
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/ မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် PreMarket ဆောင်ရွက်နိုင်မှုအကြိမ်ရေ (၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ မင်းဘူးမြို့နယ်တွင် PreMarket (၁)ကြိမ်၊ ဈေးကွက်စောင့်ကြည့် (၂)ကြိမ်၊ အထူး ဈေးကွက်စောင့်ကြည့်(၁)ကြိမ် စုစုပေါင်း(၄)ကြိမ်၊ ပွင့်ဖြူမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်(၁)ကြိမ်၊ စလင်းမြို့နယ်တွင် PreMarket (၁)ကြိမ်၊ ဈေးကွက်စောင့်ကြည့်(၁)ကြိမ် စုစုပေါင်း (၂)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
