Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ ရတနာဌေးဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အား ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ ရတနာဌေးဆန်စက်လုပ်ငန်းရှင်နှင့်တွေဆုံ၍ ဈေးနှုန်း ဈေးကွက်နှင့် ဆန်/စပါး သိုလှောင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြောက်ပိုင်းရပ်ကွက်ရှိ ရတနာဌေးဆန်စက်မှ ဆန်နှင့်စပါးများအား သိုလှောင်ထားရှိမှုနှင့် ဆန်များအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုကြရန်၊ မြန်မာနိုင်ငံဆန်၊ စပါး အသင်းချုပ်(MRF) မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ဆန်စက်များအနေဖြင့် ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင် ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ငပုတောမြို့ ယင်းမာလမ်းတွင် ရောင်းချနေသော မုန့်ဟင်းခါးဖိုအား သန့်ရှင်းခြင်း၊ တာရှည်ခံဆေးများသုံးစွဲခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၅) ရက်နေ့ နံနက်(၉:၃၀) အချိန်တွင် ငပုတောမြို့ မြောက်ပိုင်း ယင်းမာလမ်းတွင်  ရောင်းချနေသော ဒေါ်အုန်းမြင့်မုန့်ဟင်းခါးဖိုအား သန့်ရှင်းခြင်း၊ တာရှည်ခံဆေးများသုံးစွဲခြင်း  ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့မြောက်ပိုင်း ယင်းမာလမ်းတွင် ရောင်းချနေ သောမုန့်ဟင်းခါးဖိုအား တာရှည်ခံဆေးများသုံးစွဲခြင်း၊ သန့်ရှင်းခြင်း ရှိ/မရှိ စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ထို့နောက် သက်ဆိုင်ရာ ဌာနမှခွင့်ပြုထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် သန့်ရှင်းသပ်ရပ်သော စားသောက်ကုန်များ ကိုသာဈေးကွက်အတွင်း တင်သွင်းရောင်းချရန် မုန့်ဟင်းခါးဖိုပိုင်ရှင် ဒေါ်အုန်းမြင့်အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

(DOCA) ဧရာဝတီ

 

Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များအား မြေပြင်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၂၇.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် “T&T Baby Clothing” မှ “ကလေးအဝတ်အထည်များ”အား  အမှတ်(၆)၊ မေယု(၁)လမ်း၊ အရှေ့ဒဂုံမြို့နယ် သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကို စစ်ဆေးပြီးမှသာOnline Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား (၂၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့နယ်တာဝန်ခံမှ ခေါ်ယူတွေ့ဆုံ၍ စားအုန်းဆီထုတ်ယူမှုကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ ဗွီနိုင်းချိတ်ဆွဲ ထားရှိနိုင်ရန်လည်းကောင်း၊ ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီသယ်ယူမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဆီကိုယ်စားလှယ်များအား ဆွေးနွေးပြောကြားခဲ့ပြီး လက်လီ/လက္ကားရောင်းချ နေသောဆိုင်များတွင် ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချ ကြရန်၊ ဗွီနိုင်းချိတ်ဆွဲထားရှိကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချ ကြရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားပြီးစားအုန်းဆီ လက်လီ/လက္ကားရောင်းချနေမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီ ဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ ပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင် ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

(DOCA) ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် ရောင်းချနေသော Co Coသောက်ရေသန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် ငပုတော မြို့နယ် မြို့မဈေးတွင်  ရောင်းချနေသော Co Co သောက်ရေသန့် ဘူးများအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှု  ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြို့မဈေးတွင်ရောင်းချနေသော Co Co သောက်ရေသန့်ဘူးများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သောအစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် ကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေး ခဲ့ပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာနှင့် ရေငံ၊သရက်ကုန်းကျေးရွာတို့တွင် စားအုန်းဆီရောင်းချနေသော ဇနကဆီဆိုင်အား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ငပုတောမြို့နယ်  ဟင်းအိုးချောင်းကျေးရွာနှင့် ရေငံ၊သရက်ကုန်းကျေးရွာတို့တွင် စားအုန်းဆီရောင်းချ နေသော ဇနကဆီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း ဗွီနိုင်းချိတ်ဆွဲထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနရှိ မြို့နယ်တာဝန်ခံမှ စားအုန်းဆီလက်လီ ရောင်းချနေသော ဇနကဆီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေခြင်း၊ ဗွီနိုင်းချိတ်ဆွဲထားရှိခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ဈေးနှုန်းနှင့် ရောင်းချသည့်ပိဿာချိန်အရေအတွက်အား ဗွီနိုင်းဖြင့် အများပြည်သူမြင်သာအောင် ချိတ်ဆွဲရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ဇနကဆီဆိုင်ပိုင်ရှင်အား စားအုန်းဆီ လက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများစစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇနကဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

(DOCA) ဧရာဝတီ

 

ဘိလပ်မြေအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၂၈.၁၀.၂၀၂၅)ရက်နေ့ နေ့လည် (၀၁:၀၀) နာရီအချိန်တွင် ပြည်လမ်း၊ တပ်ကြီးကုန်းကျေးရွာရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေး၊ ပစ္စည်းအရည်အသွေးကောင်း မွန်စေရေးတို့အတွက် စနစ်တကျဂရုတစိုက်ဆောင်ရွက်ကြစေရန်နှင့် ဘိလပ်မြေအိတ်များကို ဝယ်ရင်းဈေးထက် အမြတ် (၁၀%)ထက်ပို၍ ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ အဆိုပါ အရောင်းဆိုင်များအနေဖြင့် ဝယ်ရင်းဈေးထက် အမြတ်(၂%)သာယူ၍ ရောင်းချလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းအုပ်စု ဟင်းအိုးချောင်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား ဆီစာအုပ်ဖြန့်ဝေပေးခြင်းပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းအုပ်စု ဟင်းအိုးချောင်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား ဆီဝယ်ယူရန်အတွက် ဆီစာအုပ်များဖြန့်ဝေပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထို့သို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး ဆီစာအုပ်ဖြန့်ဝေရာတွင် ဆီစာအုပ်ပြုလုပ်သောလူမှလွဲ၍ အခြားလူများ ဝယ်ယူခြင်းမပြုရန်၊ ဆီဝယ်ယူခွင့်ပြုထားသည့်ကာလအတွင်း သတ်မှတ်ပမာဏကိုသာ ဝယ်ယူရရှိရန်၊ ဝယ်ယူရရှိသည့်ဆီကို မိမိ မိသားစုစားသုံးရန်အတွက်သာ သုံးစွဲရမည်ဖြစ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုကြရန်၊ စာအုပ် ပျက်စီး/ပျောက်ဆုံးပါက စာအုပ်ထုတ်ပေးထား သည့်နေရာသို့သတင်းပို့တင်ပြရန်၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံထားခြင်း မပြုကြရန် မိမိလက်ဝယ်တွင်သာထားရှိကြရန် ရှင်းလင်းပြောကြားပြီး ဟင်းအိုးချောင်းကျေးရွာတွင် စုစုပေါင်းဆီစာအုပ်(၁၅၀)အုပ် ဖြန့်ဝေပြီးဖြစ်ပါသည်။

(DOCA) ဧရာဝတီ

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁၀/၂၀၂၅)အား ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့်Onlineစနစ် ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၆.၈.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦး ကို လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည်ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြော နိုင်ရေး ကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပထမဦးစွာ စားသုံးသူရေးရာဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့်အသိပညာများအမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်လိုအပ်ကြောင်း ကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်(သို့)ဝန်ဆောင်မှုဆိုင်ရာ စားသုံးသူအပေါ် လိမ်လည်လှည့်ဖြားခြင်းနှင့် ထင်ယောင်ထင်မှား ဖြစ်ခြင်း ကွဲလွဲမှုများအကြောင်း  အသိပညာပေး  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပို့ချချက်များ အပြီးတွင် သင်တန်းသားများမှ မရှင်းလင်းသည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းပြော ကြားခြင်း အစီအစဉ်ကိုပြုလုပ်ဆောင်ရွက်ခဲ့ပြီး အဆိုပါ သင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

 (DOCA ဧရာဝတီ)

ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk  အစီအစဉ် ကျင်းပဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk ဟောပြောခြင်းကို (၂၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင်  စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦးတက်ရောက်ခဲ့ပြီး Online Virtual စနစ်ဖြင့် ဆောင်ရွက် ခဲ့ပါသည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏လုပ်ငန်းစဉ်များ၊ ဝန်ထမ်း နှင့် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ၊ ရုံးလုပ်ငန်း၏အခြေခံသဘောတရားများ  အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်၊ဌာန၏ လုပ်ထုံး လုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း  ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

      အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာ တာဝန်ဝတ္တရားများနှင့် အသိပညာများအမြဲမပြတ် ကြိုးစားသင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း၊ ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေခြင်း၊ မိမိဌာန၏လုပ်ငန်းတာဝန်များအပြင် အခြားဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်း သိရှိဆောင်ရွက်နိုင်စေရန် လေ့လာသင်ယူရန်  လိုအပ်ကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များညွှန်ကြားချက်အမှတ် (၁/၂၀၂၂)အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ