မျိုးစုံရောင်းချသောဆိုင်များသို့ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား  ဒီဇင်ဘာ လ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ချမ်းသာပါစေ မုန့်မျိုးစုံဆိုင်၊ ဦးသီဟန်ဇော် မုန့်မျိုးစုံဆိုင်၊ ဦးမြင့်ဇော် မုန့်မျိုးစုံဆိုင်နှင့်  မြဇင်အောင် မုန့်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ပြဌာန်းချက်များနှင့် အညီ ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ မုန့်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် မုန့်မျိုးစုံများအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ပေါင်းတလည် အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား အွန်လိုင်းဈေးရောင်းချ နေသောလုပ်ငန်းရှင်များအားလည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြို့ကုန်းကျေးရွာရှိ ပြည်သူများအားလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ထုံးဘိုဈေးတာဝန်ခံရုံး၌ ဈေးသူဈေးသား ပြည်သူများအားလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်နေပြည်သူမျာအား လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်း ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင် များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည် ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေး လုပ်ငန်းရှင် (၆၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

“ စဉ့်ကိုင်မြို့ပေါ်ရှိကုန်စုံဆိုင်၊စတိုးဆိုင်များသို့ ကလေးတစ်ကိုယ်ရေးသုံးပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ (၄)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးတစ်ကိုယ်ရေးသုံးပစ္စည်းအမျိုးမျိုးအား ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စဉ့်ကိုင်မြို့ပေါ်ရှိ ကလေးတစ်ကိုယ်ရေးသုံးပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကို အများဆုံးရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ်နှင့် ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချရန်၊ ကလေး/လူကြီးအာဟာရဖြည့်စွက်စာနှင့်စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင် သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ညောင်လေးပင်ခရိုင်မှ တောင်ငူခရိုင်သို့ သွားရောက်၍ စားအုန်းဆီ လက်လီ လက်ကားရောင်းချမှု နှင့် စားသုံးသူ လက်ဝယ်ရောက်ရှိမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ လမ်းညွှန်မှု၊ စားသုံးသူရေးရာဦးစီး ဌာန၏ ကြီးကြပ်ထိန်းကျောင်းမှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအချင်းချင်း စားအုန်း ဆီ လက်လီလက်ကားရောင်းချနေမှုများ၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ရောက်ရှိခြင်း ရှိ/ မရှိ ကိစ္စရပ်များကို (၂၃.၁၁.၂၀၂၅) နှင့် (၂၄.၁၁.၂၀၂၅) ရက်နေ့များတွင် ညောင်လေးပင်ခရိုင်ဦးစီး မှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့တို့သည် တောင်ငူခရိုင်သို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့သည် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့တို့နှင့်အတူ တောင်ငူခရိုင်အတွင်းရှိ စားအုန်းဆီ ခွဲတမ်းရရှိသော လက်ကား၊ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် လက်လီ၊ လက်ကား အရောင်းဆိုင်များအား မှန် (၆)မှန်ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေး အတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် စားသုံးသူ လက်ဝယ်သို့ စားအုန်းဆီများ ရောက်ရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာ တွင် တောင်ငူခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များအားလုံး သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Peace  and Peach Online Shop အား   Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၈.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၁၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံ တင်ထားရှိမှုကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို Peace  and Peach Online Shop မှ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများအား အမှတ် (၆၂၂)၊ ဝရုဏာ၆လမ်း၊(၁၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု အဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင် ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်နှင့် ဝန်ထမ်းများသည် (၈.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၂၀)နာရီအချိန်တွင် Stylla online shop မှ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများအား ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ စဉ့်ကိုင်မြို့နယ်၊ဘယ်လင်း အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်”

    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ(၄)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် ၊ ဘယ်လင်း အခြေခံပညာ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ် ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးသန်းထိုက်မှ ဓါတုဆိုးဆေးများပါဝင်သော အစားအစာများအား ဝယ်ယူစားသုံးခြင်း မပြုရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည် ။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား / ကျောင်းသူများ ၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ဆရာ / ဆရာမများ နှင့် ကျောင်းသား / ကျောင်းသူများအား  စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(မန္တလေး)

စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးတွင်  Robusta ( မြေနိမ့်ကော်ဖီ) (၁၀)ပင် စိုက်ပျိုးထားရှိ

        နိုင်ငံတော်ယာယီသမ္မတ၏ ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ်အတွင်း၌ Robusta (မြေနိမ့် ကော်ဖီပင်) များအား တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့မှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရုံးဌာနများတွင် Robusta (မြေနိမ့်ကော်ဖီပင်)များ စိုက်ပျိုးရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးက ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် ညွှန်ကြားလာပါသည်။

          ထိုညွှန်ကြားချက်အား လိုက်နာဆောင်ရွက်သည့်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦး မြို့နယ်တာဝန်ခံရုံးတွင် Robusta (မြေနိမ့်ကော်ဖီမျိုးပင်) များကို ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ ရယူ၍ ဒိုက်ဦးမြို့နယ်တာဝန်ခံမှ ရုံးအတွင်းတွင် Robusta (မြေနိမ့်ကော်ဖီမျိုးပင်) (၁၀)ပင် အား စိုက်ပျိုးထားရှိကြောင်း သတင်းရရှိပါသည်။ Robusta ကော်ဖီပင်သည် မြေနိမ့်ကော်ဖီပင် အမျိုး အစားဖြစ်ပြီး စိုက်ပျိုးဖြစ်ထွန်းမည်ဆိုပါက အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သူ များအနေဖြင့် ဝင်ငွေတိုးတက်ရရှိနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခြင်း၊ ကော်ဖီပင်ကို အရိပ်ပင်နှင့် ယှဉ်တွဲစိုက်ပျိုးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး  ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးမှုစနစ်ကို ဖော်ဆောင်နိုင်ခြင်း၊ ပြည်ပသို့ ကော်ဖီပို့ကုန်အမယ် သစ် တင်ပို့နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်ဦးမြို့နယ်ရှိ MyRO သိုလှောင်ရုံလုပ်ငန်းရှင်များ လစဉ် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းရေး ဆွေးနွေးပွဲကျင်းပ

    မြန်မာဆန်စပါးအွန်လိုင်း(My RO)ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း မှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါး လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား ညောင်ဦးခရိုင်တာဝန်ခံမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ My RO သိုလှောင်ရုံမှတ်ပုံတင်ပြီးလုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များကို ဖြည့်သွင်းမှုအားနည်းနေသည့်အတွက်  နာလိုက်နာမှုရှိစေရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးမှု အား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးမြို့နယ်တာဝန်ခံရုံးတွင်(၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။

           ဆွေးနွေးမှုတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ရ/ထုတ်/ကျန် စာရင်းများရေး သွင်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်တို့ လက်တွေ့ပြသလုပ်ဆောင်ပေးခဲ့ပြီး ရေးသွင်းသည့်ကုန်စည် စာရင်းများနှင့် မြေပြင်စာရင်းများမှန်ကန်စွာရှိစေရေး၊ My RO Viber Group ကိုလည်းဖွဲ့၍ ဆောင်ရွက်ထားရှိပြီးဖြစ်ရာ အခက်အခဲများရှိပါက မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း၊ ရောင်းဝယ်မှုပြု ရာတွင်လည်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချစေရေး အသိပေးဆွေးနွေးမှုများဆောင် ရွက်ခဲ့ကြောင်း သိရသည်။     

DOCA(မန္တလေး)                                                    

ဒိုက်ဦးမြို့နယ်ရှိ ဆီကြော်မုန့်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ် တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၂၁.၁၁.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦးမြို့နယ်၊ (၆) ရပ်ကွက်ရှိ ဆီကြော်မုန့်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင် အား ဈေးကွက်မရောက်မှီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/ မရှိ နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          မြို့နယ်တာဝန်ခံသည် ဆီကြော်မုန့်လုပ်ငန်းရှင်အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဆီကြော်မုန့်လုပ်ငန်းရှင်က လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် စိန်ခေါ်မှုများကို တင်ပြရာ မြို့နယ်တာဝန်ခံက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဆီကြော်မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/ မရှိ နှင့် လုပ်ငန်းခွင်အား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ