Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြု လျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု များဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ လစဉ် သတ်မှတ်ထားသောဦးစားပေး ကုန်စည်အမျိုးမျိုးနှင့် အခြားကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်း များ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီ မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်း စောင့်ကြည့်စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍ လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများ က ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှ ဦးဆောင်၍ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာများအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးအား ဦးစား ပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော် ပြထားခြင်းရှိ/မရှိ ဈေး ကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင် နှင့်စတိုးများ၊ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိ(၅)ကြိမ်၊ ဆိပ်ဖြူမြို့တွင်(၁)ကြိမ်၊ ဂန့်ဂေါမြို့ တွင်(၁)ကြိမ်၊ ပခုက္ကူမြို့နှင့် ဆိပ်ဖြူမြို့တွင်စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း(၂)ကြိမ်၊ ဈေးကွက်မရောက်မီ စားသုံးဆီ ဆုံဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း ရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ(၂)ကြိမ်၊ စုစုပေါင်းဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၁၁)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့်ဆေးဝါးများအား သတ် မှတ်ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ကွင်းဆင်းခဲ့ပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကိုအသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များသိရှိစေရန် အသိပညာပေး ခြင်းနှင့် အွန်လိုင်းစနစ် ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်ရန် အတွက် လိုအပ်သည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ သယ်ယူပို့ဆောင် ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ (အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍစုံအား ပို့/ဆက်ဦးစီးဌာန၊ မော်တော် ယာဉ်လိုင်း များကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်း၍ သယ်ယူပို့ဆောင်ရေးကားဂိတ်များသို့ သွား ရောက်၍ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အသိပညာပေးဆွေးနွေးခြင်း၊ ကုန်အညွှန်း အမှတ်အသားစိစစ်ခွင့်ပြုချက်ရရှိသော လုပ်ငန်းရှင် များအားကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြု ချက်များပေးအပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့နယ်တွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ဝန်ဆောင်မှုကဏ္ဍ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးနိုင်ရေး ရည်ရွယ်၍ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် မြို့နယ်မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးလှအောင်ရွှေနှင့်အတူ (၁၈.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် သယ်ယူပို့ဆောင်ရေးယာဉ် လိုင်းအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ စစ်ဆေးရာတွင် ခရီးသည်များအား လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်နိုင်ရေး ခရီးသည် ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှုအခြေအနေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ် လိုင်းများအား ကြီးကြပ်စစ်ဆေးခဲ့ပြီး အများသုံးသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များတွင် ယာဉ် မတော်တဆကိစ္စရပ်များ လျှော့ချနိုင်စေရန် သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းမပြုရေး၊ ယာဉ်မောင်းများ ယာဉ်မောင်းစဉ် အရက်သေစာသောက်စားထားခြင်းမရှိစေရေး၊ ဖုန်းပြောဆိုမှုမရှိစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ချောက်မြို့ တွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းပေါင်း (၂၀)ရှိပြီး မကွေး၊ မန္တ‌လေး၊ ရန်ကုန်၊ နေပြည်တော်အပြင် ချောက်မြို့မှ မြို့ကြီးများစွာသို့ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

မြင်းခြံမြို့တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးပွဲကျင်းပ

    မြင်းခြံခရိုင်ဦးစီးမှူးရုံး၌ (၇.၂.၂၀၂၆) ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး နှင့် မြင်းခြံမြို့နယ်ရှိ စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ထုတ်လုပ်သော ကုန်စည်များကို အရည်အသွေးပြည့်ဝကောင်းမွန်ပြီး စားသုံးသူအတွက် ဘေးအန္တရာယ် ကင်းရှင်းမှုရှိအောင် စီးပွားရေးကျင့်ဝတ်စည်းကမ်းများ၊ သတ်မှတ်ပြဌာန်းထားသော ဥပဒေများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှလည်း MSME လုပ်ငန်းများအား အလေးထားအားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေး ကွက်များထိတိုင် ထိုးဖောက်နိုင်ရန်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့စားသုံးသူ ကာကွယ်ရေး ဥပဒေ အရ ကုန်စည်နှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်စွာဖော်ပြပါရှိစေရေးအတွက် စိစစ်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ လာရောက်၍ စိစစ်မေးမြန်းလျှောက်ထားနိုင်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်သော ကုန်စည်များသာ ရောင်းချမှုရှိစေရေးအတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များကို အစဉ်တစိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိသလို ဈေးကွက်မရောက်မီ ကုန်စည်များကိုလည်း လုပ်ငန်းခွင်များသို့ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်နေသည့်အတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီမှု၊ လိုက်နာမှုများမရှိလျှင် သတ်မှတ်ထားသော ဥပဒေများအတိုင်း အရေးယူခံရမည်ဖြစ်ပါကြောင်းနှင့်သိရှိလိုသည်များအား မေးမြန်းဆွေးနွေးနိုင်ပါကြောင်း ရှင်းလင်းဟောပြောဆွေးနွေးရာ လုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မိမိတို့ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့်  ဟောပြောပွဲသို့ လုပ်ငန်းရှင်(၄၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်၌ MSME  ထုတ်ကုန်များ ဈေးရောင်းပွဲတော်ကျင်းပ

              စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး အသေးစား အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ထုတ်ကုန်များ ဈေးရောင်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂.၂.၂၀၂၆  ရက်နေ့မှ ၁၇.၂.၂၀၂၆ ရက်နေ့ တွင် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်၊ ကျောက္ကာလမ်းရှိ ပြည်သူ့ ဥယျာဉ်၌  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရသည်။

           အဆိုပါ ဈေးရောင်းပွဲတော်တွင် အသိပညာပေးပြခန်း ၁၆ ခန်း၊  MSME  ဒေသထွက် ကုန်အရောင်းဆိုင်ခန်း  ၉၆ ခန်းတို့ဖြင့်  ခင်းကျင်းပြသထားပြီး လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများရောင်းချခဲ့ပြီး ဖျော်ဖြေရေးကဏ္ဍတွင်   နိုင်ငံကျော် အနုပညာရှင်များက သီဆို တင်ဆက်ခဲ့ကြောင်း ရှိရပါ သည်။ 

  DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်း ရောင်းချနေသော ဆားများ၌ အိုင်အိုဒင်းပါဝင်မှု  ပြည့်မီခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဆားများ၌ အိုင်အိုဒင်းပါဝင်မှု ပြည့်မီခြင်း ရှိ၊ မရှိ သတ္တုတွင်းဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် သတ္တုတွင်း ဦးစီးဌာန(ဆားလုပ်ငန်းဌာနခွဲ)မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် များသို့ ကွင်းဆင်း၍ ရောင်းချနေသော ဆားများ၌ အိုင်အိုဒင်းပါဝင်မှု ပြည့်မီခြင်း ရှိ၊ မရှိ စစ်ဆေး ခဲ့ပါသည်။

                    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ “စိန်မေတ္တာမွန်” အမှတ်တံဆိပ်၊ “ဆန်းသစ်” အမှတ်တံဆိပ် အိုင်အိုဒင်းဆားထုပ်များ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး သတ္တုတွင်းဦးစီးဌာန (ဆားလုပ်ငန်း ဌာနခွဲ)မှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား အိုင်အိုဒင်းပါဝင်မှု ပြည့်မီသည့် ဆားများသာ ရောင်းချခွင့် ရှိကြောင်း၊ အိုင်အိုဒင်းပါဝင်မှု မပြည့်မီသည့် ဆားများ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရှင် အား ပြန်လည်သိမ်းဆည်းစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူကမြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ် အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စျေးကွက်အတွင်း ရောင်းချနေသော ကလေးဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ကလေးများဘေးကင်းလုံခြုံစေရေး ဦးစားပေးကုန် စည်အနေဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့များဖြင့် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ဆေးဆိုင်များရှိ ကလေးဖြည့်စွက်စာ အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကလေးဖြည့်စွက်စာအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာပါရှိခြင်းရှိ/မရှိနှင့် ဘေးအန္တရာယ်ကင်းစေရေးအတွက် သက်ဆိုင်ရာထောက်ခံချက်ပါ ရှိခြင်းရှိ/မရှိအပြင် အိမ်သုံးဆေးဝါးစျေးနှုန်းများအား စုံစမ်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Duck အမှတ်တံဆိပ် အဆင့်မြင့်သန့်စင်ထားသောဟင်းရွက်ဆီ နှင့် ဘူးသွပ်ဆီအမျိုးမျိုးကို ရတနာပုံ ရပ်ကွက်ရှိ  မိုးစက်ချို ကုန်စုံဆိုင်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ မုံရွာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးတို့သည်  ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလရက်၁၈ ရက်နေ့ နေ့လည် (၂:၃၀)နာရီအချိန်တွင် မုံရွာမြို့ပေါ်ရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင် ရောင်းချ သော အမှတ်တံဆိပ်ပါဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မုံရွာမြို့နယ် အခြေခံစားသောက်ကုန် ဈေးကွက်အတွင်း စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်ရောက် ကုန်စည်များ စစ်ဆေးဆောင်ရွက်ရာတွင်  ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိရသည်။ ရောင်းချသော လုပ်ငန်းရှင်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်း ချရန် နှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက် နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ် ကျေနပ် မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအား စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  DOCA(စစ်ကိုင်း)

                                                                                   

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

    ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ ဖြိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည်စျေးကွက်အတွင်း ဆန်စျေးနှုန်းနှင့် Consumer Packaging များတွင် သင့်တင့်မျှတသောစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက် နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ တလိုင်းစုရပ်နှင့် ဆိပ်ငယ်ရပ်ရှိ ဆန်အ‌ရောင်းဆိုင် များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသောဈေးနှုန်းများကို သတ်မှတ်ရည် ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

 

စစ်ဆေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အများပြည်သူ သိသင့်သိထိုက်သည့် ဥပဒေပါအကြောင်းအရာများ၊ ညွှန်ကြားချက်များ၊ အမိန့်များအား နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးဆောင်ရွက်လျက်ရှိရာ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀.၂.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊  ဒေါ်သင်းသင်းဆွေ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌာန်းထာသည့် စစ်ဆေး ရေးအရာရှိ၏ အဓိပ္ပာယ်ဆိုသည်မှာ စားသုံးသူရေးရာဦးစီးဌာနက စစ်ဆေးရေးမှူးအဖြစ် တာဝန်ပေး အပ်ခြင်းခံရသူကို  ဆိုလိုတာဖြစ်ကြောင်း၊ အခန်း(၆) ပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန် (၁၁)ချက်ဖြစ်သော ပြည်တွင်း၌ ထုတ်လုပ်သောကုန်စည်များ၊ ပြည်ပမှ တင်သွင်းသော ကုန်စည် များကို ဈေးကွက်မရောက်မီ(သို့) ဈေးကွက်ရောက်ပြီး ကုန်စည်များ ဘေးအန္တရာယ် ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များ ပါဝင်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးရန်(သို့) အသုံးပြုရန် သင့်/ မသင့်နှင့် ဘေးအန္တရာယ် ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရမှာ ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးရေးအရာရှိ (၅၆၆)ဦး ခန့်အပ်တာဝန်ပေးထားကြောင်း စသည့်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် “‌‌ရွှေပူး” အမှတ်တံဆိပ် သဘာဝ ရှောက်ရှည်နှင့်နာနတ်ပေါင်းရည်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၉..၂၀၂ ရက်နေ့တွင် ရွှေပူး အမှတ်တံဆိပ် သဘာဝရှောက်ရည်နှင့်နာနတ်ပေါင်းရည်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

      ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်း မှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ