Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ ကိတ်မုန့်၊ပေါင်မုန့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ) ဦးဆောင် သောဝန်ထမ်း(၂)ဦးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ( ၂၈ ) ရက်၊   ( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ အတွင်းရှိ ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ်ရောင်းချနေသော   “ TTH ” နှင့် “ A1 ”  မုန့်ဖိုများသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် “ TTH ” နှင့်“ A1 ” မုန့်ဖိုများ၌ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် မုန့်များတွင်ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ပြည့်စုံမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စားမုန့်များဖြစ်သည့် ကိတ်မုန့်၊ပေါင်မုန့် စသည့်မုန့်များ ထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များအား ထည့်သွင်းဖော်ပြရန်နှင့် ပြန်လည်ပြင်ဆင် ဖြည့်စွက်ပြီးသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ အမြန်ဆုံးပြန်လည်တင်ပြသွားရန် အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကယား)

ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ‌ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ) ဦးဆောင် သောဝန်ထမ်း( ၂ )ဦးသည် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ( ၂၈ )ရက်၊ ( ၁၀:၀၀ )အချိန်တွင် လွိုင်ကော်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)သို့ သွားရောက်၍ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) နှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စစ်ဆေးရာတွင် ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် အင်တာနက်ဝန်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား အသုံးပြုသည့် စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် အမှန်တကယ်အသုံးပြုသူများအား မျှတ၍ပွင့်လင်းမြင်သာမှု ရှိသော အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များအားသတ်မှတ်ပေးရန်၊ ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှုအရည်အသွေးတို့ပါဝင်သော ဝန်ဆောင်မှုအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက် များကိုထုတ်ပြန်ထားရန်၊ အမှန်တကယ်အသုံးပြုသူများ၏ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့်သတင်း အချက်အလက်လုံခြုံရေးတို့ကို ကာကွယ်ပေးမည့်အစီအစဉ်များအား စာဖြင့်ရေးသားဖော်ပြ ထားရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှုမရှိ စေရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်း ထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေးဖော်ပြထားရန်၊ ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုများ ရှိပါကသုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထားများအား မှားယွင်းစွာငွေကြေး ဖြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများက ငွေပြန်အမ်း သည့် Refund Policy များ ချမှတ်ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုကို ကြော်ငြာရာတွင် ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်း (Terms and Conditions)များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြ ထားရှိရန်၊ စားသုံးသူများက ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ပိုမိုသေချာစေရေးအတွက် Double Confirmation ပြုလုပ်၍ ဝယ်ယူနိုင်စေရန်၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်ရန် စီစဉ်ထားရှိစေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကယား)

မိုးညှင်းခရိုင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

       ကချင်ပြည်နယ်အတွင်း ဆန်စပါးဈေးနှုန်းများသင့်တင့်မျှတစွာဖြင့် တည်ငြိမ်စေရေး ဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ၂၇-၈-၂၀၂၆ ရက်နေ့တွင်  ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးဝင်းသိန်းဦး (စားသုံးသူ‌ရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်တာဝန်ခံ) ဦးဆောင်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များအသင်းတို့သည် မိုးညှင်းမြို့ ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူးက  လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆန်အိတ်များ အလေးချိန် အချင်အတွယ်မှန်ကန်စေရေး၊ ဈေးနှုန်းအနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့်သာ ရောင်းချစေရေး၊လတ်တလောကာလ၌ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုအပေါ် အခွင့်‌ကောင်းယူ၍ ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်မှုမရှိစေရေး အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုများဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသော သိုလှောင်ရုံများအား MyRoစနစ်တွင် မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ရန် လုပ်ငန်းရှင်များအား အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ 4 ရက်နေ့မှ 10 ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း လုပ်ငန်းရှင် ၂၂ ဦးက အပ်နှံလာသော သီးနှံ အမျိုး အစား ၁၅ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၈၁ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၄၈ ခုကို ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း လယ်ယာထွက်ကုန် ပို့ကုန်များအား ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ နှမ်းနက် (သိပ္ပံ)၊ မုယောစပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲယင်းနီ၊ တိရစ္ဆာန်စာ၊ ပဲလွန်း၊ မြေပဲ၊ နှမ်းဖြူ၊ နှမ်းညို၊ မြေထောက်ပဲ တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတုနှင့် ရူပအရည်အသွေးစသည့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများနှင့် ရောနှောဆီ၊ မြေပဲငြုပ်ဆီတို့၏ အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၄၂ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၃၅ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၂၆ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်းမှ ၄၂ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၃ ခု စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၁၄၈ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

 

မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – My RO) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု

     ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင် ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – My RO) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

       မြန်မာဆန်စပါးအွန်လိုင်း (My RO) တွင် အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းများကို သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်များအလိုက် အုပ်စု ၄ စုခွဲ၍ ကောက်ခံ လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ထိ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မှတ်ပုံတင်ထားသည့် ဆန် စပါးသိုလှောင်ရုံ ၅,၈၆၁ လုံး မှတ်ပုံတင်ထားရှိပါသည်။

အင်တာနက်ဝန်ဆောင်မှုကဏ္ဍအား စောင့်ကြည့်စစ်ဆေးခြင်း

               မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)နှင့် သယ်ယူပို့ဆောင်ရေး ဝန်‌ဆောင်မှုတို့အား သတ်မှတ်ကာလအလိုက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊မြို့နယ်များတွင် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ဦးမျိုးထွန်း (ဦးစီးအရာရှိ)ဦးဆောင်၍၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ချမ်းအေးသာစံမြို့နယ်အတွင်းရှိ Link Fast Fiber Internet Service ၊ ATOM Intrernet Service ၊ FORTUNE BROADBAND ၊ Stream Net Internet Service စသည့် ဆက်သွယ်ရေးဝန်ဆောင်မှု(၄)ခုအား စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်မှ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထား သည့်အချက်အလက်များ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ အင်တာနက်ဝန်ဆောင် မှုပေးသည့် လုပ်ငန်းများသို့ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါ ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များ သိသင့်သိထိုက်သည့် အချက်အလက်များအား  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)       

စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် ဦးဆောင်၍  ၂၇-၈-၂၀၂၆ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်(၁၅)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန်အချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

                       ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပုဒ်မ ၂၁ အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူကဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်း များဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ်  ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း စသည့် အချက်များအကြောင်း၊ အခန်း(၁၈) ပုဒ်မ(၄၁)ပါ  ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ် လျဥ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူး ရောင်းချရန်အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ်  စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ အကြောင်း၊ဥပဒေပါတားမြစ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အားအသိပညာပေးဆွေးနွေးခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCa(ရှမ်း)   

ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဒုဦးစီးမှူး ဦးထန်ဘူးလေ သည် (၂၆.၈.၂၀၂၆)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မိုးကောင်းရပ်ကွက်၊ အောင်ပန်းမြို့ရှိ  စော်ဘွား (လက္ဖ်ခြောက်လုပ်ငန်း)အား ကုန်အညွန်းအမှတ်အသားပြည့်စုံစွာ ပါရှိရေး(Pre Matket) ဈေးကွက်မရောက် မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် ဒုဦးစီးမှူး ဦးထန်ဘူးလေမှ ကုန်စည်နှင့်စပ်လျဉ်း၍ မြန်မာ ဘာသာ ကုန်အညွှန်းအမှတ်အသားဖော်ပြမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍အချက်အလက်များကိုပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး ကုန်စည် အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင် ရွက်ရန် ရှင်းလင်းဆွေးနွေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCa(ရှမ်း)   

နမ့်စန်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး(ဦးသန်းတိုး)နှင့် ဝန်ထမ်း များသည် (27.၈.၂၀၂၆) ရက်နေ့ နေ့လည်(၁၃:၀0)နာရီ အချိန်တွင် နမ့်စန်မြို့ပေါ်ရှိ မျိုးကောင်းခေတ် ဆန်အရောင်းဆိုင်နှင့် မကလျာ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်အရောင်းဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှထုတ်ပြန်ထားသော ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ (စပါးသစ်ပေါ်ချိန်) အထိ ရောင်းချရမည့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ ဆန်အမျိုးအစား အလိုက်ရောင်းချနေသည့် ဈေးနှုန်းများ ကိုက်ညီမှုရှိ/မရှိ၊ အရည် အသွေးနှင့် အချိန်အတွယ်များ ပြည့်ဝမှန်ကန်မှု ရှိ/မရှိ အခြေအနေများအား စစ်ဆေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပြည်တွင်း ကုန်သွယ်မှု ဖွံဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုန်စည် စီးဝင်/စီးထွက်မှု အခြေအနေများကို စာရင်းကောက်ယူခြင်း၊ ဈေးကွက်အတွင်း နေ့စဉ်ကုန်ဈေးနှုန်း ဖြစ်ပေါ်မှု အခြေအနေများကို သုံးသပ်တင် ပြခြင်းများအား သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCa(ရှမ်း)   

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ