Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု - ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်း သည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၂၅.၈.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် မြန်အောင်မြို့၊ ရုံးပွဲလမ်း၊ အမှတ်(၅)ရပ်ကွက်နှင့် ကျောင်းကြီးလမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးဆက်ပိုင် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးနှင့် ဦးဌေးအောင်  ဘိလပ်မြေ အရောင်းဆိုင်များ တွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် စစ်ဆေးတွေ့ရှိချက်များအရ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ် မြေ ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးဖြင့်သာ ရောင်းချလျက်ရှိပါသည်။ မြန်အောင်မြို့နယ်တွင် စက်ရုံမှ ဘိလပ်မြေများ ဝင်ရောက်မှုရှိသဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း၊  ပစ္စည်းပြတ်လပ်မှု မရှိဘဲ ဒေသတွင်း သုံးစွဲမှုလုံလောက်ကြောင်း စိစစ်တွေ့ရှိရသည် ဟု သတင်းရရှိပါသည်။

EYDNS(DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် ခွဲတမ်းရ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၅.၈.၂၀၂၅) ရက်နေ့ ၊နံနက်(၉:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍   စားအုန်းဆီ လက်လီ၊ လက္ကား အရောင်းဆိုင်များအား  ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီဖြန့်ဖြူးရောင်းချနေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စား လှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk  အစီအစဉ် ကျင်းပဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk ဟောပြောခြင်းကို (၂၅.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင်  စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦးတက်ရောက်ခဲ့ပြီး Online Virtual စနစ်ဖြင့် ဆောင်ရွက် ခဲ့ပါသည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏လုပ်ငန်းစဉ်များ၊ ဝန်ထမ်းနှင့် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ၊ ရုံးလုပ်ငန်း၏အခြေခံသဘောတရားများ  အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်၊ဌာန၏ လုပ်ထုံး လုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း  ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

          အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာ စေရေးအတွက်ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့်အသိပညာများအမြဲမပြတ်ကြိုးစား သင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း၊ ပြည်သူများနှင့် ထိတွေ့ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေခြင်း၊ မိမိဌာန၏လုပ်ငန်းတာဝန်များအပြင် အခြား ဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်းသိရှိဆောင်ရွက်နိုင်စေရန် လေ့လာသင်ယူရန်လိုအပ်ကြောင်း ကိုလည်းကောင်း၊ ဆက်လက်၍ ကြံခင်းမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက အာဆီယံနိုင်ငံများတွင် ဆောင်ရွက်နေသော ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကနဦး ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံစားသုံးသူကာကွယ်ရေး မဟာဗျုဟာလုပ်ငန်းစီမံချက်အကြောင်း၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား နိုင်ငံများတွင် ဆောင်ရွက်နေသော ထုတ်ကုန်လုံခြုံစိတ်ချရမှု လုပ်ငန်းစဉ်များအား  အကျယ်တဝင့် ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၈/၂၀၂၅)အား ဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့်Onlineစနစ် ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၆.၈.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦး ကို လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည် ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြောနိုင်ရေး ကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မား လာစေရေးအတွက် ရုံးလုပ် ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်လိုအပ်ကြောင်း ကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ “ What is Quality” ခေါင်းစဉ်ဖြင့် ကုန်စည်၏အရည်အသွေးများအကြောင်း၊ စီမံရေးရာဌာနခွဲမှူး ဦးစီးအရာရှိ ဦးအောင်မျိုးထိုက်မှ ရုံးလုပ်ငန်းများအကြောင်း၊ စားသုံးသူရေးရာဌာနခွဲမှူး ဦးစီးအရာရှိ ဦးဝင်းအောင်က စားသုံးသူကာကွယ် ရေးဥပဒေများအကြောင်း၊ ငွေစာရင်းတာဝန်ခံ ဦးရဲမြင့်ထွန်းမှ ဘဏ္ဍာရေးစည်းမျဉ်းများအကြောင်း    အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပို့ချချက်များအပြီးတွင် သင်တန်းသားများမှ မရှင်းလင်း သည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး နေ့လည်(၁၅:၀၀)နာရီတွင် သင်တန်းဆင်း အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

EYDNS (DOCA ဧရာဝတီ)

မြန်အောင်မြို့နယ် “အောင်ကောင်း”ပဲကြော်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၁.၈.၂၀၂၅)ရက် နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ စိန်ဝတ်မှုန်(၁)လမ်း၊ (၁)ရပ်ကွက် ရှိ “အောင်ကောင်း” ပဲကြော်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ကုန်စည်နှင့်စပ်လျဉ်း၍ ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ် ဖော်ပြထားမှု ရှိ/မရှိ ၊ သက်ဆိုင်ရာ ဌာန ထောက်ခံချက်ရှိ/မရှိတို့အားစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြ ရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေ ရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ လည်း သိလိုသည်များ ကို မေးမြန်းဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

EYDNS (DOCA ဧရာဝတီ)

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ဂျင်းသုပ်နှင့် ငှက်ပျောကြော်လုပ်ငန်းများသို့ MSME ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်နှင့် လမ်းမတော်(မ)ရပ်ကွက်ရှိ ဂျင်းသုပ်နှင့် ငှက်ပျောကြော်လုပ်ငန်းများသို့ သွားရောက်၍ MSMEs ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ပြည်သူများစားသုံးရန် ထုတ်လုပ် လျက်ရှိသော မိသားစု တစ်နိုင်တစ်ပိုင် ဂျင်းသုပ်လုပ်ငန်းများတွင် စားသုံးသူပြည်သူများ  ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာ ထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း စစ်ဆေးဆွေ့ရှိရပါသည်။ ဆက်လက်၍ ကုန်စည်၏ ထုတ်လုပ်ပုံ နည်းစနစ်၊ ဈေးနှုန်း ဈေးကွက် အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်၊ သတ်မှတ် ထားသော စံချိန်စံညွှန်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှုတို့ကို အလေးထား ဆောင်ရွက်စေလို ကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရှိရ ပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်မြို့နယ် ‌“Myanmar Network” သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဩဂုတ် လ ၁၈ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ကျိတ္တန်းအနောက်လမ်း၊ အမှတ်(၂) ရပ်ကွက်ရှိ ““Myanmar Network”” သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေး ပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာ ရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ ကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွင်စားသုံးသူအပေါ်အရည်အသွေးပြည့်မီသောကွန်ယက် ချိတ်ဆက်မှုများ ဆောင်ရွက်ထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ ပါသည်။

EYDNS (DOCA ဧရာဝတီ)

မိတ္ထီလာမြို့ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချ

           မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် ပြည်သူများဈေးနှုန်းများသက်သာစွာဝယ်ယူအသုံးပြုနိုင်ရေး ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း နံနက်(၀၆း၃၀) နာရီခွဲမှ (၁၀း၀၀)နာရီအချိန်ထိ မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်းဈေးတွင် ပြည်သူများဈေးနှုန်းသက်သာစွာ ဖြင့်ဝယ်ယူအသုံးပြုနိုင်ရေး အခြေခံစားသောက်ကုန်များရောင်းချပေးခဲ့ပါသည်။

        စားသုံးသူပြည်သူများအား ရောင်းချပေးသောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ အမဲသား တစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၂၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ(၂၈၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။ အဆိုပါပြည်သူ့သက်သာဈေးရောင်းချပွဲကို မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဇလွန်မြို့နယ် “ထူးကဲ” ပဲကြော်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၉.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့နယ်၊ ခွာညိုလမ်း၊ ဆန်တန်းရပ်ကွက် ရှိ “ထူးကဲ” ပဲကြော်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ကုန်စည်နှင့်စပ်လျဉ်း၍ ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ် ဖော်ပြထားမှု ရှိ/မရှိ ၊ သက်ဆိုင်ရာ ဌာန ထောက်ခံချက်ရှိ/မရှိတို့အားစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြ ရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေ ရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ လည်း သိလိုသည်များ ကို မေးမြန်းဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

 (DOCA ဧရာဝတီ)

အင်္ဂပူမြို့နယ် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၉.၈.၂၀၂၅) ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌  ကုန်စုံ ဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းမှန်ကန်သော သတင်း အချက်အလက်များပေးခြင်း၊ စားသုံးသူများကို ခွဲခြားမှုမရှိဘဲမှန်ကန်စွာ ဆက်ဆံခြင်း၊ သတ်မှတ်ထား သော စံချိန်စံညွှန်း၊အရည်အသွေးများအပေါ် အခြေခံ၍ အာမခံချက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ