Main menu

ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းများသို့ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လည်ပတ်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဝေဠုအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၇.၈.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော "ပိုပိုကောင်း"နှင့်ခိုင်မွန်ပဲကြော်ဖိုလုပ်ငန်းများသို့ မြေပြင်တွင် လုပ်ငန်းအမှန်တစ်ကယ် လည်ပတ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ပဲကြော်လုပ်ငန်းများမှာ အမှန်တစ်ကယ်လုပ်ငန်းလည်ပတ်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ကုန်ကြမ်းပဲကြီးကို ပိဿာချိန်(၃၀)ဝင် တစ်အိတ်လျှင် ကျပ်(၂၀၀၀၀၀-၂၅၀၀၀၀)ဖြင့် မုံရွာ၊ အောင်ပန်းမြို့များမှ ဝယ်ယူကြောင်း၊ တစ်နေ့လျှင် အိတ်ရေ(၁၈ - ၂၀)အိတ်ခန့် ကြော်ရကြောင်း၊ တစ်လလျှင် ပျမ်းမျှ(၂၀-၂၅)ရက် ခန့် လုပ်ကိုင်ရကြောင်း၊ ပဲကြော်သော လုပ်သားဦးရေ ()ဦးရှိပြီး လုပ်သားခကို တစ်နေ့လျှင် အမျိုးသားတစ်ဦး ကျပ်(၁၅၀၀၀)၊ အမျိုးသမီးတစ်ဦး ကျပ် (၁၀၀၀၀)ပေးကြောင်း၊ ပဲညှစ်သော လုပ်သားဦးရေ  အများအပြားရှိပြီး ပဲညှစ်ခကို တစ်ပြည်လျှင် ကျပ်(၇၀၀)ပေးကြောင်း၊ လူတစ်ဦး လျှင် ပဲညှစ်ခ ကျပ်(၆၀၀၀-၈၀၀၀)ခန့်ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲပူးကြော်၊ နှစ်ပြန်ကြော် တစ်ပိဿာလျှင် လက်လီ ကျပ်(၂၀၀၀၀)၊ လက်ကား ကျပ်(၁၈၀၀၀)ဖြင့် ရောင်းချကြောင်း၊ ပဲကြော်များကို ပခုက္ကူမြို့ပေါ်တွင် ရောင်းချရမှုနည်းပြီး ရန်ကုန်၊ တောင်ကြီး၊ မုံရွာ၊ ကလေး၊ ကလေးဝမြို့နယ်များသို့ ရေလမ်းဖြင့် အများဆုံးတင်ပို့ ရောင်းချကြောင်း သိရသည်။

          ဈေးနှုန်းချိုသာသော စားအုန်းဆီ ခွဲတမ်းရရှိမှုကြောင့် လက်ရှိအချိန်တွင် ပဲကြော်လုပ်ငန်း လုပ်ကိုင်ရသည်မှာ အဆင်ပြေကြောင်း၊ လုပ်ငန်းတွင်ကျယ်စွာ လုပ်ကိုင် ရသောကြောင့် စားအုန်းဆီ လုံလောက်မှုနည်းပါးသဖြင့် ဝါစေ့ဆီကို တွဲဖက်၍ သုံးစွဲနေကြောင်း၊ ဝါစေ့ဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ပခုက္ကူစက်မှုဇုန်မှ ဝယ်ယူကြောင်း၊ ဆီခွဲတမ်းရရှိမှုများလျှင် ပို၍ အဆင်ပြေကြောင်း၊ ဆီဈေးနှုန်းသင့်တင့်စွာ ဝယ်ယူရလျှင် စားသုံးသူများအပေါ် ပို၍ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ကြောင်း ပဲကြော်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)