Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ရွှေဇင်ယော်ဆန်စက်အား ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နေလည် (1၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ရွှေဇင်ယော်ဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

                   သို့ဖြစ်ပါ၍ ရွှေဇင်ယော်ဆန်စက် လုပ်ငန်းရှင် ဒေါ်အမ်းကူနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ရေကြီးရေလျှံမှုများဖြစ်သည့်အတွက် စပါးဈေးနှုန်းမည်မျှရှိ တိုးမြှင့် ကျဆင်းနိုင်မည့် ခန့်မှန်းတွက်ချက် ဆွေးနွေးပြီး လက်ရှိကြိတ်ခွဲရောင်းချနေသည့် ဆန်ဈေးနှုန်းများကိုလည်း သတ်မှတ်ထားသော ဈေးနှုန်းဖြင့်သာရောင်းချရန်နှင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်းရှိ နန်းသိမ်းမယ်ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်နေ့ ၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ အမှတ်(၂)အတွင်းရှိ စားအုန်းဆီရောင်းချသည့် ကိုယ်စားလှယ် ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းပြန်လည်ရောင်းချပေးသည့် ကျေးရွာ၊ အုပ်စု၊ ရပ်ကွက်များရှိ စားအုန်းဆီလက်လီကိုယ်စားလှယ်များအား ကျေးရွာ၊ ရပ်ကွက် များတွင် အမှန်တကယ် ရှိသည့် အိမ်ထောင်စုများထံသို့ စားအုန်းဆီ တစ်လလျှင် အိမ်ထောင်စုတစ်စု ရရှိနိုင်သည့် ပိဿာ၊ ကျပ်သားပမာဏကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရန်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ လက်လီကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ စားအုန်းဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးရန် တို့ကို မှာကြားခဲ့သည်ကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အတွင်းရှိ စားအုန်းဆီရောင်းချသည့်ဆိုင်များအား တွေ့ဆုံဆွေးနွေးခြင်း

                  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ စက်ဘင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                  အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဒါးကမြစ်ရေတိုးလာသည်နှင့်အမျှ ရေကြီးရေလျံမှုများ ဖြစ်ပေါ်နိုင်သည့် အတွက် စားသုံးသူပြည်သူများအား စားအုန်းဆီများ အချိန်အတွယ်ပြည့်မှီအောင် ရောင်းချပေးရန်နှင့် သွားလာရန်ခက်ခဲသည့် နေရာများတွင်တွင်း စားအုန်းဆီများအား မရောင်းချခြင်းများမပြုလုပ်ကြရန် အထူးမှာကြားပြီး စားအုန်းဆီများအား မရောင်းချဘဲ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း မှာကြားခဲ့သည်ကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၃၃၃ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ 1၅ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,၃၃၃ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၃၃၃ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ 1၅ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,၃၃၃ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

မုံရွာမြို့နယ်တွင်းရှိ အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ဝန်ဆောင်မှု လုပ်ငန်းအား မြေပြင်ကွင်းစစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်မာချိုနှင့် ဝန်ထမ်း (၂)ဦးတို့သည် မုံရွာမြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား (၂၃.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုံရွာမြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့်  Star Net  Wi-Fi အင်တာနက် လုပ်ငန်းလုပ်ကိုင်နေသည့် ဆိုင်အားကွင်းဆင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု (Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း  သတင်းရရှိ သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ အ.ထ.က(၅)အထက်တန်းကျောင်းတွင် ကျောင်းသာကျောင်းသူများအားအသိပညာပေး

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးရှိ မုံရွာခရိုင်ဦီးစီးမှူး၊ ဒေါ်မိုးသီတာလင်း (ဦးစီးအရာရှိ)၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် (၂၃.၉.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့ အ.ထ.က (၅) အထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ဆရာ/ ဆရာမ (၅)ဦးခန့်နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၇၅)ဦီးခန့်အား  ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက်  အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါကတိုင်ကြားနိုင်သည့် နစ်နာသည့် စားသုံးသူ၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များ၊ နစ်နာသည့်စားသုံးသူနှင့်ဆက်နွယ်‌သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များကတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်မည့် နေရာများဖြစ်သည့် သက်ဆိုင်ရာဦးစီးမှူးရုံးရှိ CICCရုံးခန်း၊ Consumer Call Center(1535)နှင့် www.doca.gov.mmမှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျောင်းကုန်းမြို့နယ် အတွင်းရှိ စားအုန်းဆီရောင်းချသည့်ဆိုင်များအား တွေ့ဆုံဆွေးနွေးခြင်း

                     ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ စက်ဘင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီ ကျောင်းကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင်ကုန်စုံဆိုင်များအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်ဒါးကမြစ်ရေတိုးလာသည်နှင့်အမျှရေကြီးရေလျံမှုများဖြစ်ပေါ်နိုင်သည့် အတွက် စားသုံးသူပြည်သူများအား စားအုန်းဆီများ အချိန်အတွယ်ပြည့်မှီအောင် ရောင်းချပေးရန်နှင့် သွားလာရန်ခက်ခဲသည့် နေရာများတွင်တွင်း စားအုန်းဆီများအား မရောင်းချခြင်းများမပြုလုပ်ကြရန် အထူးမှာကြားပြီး စားအုန်းဆီများအားမရောင်းချဘဲပြုလုပ်ပါကစားသုံးသူကာကွယ်ရေးဥပဒေအရအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း မှာကြားခဲ့သည်ကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“မန္တလေးမြို့ MRCCI ခန်းမ၌  စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့်        ဥပဒေ (မူကြမ်း)ကို ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်”

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉) ဖြင့်အတည်ပြု ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ် တိုင်ကြားလာပါက ဥပဒေနှင့်အညီညှိနှိုင်းဖြေရှင်းအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

          မန္တလေးမြို့၊ MRCCI ခန်းမ၌ (၂-၁၀-၂၀၂၆) ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်၌ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ၊စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်များရှိ ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဆရာ/မ များနှင့် ဥပဒေ ဒေါက်တာမဟာဘွဲ့တက်ရောက်နေသော ကျောင်းသား / သူများ၊ မန္တလေးတိုင်းဒေသကြီး စားသုံး သူရေးရာကော်မတီဝင်များ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၉၂) ဦး တက်ရောက် ခဲ့ကြပါသည်။

          မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေ( မူကြမ်း) ကို ဖြည့်စွက်ရှင်းလင်းတင်ပြခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်မှ စားသုံးသူကာကွယ်ရေး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ( မူကြမ်း) ကိုရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာကြသော ဧည့်သည်တော်များမှ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။

DOCA(မန္တလေး)

ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)ကျင်းပ

           ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)ကို ရွှေဘိုခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  (၂၂.၉.၂၀၂၆)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင် ပညာရေးမှူးရုံးမှတာဝန်ရှိများ စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

      အဆိုပါအစည်းအဝေးတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဈေးကွက်အတွင်းရောင်းချသည့် ကုန်ပစ္စည်းများ  စားသုံးရန်သင့်/ မသင့်ကို ရှောင်တခင်စစ်ဆေးပြီး စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများကို မရောင်းချရန်ပြောကြားရမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်ပစ္စည်းများကို သေချာစွာစိစစ်ရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ထဲထဲဝင်ဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသည့်ဝန်ထမ်းများအနေဖြင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘများနှင့် စားသုံးသူပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

  ဆက်လက်၍ ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးဇော်မင်းသိန်းက ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်း၊  အမှာစာများအားဖတ်ကြားခြင်းနှင့် အထက်ဌာနလမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထို့နောက် တက်ရောက်လာကြသော ရွှေဘိုခရိုင်၊ စားသုံးသူရေးရာကော်မတီအဖွဲဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို (၁၂:၂၀) နာရီ မိးနစ်ဆယ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ