
စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် အသိပညာပေးဟောပြောပွဲ များ၊ လုပ်ငန်းရှင်တွေ့ဆုံပွဲများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်နှင့် တရားမဝင် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရန်အတွက် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ မေးမြန်းခြင်း၊ တိုင်ကြားခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်တွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် စားသုံးသူ များအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များကို ပိုမိုသတိပြုမိလာကြပြီး စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စားသုံးသူပြည်သူများသည် နေ့စဉ်ဝယ်ယူ သုံးစွဲနေသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိနှင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာ မှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို သိရှိလိုသဖြင့် 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါကဖြစ်စေ၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလိုပါကဖြစ်စေ ရုံးချိန်အတွင်း Consumer Call Center နံပါတ် 1535 သို့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန (DOCA) ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)
