Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာယာဝတီမြို့၌ စားအုန်းဆီအရောင်းဆိုင်များရည်ညွှန်း ဈေးနှုန်းနှင့် အညီရောင်းချရေး ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/ မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/ မရှိ၊ ဆီစာအုပ်များကို စနစ်တကျထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။

       သာယာဝတီမြို့နယ်အနေဖြင့် မြို့ပေါ် (၂၂)ရပ်ကွက်၊ကျေးးရွာအုပ်စု ၄၈ အုပ်စုရှိပြီး အိမ်ထောင်စုတစ်စုကို ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် (၁)ဦး၊လက်လီအရောင်း ၃၃ဆိုင်မှ တစ်လလျှင် ဆီပိဿာပေါင်း (၅၆၃၂၀) ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများနှင့် သာရေးနာရေးဆိုင်ရာ ကိစ္စရပ်များအတွက်ကိုလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၂၃..၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပျဉ်းမနားမြို့၊ ဘောဂသီရိကားဝန်း၊ မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်မှုကော်မတီရုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မော်တော်ယာဉ်လိုင်းများမှ ဂိတ်တာဝန်ခံများနှင့် မော်တော်ယာဉ်မှူးများ စုစုပေါင်း (၅၅)ဦး တက်ရောက် ခဲ့ပါသည်။

      အဆိုပါအသိပညာ‌ပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် အွန်လိုင်း ရောင်းချခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများတွင် ဖော်ပြပါရှိရမည့်  ကုန်အညွှန်း အမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။      DOCA (ပြည်ထောင်စုနယ်မြေ)

ကျွန်းလှမြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးအနေဖြင့်  ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်(၀၉;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက် အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့ စခန်း မြိုနယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှစီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေး စိတ် စိစစ်ချက်များအတိုင်း ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပြီး၊ ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး ဆေးပြတ်လတ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင် တင်သွင်းလာ သော ဆေးဝါးများ၊ စံမညီ ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများ သက်တမ်းလွန် ဆေးဝါးများ နှင့် လိုင်စင်မဲ့ဆေးဝါးများကိုလည်း ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက် များ ဥပဒေများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ညွှန်ကြား ချက်အမှတ်(/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြင့်ဝေပေးခဲ့ကြောင်း  သိရှိရပါသည်။  

  DOCA(စစ်ကိုင်း)

 

စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူပေါင်း၍  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၃) ရက်က ကဝမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကား ရောင်းချနေသောဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုများကို သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှု ရှိ၊ မရှိ ကြည့်ရူစစ်ဆေးသည်။

          ထိုသို့ ကြည်ရူစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှု ဦးစိုးမိုး၊  တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမိုးသက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှု ရှိ/ မရှိ မြို့ပေါ်ရပ်ကွက်များရှိ လက်လီ/ လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိတ်ဖက်ဌာနများနှင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

                  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ပိုင်းခရိုင်)၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ရုံးရှိ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါ၍  သန်လျင်မြို့နယ်၊ စည်ပင်သာယာမြို့မဈေးတွင် စားသောက်ကုန်အမျိုးမျိုး ရောင်းချနေသောဆိုင်များရှိ စားသောက်ကုန်များတွင် ခွင့်မပြုဆိုးဆေး ပါဝင်မှုရှိ/ မရှိနှင့်  ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးအမျိုးမျိူးတို့တွင် သက်တမ်းကျော်လွန်ခြင်းရှိ/ မရှိ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါဝင်ခြင်းရှိ/ မရှိ၊ စပ်ဆေးများ‌ရောင်းချမှုရှိ/ မရှိ၊ ဆေးဆိုင်လိုင်စင်များရှိ/ မရှိတို့ကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသင့်ထုပ်ပိုးထားသော အစားအသောက်များနှင့် ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအားလိုက်နာဆောင် ရွက်သွားရန်နှင့် ဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သထုံမြို့နယ်သို့ စားအုန်းဆီပေပါများ ရောက်ရှိမှုအခြေအနေအား စစ်ဆေးခြင်း

    ၂၄.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီရောက်ရှိလာမှုအား သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သွားရောက် စစ်ဆေးခဲ့ကြ သည်။

    ထိုသို့ စစ်ဆေးရာတွင် သထုံမြို့နယ် စားအုန်းဆီကိုယ်စားလှယ်များထံသို့ ယာဥ်အမှတ် (5C-2225)၊ ယာဥ်မောင်း ဦးညီညီ မော်တော်ယာဥ်ဖြင့် (Myat Ah Kan Co. Ltd) သို့ စားအုန်းဆီကိုယ်စားလှယ် ‌ဒေါ်ညိုညိုချောထံသို့ စားအုန်းဆီ (၂၁) ပေပါ ရောက်ရှိပြီး၊ ယာဥ်အမှတ် (5C- 2225) ၊ ယာဥ်မောင်း ဦးညီညီ မော်တော်ယာဥ်ဖြင့် (Lwin Maung Maung Co. Ltd) မှ စားအုန်းဆီလက်လီကိုယ်စားလှယ် ဦးကျော်နိုင်ထံသို့ စားအုန်းဆီ (၂၁) ပေပါနှင့် ဦးဝင်းလွင်ထံသို့ စားအုန်းဆီ (၂၀) ပေပါ၊ စုစုပေါင်း (၆၂) ပေပါ ‌ရောက်ရှိခဲ့ကြောင်း သိရှိပါသည်။

DOCA (မွန်)

အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကျင်းပ

           အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်များအား အသိပညာ‌ပေးဆွေးနွေးပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဇန်နဝါရီလ ၂၇ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးသန့်စင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါခိုင်နှင့် ဖိတ်ကြားထားသောအွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင် ၂၉ ဦးတို့တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ (ခ) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အမိန့်ကြော်ညာစာများ၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခွင့်ကို ကုန်သွယ်ရေးဦးစီးဌာနအား အမိန့်ကြော်ညာစာအမှတ် ၄၉/၂၀၂၃ ဖြင့်အပ်နှင်းခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း အမိန့်ကြော်ညာစာထုတ်ပြန်ပြီး ၆ လပြည့်သည့် နေ့ရက်မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ စစ်ဆေးရေးအရာရှိများက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းဆိုင်ရာ ထုတ်ပြန်ထားသည့်အမိန့်ကြော်ညာစာများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင် လက်မှတ်ရရှိပြီးသူများ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျွန်းလှမြို့ပေါ်ရှိ ဆန်ဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

                    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ ဈေးကွက်မရောက်မီစစ်ဆေးခြင်းများ၊ ဆေးဆိုင်များ၊ ဆန်ဆိုင်များ နှင့် စက်သုံးဆီဆိုင်များကို မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အနက် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ လက်လီ/လက္ကား ဆန်အရောင်းဆိုင်များသို့ (၂၂..၂၀၂၆) ရက်နေ့ နံနက်(၀၈;၀၀)နာရီ အချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။

                          ထိုသို့စစ်ဆေးရာတွင် ကျွန်းလှမြို့နယ်တာဝန်ခံမှ ဒေသတွင်းထွက်ရှိသည့်အခြေအနေ ရောင်းချနေ သော ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချရန်၊ ပစ္စည်းအရည်အသွေးနှင့်အချိန်အတွယ်ပမာဏ နှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊ ဆန်ဝယ်ယူရရှိမှုအခြေအနေ၊ ဆန်သိုလှောင် ထားရှိမှုအခြေအနေနှင့် လက်ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းအကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ပေါင်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေး ဆောင်ရွက်လျက်ရှိ

       ၂၃.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် ပေါင်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော ဒေါ်သိမ့်သိမ့်သီတာဇော် (အီလက်ထရောနစ်ပစ္စည်း) ရောင်းချနေသော လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါအသိပညာပေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင် လက်မှတ် သက်တမ်းတိုးခြင်းလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်း၊ စီးပွားလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားမှုကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်းတို့အား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သိရပါ သည်။

     DOCA (မွန်)

" ဓနသစ် " ရှယ်ပဲစုံခြမ်းနှစ်ပြန်ကြော် အလုပ်ရုံအား သွားရောက်စစ်ဆေး

                 ( ၂၂..၂၀၂၆ ) ရက်နေ့တွင် ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု:စီးမှူး ) သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ " ဓနသစ် " အမှတ်တံဆိပ် ရှယ်ပဲစုံခြမ်းနှစ်ပြန်ကြော် အလုပ်ရုံသို့သွားရောက်၍ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ကွင်းဆင်းစစ်ဆေးရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာထန်လမ်းဒိမ်မှ လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်များနှင့် ကွင်းဆင်းစစ်ဆေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒုဦးစီးမှူး ) မှ လုပ်ငန်းရှင်အနေဖြင့်အသုံးပြုသည့် အမှတ်တံဆိပ်အနေဖြင့် မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပြီး အမှတ်တံဆိပ်ပေါ်တွင်ဖော်ပြထားသည့် အသားတင်အလေးချိန်နှင့် ကိုက်ညီစွာ ထည့်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ