Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သောက်ရေသန့်လုပ်ငန်းများအားကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး(ဦးသန်းတိုး)နှင့်ဝန်ထမ်း များသည် ပူးပေါင်းအဖွဲ့ဖြင့် (၁၃.၈.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀0)နာရီ အချိန်တွင် လွိုင်လင်မြို့ ပေါ်ရှိ ရွှေမြား၊ မြသဇင်နှင့် ရှမ်းစတား သောက်ရေသန့်လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သောက်ရေသန့်စက်ရုံများ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက်များ ရှိ/မရှိနှင့် စက်ရုံ၏ပတ်ဝန်းကျင် အခြေအနေများသန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ ၊ ကုန်ကြမ်း၊ ကုန်ချောများစနစ်တကျထားရှိမှုအခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေး ပြည့်ဝစွာ ထုတ် လုပ်သွားရန်၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြု နိုင်စေရန်၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရရှိစေရန်အတွက် သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား ပြည့်စုံမှန်ကန်စွာဖော်ပြ ထားရှိရန်နှင့် စက်ရုံအတွင်း/အပြင်သန့်ရှင်း ရေးနှင့်ရေးစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ် အရည် အသွေးပြည့်မီသော ကုန်စည်များကိုရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူရေးရာဦးစီးဌာနနှင့် Capital Connect Co,Ltd တို့ပူးပေါင်း၍ စားအုန်းဆီ လက်လီ/ လက်ကားကိုယ်စားလှယ်များအား (Ediable Oil System) EOS စနစ်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ရေးရှင်းလင်းဆွေးနွေး

          မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် Capital Connect Co,Ltd တို့ပူးပေါင်း၍ စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များအား EOS စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် စနစ်အားအသုံးပြုရာတွင် သိရှိလိုက်နာရမည့်အချက်များ ကို အသိပညာပေးနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ၁၇.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ လည်းကောင်း၊ ၁၈.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စားအုန်းဆီလက်လီ/လက်ကားကိုယ်စား လှယ်များအနေဖြင့် EOS စနစ်နှင့် ချိတ်ဆက်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် အချက် အလက်များ စနစ်အသုံးပြုပုံနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

          ထို့အပြင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းစဉ်များ ပိုမိုစနစ်တကျဖြစ်စေရေး၊ သတ်မှတ်ထားသည့် စည်မျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ကိုယ်စားလှယ် များအနေဖြင့် EOS စနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရေးတို့အတွက် လိုအပ်သည့် အသိပညာပေးများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံများ၊ သထုံခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်း၊ မြို့နယ် တာဝန်ခံ များ၊ Capital Connect Co,Ltd မှ တာဝန်ရှိသူများနှင့် စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက EOS စနစ်နှင့် ပတ်သက်သည့် သိရှိလို သည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။

          ယခုကဲ့သို့ ပူးပေါင်းအသိပညာပေးဆောင်ရွက်ခြင်းဖြင့် စားအုန်းဆီ လက်လီ/ လက်ကား ကိုယ်စားလှယ်များအနေဖြင့် EOS စနစ်ကို ပိုမို နားလည်သဘောပေါက်ပြီး စနစ်တကျ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု လုပ်ငန်းစဉ်များ ပိုမိုထိရောက်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ (အ.ထ.က) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

          ၁၉.၈.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူပေါင်း၍ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ (အ.ထ.က) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အခြေခံအခွင့်အရေး (၈) ရပ်၊ စားသုံးသူများ၏ တာဝန်ဝတ္တရားများ၊ ကုန်စည် နှင့်ဝန်ဆောင်မှုများဝယ်ယူအသုံးပြုရာတွင် သတိပြုရမည့်အချက်များ၊ ကုန်စည်များ ဝယ်ယူခြင်းမပြုမီ ကုန်အညွှန်းအမှတ်အသားများကို စိစစ်ဖတ်ရှုရန်၊ စားသုံးသူနစ်နာမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသေးစိတ်ရှင်းလင်းဟောပြော ခဲ့ကြောင်း သိရှိရပါသည်။

          ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး (ယာယီ) ဦးမြင့်ဦးနှင့် ဆရာ/ဆရာမ (၁၅) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)

စားသုံးဆီအမျိုးမျိုးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၁၈.၈.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်‌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါကုန်စုံဆိုင်များတွင် ရောင်းချနေ သော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသုံးဆီများ ရောင်းချနေခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျောက်ပန်းတောင်းမြို့ စံပြ အမက ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)သည် တိုင်းရင်းဆေးကုဌာန၊ ကျောင်းကျန်းမာ ရေးအဖွဲ့တို့နှင့်အတူ(၁၀.၈.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ စံပြအခြေခံပညာမူလတန်းကျောင်းရှိ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

                  ပူးပေါင်းအဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာနမှ စားသုံးရန်နှင့်သုံးစွဲရန် မသင့် ထုတ်ပြန်ထားသော ကုန်စည်များရောင်းချမှုမရှိစေရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်း ဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘော ထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး တို့အတွက် ကျောင်းမုန့်ဈေးတန်းများကို သက်ဆိုင်ရာဌာနများဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့် ကြည့်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းနှင့် ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန်နှင့်လိုက်နာမှုမရှိလျှင် စစ်ဆေး အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)             

မိတ္ထီလာမြို့ ယက္ကန်းနှင့်အသက်မွေးဝမ်းကျောင်း စားသုံးသူကာကွယ်ပေးရေးဥပဒေအသိပညာပေး ဟောပြောပွဲ

          မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ မိတ္ထီလာမြို့၊ ယက္ကန်းနှင့်အသက်မွေးဝမ်းကျောင်းတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နေ့လည်(၁၃း၀၀)အချိန် တွင် စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးမှစားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ နှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်း ဖြေရှင်းမှုများလုပ် ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း များအားလည်းကောင်း စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံး မှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များ အနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင် မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့် အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံး များတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင် တာ (CICC) ရုံးများတွင် တိုင်ကြားနိုင် ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာ ဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း ကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင်(၁၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။         

DOCA(မန္တလေး)                                                                                                                                    

မိတ္ထီလာ/ရမည်းသင်း) ခရိုင်၏ ဇူလိုင်လအတွင်း အစားအသောက်ဆိုင်ဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဦးစားပေးရွှေးချယ်ထားသည့် ကုန်စည်၊ ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း အနေဖြင့် အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုဖြစ်သော စားသောက်ဆိုင်များ၊ အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်မာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ ရမည်းသင်း၊ပျော်ဘွယ်နှင့် ဝမ်းတွင်းမြို့နယ်အတွင်း  ရှိ စားသောက်ဆိုင်(၁၀) အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြုပြင်ရောင်းချမှုတွင်သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစား အသောက် များ သန့်ရှင်းလတ်ဆက်မှု ရှိ/မရှိ၊ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့်သတင်း အချက်အလက်များကို အသိပေးခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခမည်မျှ ကောက်ခံသွားမည်ကို ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခ ကောက်ခံခြင်းရှိ/မရှိ၊ ဈေးနှုင်း (Menu) ကဒ် ထားမှုရှိ/မရှိ၊ လုပ်သားများ ဆေးစစ်ထားမှုရှိ/မရှိ၊ ကုန်ကြမ်းများသန့်ရှင်းလတ်ဆတ်မှုနှင့် ဘေးအန္တ ရာယ်ကင်းရှင်းမှုရှိ/မရှိ၊ အသား၊ငါးသိုလှောင်တဲ့ အခြေအနေ (ရေခဲသေတ္တာ၊ စားဖိုဆောင်စသဖြင့်) သန့်ရှင်သပ်ရပ်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

(မိတ္ထီလာ/ရမည်းသင်း)ခရိုင်၏ ဇူလိုင်လအတွင်း စားသုံးသုကာကွယ်ရေးအသိပညာ ဆွေးနွေးခြင်းနှင့်လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

             စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်”ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာ ထားချက်ချ မှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

               (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်း မြို့နယ်(၆) ခုရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူ အသိပညာပေး (၇) ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၁၃) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊တိုင်ကြားပုံနည်းလမ်းများအားအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)

(မိတ္ထီလာ/ရမည်းသင်း) ခရိုင်၊ ဇူလိုင်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးဈေးကွက်  စောင့်ကြည့်စစ်ဆေးခြင်း

                 (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အနေဖြင့် ၂၀၂၆ခုနှစ်၊ ဇူလိုင်လအတွင်း ထုတ်ကုန်လုံခြုံရမှုဌာနခွဲ တာဝန်ခံ၊ မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်များပြည့်စုံစွာထည့်သွင်းဖော် ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်အလိုက် ဈေး(၂)ကြိမ်၊ စက်ရုံ/အလုပ် ရုံ(၂) ကြိမ်၊  ရပ်ကွက်စတိုးဆိုင်များတွင်(၅)ကြိမ်၊ ဆေးဆိုင်(၄)ကြိမ်နှင့် ကျောင်းမုန့်ဈေးတန်းတွင် အသင့်စားမုန့်အမျိုးမျိုးအား စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၁၅)ကြိမ်၊ ဈေးကွက်မရောက်မီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်း (၄) ကြိမ်၊ အထူးဈေးကွက်အနေဖြင့် ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်း နှင့်အချင်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်ညွှန်းကြားချက်ပါအကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

                   ထို့အပြင် မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြု ချက်ရရှိသည့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်များပေးအပ်ခြင်းနှင့် MSME ဒေသထွက် ကုန်များထုတ်လုပ်သည့် လုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်း ဆိုင်ရာများနှင့် စပ်လျဉ်း၍ မိတ္ထီလာမြို့ပေါ်ရှိအွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များထံသို့သွားရောက်၍အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာအကြောင်းအရာများနှင့်မိမိတို့ ထုတ် လုပ်သည့်ကုန်စည်များပေါ်တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြစေရန်တို့ကိုအသိပညာပေးခြင်း၊အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား FDA၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသောက်ဆိုင် များသို့သွားရောက်၍ အစားအသောက်ရောင်း ချသည့်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး ခြင်းတို့ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ