
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ( ၂၇ )ရက်နေ့၊ ( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသော ဒေါ်လှလှသန်း၊ ကျော့ရှင်းသူနှင့် Lucky ကုန်စုံဆိုင် ( ၃ )ဆိုင်သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်း အမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ၎င်း ကုန်စုံဆိုင်( ၃ )ဆိုင်၌ ရောင်းချနေသောအရန်သင့်အစားအစာ အများစုမှာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီ မှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိသည့် အရန်သင့်အစားအစာများကိုသာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေး လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြ ရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့မှုအား သတင်း ရရှိပါသည်။
DOCA(ကယား)
