Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)အူကျွန်းအခြေံပညာ အထက်တန်းကျောင်းမုန့် ဈေးတန်းတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့၊‌ အမှတ်(၁)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) အူကျွန်းအခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းအား ကျောင်းကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့်အတူ ကုန်စည်များနှင့် ပတ်သတ်၍  လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တာရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစီစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသောတားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ၊ ရောင်းချမှုမရှိစေရေး မြန်မာနိုင်ငံစားသုံးကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီးဈေးရောင်းသူများသည် ဥပဒေပါ ပြဌာန်းချက်များသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်  မြို့မဈေးအတွင်းရှိ စားသုံးဆီလက်လီဆိုင်များအား ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှုး ဦးလှထွဠ်ဦးသည် မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ (၂၁.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ မြို့မဈေးအတွင်း ရောင်းချနေသော စားသုံးဆီလက်လီဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှုးမှ မြို့မဈေးအတွင်းရှိ စားသုံးဆီလက်လီဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်၊  ဘူးသွတ်ဆီများ ကုန်အညွှန်းအမှတ်အသား၊ FDA ထောက်ခံချက်မပါ ဝင်သော ဘူးသွတ်ဆီများ ဈေးအတွင်း ရောင်းချခြင်းမပြုကြရန် စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား ဆီအသင်းမှရရှိသောစားသုံးဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့် အညီစနစ် တကျဖြန့်ဖြူးရောင်းချကြရန်၊ စားသုံးသူပြည်သူများ မြင်သာထင်သာရှိစေရန် ဈေးနှုန်းများအား ဗီနိုင်းချိတ်ဆွဲထားရှိရန်၊ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရန်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံရုံးတွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များအား Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြော

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် OnlineSale ရောင်းချနေသော လူသုံးကုန်ပစ္စည်းရောင်းချသည့် ဆိုင်ပိုင်ရှင်များအား Online ရောင်းချနေမှုနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ တက်ရောက်လာသောလူသုံး ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ဆိုင်ရှင်များအား မိတ်ဆက်စကားပြောကြားပြီး၊ Online Sale နှင့် ပတ်သက်သည့် မှတ်ပုံတင်လျှောက်ထားရန် Online Registration မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်SMS မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး၊ တစ်ဦးချင်းဖြစ်ပါက မလိုကြောင်း၊ ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက် ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံOnlineSale Owner ၏မှတ်ပုံတင်၊ နေထိုင်သည့်လိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင်email(သို့)Mobile Phone Number ဖြင့်SingUp(Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း Onlineစနစ်ဖြင့် မှတ်ပုံတင်နိုင်ရန်အတွက် www.ecomreg.gov.mmမှ တစ်ဆင့်မှတ်ပုံတင် လျှောက်ထားနိုင်ကြောင်းOnlineShoppingမှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲOnlineမှ ရောင်းဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ လူသုံးကုန်ပစ္စည်းအမျိုးမျိုး ရောင်းချလုပ်ငန်းရှင် (၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ မြို့မဈေးတာဝန်ခံရုံးခန်းတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား  စားသုံးသူအသိပညာပေးဟောပြော

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးသည်(၂၀.၇.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ကျုံမငေးမြို့ရှိ မြို့မဈေးတာဝန်ခံရုံးခန်းတွင် ကုန်စုံဆိုင်လုပ်ငန်းရှင် (၇)ဦး အားOnline SaIe ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှတက်ရောက်လာသော လုပ်ငန်းရှင်များအား OnlineSaIeဖြင့် ရောင်းချနေသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်SMEs မှတ်ပုံတင် လက်မှတ်များတင်ပြရန် လိုအပ်ပြီးတစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန် ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Logo များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online   Sale  လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone  Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www. eComreg.gov.mmမှတဆင့်မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း မရှိပဲ Online မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြင်းခြံခရိုင်စားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေး ၂/၂၀၂၆ ကျင်းပပြုလုပ်        

          စားသုံးသူပြည်သူတို့၏ အခွင့်အရေးများနှင့်ရပိုင်ခွင်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်၊ စားသုံးသူတိုင်ကြားမှုများကို စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် စားသုံးသူများ စိတ်ကျေနပ်မှုရရှိစေရန်၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရိုင်ကော်မတီအစည်းအဝေး(၂/၂၀၂၆)ကို ၁၇.၇.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် ကော်မတီဥက္ကဌ ဦးမင်းမင်းထွန်း က စားသုံးသူကာကွယ်ရေးလုပ်ငန်းဆိုတာ စားသုံးသူများအတွက် ထိခိုက်နစ်နာမှုဖြစ်စေသော ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ဆိုးကျိုးများမှ ကာကွယ်ပေးခြင်းနှင့် စားသုံးသူများ၏အကျိုးစီးပွားကို ကာကွယ်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက် အတွက်မဟုတ်ဘဲ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည့်အတွက်  အားလုံးဝိုင်းဝန်းကူညီဖြေရှင်း သုံးသပ်အကြံပြုပေးစေလိုပါကြောင်း စသည် ဖြင့်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဦးသန်းစိုး က ၂၀၂၆ ခုနှစ် ဧပြီလမှဇွန်လထိ(၃)လတာ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များအား အသေးစိတ်ရှင်းလင်းခဲ့ပြီး ဆောင်ရွက်ချက်များအား မှတ်တမ်းတင်ထားရှိနိုင်ရေး တင်ပြခဲ့ ကြောင်း၊ အဖွဲ့ဝင်များမှလည်း အသီးသီးဆွေးနွေးခဲ့ပြီး ဥက္ကဌ မှ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း သည့် လုပ်ငန်းဆောင်ရွက်ချက်များအား မှတ်တမ်းတင်ပါကြောင်းနှင့် စားသုံးသူအကျိုးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း နိဂုံးချုပ်ပြောကြား၍ နံနက် ၁၁:၀၀ နာရီ အချိန်တွင် ကော်မတီအစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သိရသည်။

  DOCA(မန္တလေး)

လပွတ္တာခရိုင်၊ လပွတ္တာ မြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များသို့ အာဟာရ ဖြည့်စွက်စာများ ရောင်းချမှုအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံရုံးမှ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၂၀.၇.၂၀၂၆)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လပွတ္တာမြို့ရှိဆေးဆိုင်များအား အာဟာရဖြည့်စွက်စာများ ရောင်းချမှုအခြေအနေအားနယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ် တာဝန်ခံမှ ဆေးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော၂၀၁၉ပါ ဥပဒေ ပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ လိုက်နာဆောင်ရွက်ကြရန် အာဟာရဖြည့်စွက်စာ အမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ထားသိုသိမ်းဆည်းမှုအညွှန်းအတိုင်း ထားသိုရောင်းချ ကြရန် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း စစ်ဆေးရောင်းချကြရန်  ဆေးဆိုင်ပိုင်ရှင်များအား သတိပေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး “ မင်းသီဟ” ပဲကိတ် စားသောက်ကုန်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးအနေဖြင့် ထုတ်ကုန်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ ၊ စားသုံးသူများ နေ့စဉ် အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး ကုန်စည်များကို သတ်မှတ်စံချိန်းစံညွှန်းများ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး ဒု-ဦးစီးမှူးသည် ၁၆-၇-၂၀၂၆ ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီ အချိန်တွင်“မင်းသီဟ” ပဲကိတ် လုပ်ငန်းရှင်နှင့်တွေ့ဆုံ‌ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ ရောင်းချသည့် ကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား‌ဖော်ပြရမည့် အသေးစိတ်အချက်အလက်များအား ပြည့်စုံစွာထည့်သွင်း ဖော်ပြ ထားရန်လိုကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုကြောင်း၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ဥပဒေပြစ်မှု ၊ ပြစ်ဒဏ်များ အကြောင်းကိုလည်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ 

  DOCA(မန္တလေး)

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းရှင်အား မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်မြင့်မာလာဝင်း၊ ဦးစီးအရာရှိ သည် ၂၂-၇-၂၀၂၆ ရက်နေ့၊ နံနက် (၁၁:၃၀) နာရီ အချိန်တွင် “Luxe Notes အလှကုန်နှင့်လူသုံးကုန်လုပ်ငန်း၏ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌အသိပညာပေး ဆွေးနွေးခဲ့ပါသည်။   

                ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်မြင့်မာလာဝင်း၊ဦးစီးအရာရှိက အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန်ကို အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ‌ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့် ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထို့အပြင် အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားရာတွင် လျှောက်ထားရမည့် Link ဖြစ်သည့် https://www.ecomreg.gov.mm သို့ ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများဖြစ်သည့်လုပ်ငန်း၏ Logo(Jpg File)၊ လုပ်ငန်းလိပ်စာ မှန်ကန် ကြောင်းအတွက် ရပ်ကွက် ထောက်ခံချက်(Pdf File)၊ လုပ်ငန်းပိုင်ရှင် Passport Size ဓါတ်ပုံ((Jpg File)၊ လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့/နောက်((Pdf File)၊ လုပ်ငန်းပိုင်ရှင် လိပ်စာမှန်ကန်ကြောင်း အတွက် ရပ်ကွက်ထောက်ခံချက်(Pdf File) နှင့် လုပ်ငန်းပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံချက် (Pdf File) စသည့်အထောက်အထားများအား သတ်မှတ်ချက်များအတိုင်း ပူးတွဲ၍တင်ပြ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် မိမိလျှောက်ထားသည့်ပစ္စည်းအမျိုးအစားနှင့်စပ်လျဉ်း၍သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များကိုပါပူးတွဲတင်ပြရမည်ဖြစ်ကြောင်းအသိ ပညာပေးဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင်ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၆.၇.၂၀၂၆)ရက်နေ့ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ အားဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအားမိမိ၏အသိဖြင့်ဆင်ခြင် ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။   ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူး  စုစုပေါင်း(၈၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ မြို့ပေါ်ရှိ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်

         ဧရာဝတီတိုင်းဒေသကြီး၊      စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆.၇.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မြို့ပေါ်ရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော  အချိုရည်ဘူးများတွင်   ကုန်အညွှန်းအမှတ်အသားဖော်ပြချက်  ပြည့်စုံခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်ဦးစီးမှူးမှ မြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော   အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ဥပဒေ အခန်း (၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ