Main menu

ထူးကြီးမြို့ရှိ စားအုန်းဆီလက်ကား၊ လက်လီကိုယ်စားလှယ်ဆိုင်များ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အင်္ဂပူမြို့နယ်တာဝန်ခံတို့ သည် (၃၀.၁၀.၂၀၂၅)ရက်နေ့ ညနေ (၄:၂၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ရှိ လက်ကား၊ လက်လီကိုယ်စားလှယ် ဦးစိုးဝင်းသိန်း ရောင်းချနေသည့်အမှတ်(၁)နှင့်(၂)ရပ်ကွက်ရှိ စားသုံးသူ ပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမူအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလ အတွင်း သတ်မှတ် ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာရောင်းချမှု ရှိ/မရှိ နှင့်စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)