Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

     အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၁၉..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

        စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောရာတွင်မိမိဌာန၏ မျှော်မှန်းချက် ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူများ ၏အခွင့်အရေးအကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်မည့်နည်းလမ်းနှင့် ဖြေရှင်း ဆောင်ရွက်နေမှုအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည်စုံမှလုံခြုံစိတ်ချရမည့်အကြောင်းရှင်းလင်း ခြင်း၊ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရခြင်းနှင့် အွန်လိုင်းဖြင့်စျေးဝယ်ရာတွင် သတိထားရမည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

   DOCA (ပြည်ထောင်စုနယ်မြေ)

ညောင်ဦးမြို့တွင် ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံခရိုင်နှင့်ညောင်ဦးခရိုင် အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေ များနှင့်အညီ ထုတ်လုပ်နိုင်စေရေး အတွက်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ရှိရာ (၁၁.၂.၂၀၂၆)  ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ညောင်ဦးခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် ညောင်ဦးမြို့၊ သီရိမင်္ဂလာ၊ ငှက်ပစ်တောင် ရပ်၊ အောင်မြေသာရပ်ကွက်ရှိ ပဲကြော်လုပ်ငန်း၊ ကိတ်မုန့်လုပ်ငန်းခွင်များသို့ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ဒေသတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း သုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲမှုရှိစေရန်၊ ထုတ်လုပ်သုံးစွဲသည့့်် ကုန်ကြမ်းပစ္စည်းများ အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်စေရေး အထူးအလေးထား လုပ်ဆောင် ကြရန်၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာန များ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်တို့အတွက် ဈေးကွက်မရောက်မီ ကုန်စည် များအား လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း ဒေသ အတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခုလို ဈေးကွက်မရောက်မီကုန်စည်များကို စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့် စစ်ဆေးဖြင့်ဖြင့် လုပ်ငန်းရှင်များဘက်မှလည်း မှန်ကန်သည့်နည်းလမ်းများ၊ ဥပဒေများနှင့်အညီ အချိန်မီပြင်ဆင်ထုတ်လုပ်လာစေနိုင်ပြီး ဈေးကွက်အတွင်း၌လည်း လုံခြုံစိတ်ချရသော ကုန်စည်များ ကိုသာ စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။  

DOCA(မန္တလေး)

“သုံးခွမြို့နယ်အတွင်းရှိအထူးကုဆေးခန်းစစ်ဆေးဆိုင်သို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်း ဖွင့်လှစ်ထားသော အေးမေတ္တာ အထူးကုဆေးဆိုင်သို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့ (ရန်ကုန်) မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ်လိုက်ပါပြီး ဖေဖော်ဝါရီလ (၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီဝင်းနှင့် ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အနော်ရထာလမ်း၊  အမှတ်(၁)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော အေးမေတ္တာ အထူးကုဆေးခန်း၏ ဆေးဆိုင်သို့ ဆေးဝါးများစနစ်တကျရောင်းချမှုရှိ/မရှိ၊ ထိန်းချုပ် ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ ဆေးဆိုင်လိုင်စင်ရှိ/မရှိနှင့် ထိန်းချုပ်ဆေးဝါးများအား သတ်မှတ်ချက်နှင့်အညီ လုံခြုံစွာထားသိုရောင်းချနိုင်ရန် စီစဉ်ထားရှိနိုင်ရေးနှင့် လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လွိုင်ကော်မြို့ပေါ်ရှိဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးကျော်ဇင်ထွေး( ဒု-ဦးစီးမှူး )ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊  ဖေဖော်ဝါရီလ( ၂၀ ) ရက်နေ့ နံနက်( ၁၀:၃၀ )နာရီအချိန်တွင်လွိုင်ကော်မြို့ပေါ်ရှိ အိမ်သုံး ဆေးဝါးများရောင်းချနေသော ဆေးအရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏   ( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မိတ်ဖက်ဌာနဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များတွင် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော အိမ်သုံးဆေးဝါးများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ဆေးဝါး များသာ တင်သွင်းရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြု ချက်လိုင်စင်သက်တမ်းတိုးဆောင်ရွက်သွားရန်၊  စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း များနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များရောင်းချခြင်း၏ ဆိုးကျိုး များအားအသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ကျင်းပ

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်း စရာ အသိပညာပေး Talk Show ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ် က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံနှင့် ရည်ရွယ်ချက်များ၊ အခွင့် အရေးများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို မေးမြန်းရာ စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် စတင်ပြဌာန်းခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပိုမိုပြည့်စုံအောင် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြဌာန်းခဲ့ပါကြောင်း၊ ဥပဒေပြဌာန်းရခြင်း ရည်ရွယ်ချက် များနှင့်စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး ၈ ချက်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းများကို နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ  လုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိနားလည်ပြီး လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်များကို ဥပဒေများနှင့် အညီထုတ်လုပ်လာစေခြင်း၊ စားသုံးသူများမှလည်း ကုန်စည်၊ ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူ တတ်လာစေခြင်း၊ မိမိတို့၏ အခွင့်အရေးများကို သိရှိနားလည်၍ နစ်နာဆုံးရှုံးမှုများကို အရေးဆို တိုင်ကြားလာနိုင်စေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အောင်မြင်တိုးတက်လာမည်ဖြစ်ပါသည်။ ယခု အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း Facebook စာမျက်နှာနှင့် Telegram Channel, MOI Website တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။    

DOCA(မန္တလေး)        

အွန်လိုင်းဖြင့် အဝတ်အထည်များ ရောင်းချသည့် လုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ သည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များ အပါအဝင် အခြားသိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ (၁၈..၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန် တွင် ပခုက္ကူမြို့ပေါ်ရှိ အဝတ်အထည်များရောင်းချ သည့် လုပ်ငန်းရှင်များထံသို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးခဲ့ပါသည်။

          ထိုသို့အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့်ရောင်းချနေသည့် လုပ်ငန်း ရှင်များ အနေဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန် လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင် ထားခြင်း မရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုသို့ အွန်လိုင်း မှတ်ပုံတင်ထားခြင်းဖြင့် အွန်လိုင်းရောင်းချနေသော လုပ်ငန်းများမှ အဝတ်အထည်၊ အစားအသောက်၊ အလှကုန်ပစ္စည်းများစသည့် ကုန်စည်အမျိုးမျိုးကိုစားသုံးသူများ အနေဖြင့် ဝယ်ယူ သုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး၊ အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်း ရှင်များအား မိမိတို့ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချနေမှု အပေါ်မှတ်ပုံတင်လျှောက် ထားရန်အတွက် လျှောက်ထားရန် အခြေခံလို အပ်ချက်များအပါအဝင် အစားအသောက်များနှင့် စပ်လျဉ်း၍ရောင်းချပါကလည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များပြည့်စုံစွာထည့်ထားရန် လိုအပ်ကြောင်း၊ အခြားသိကောင်းစရာများနှင့် လိုအပ်သည်များ ကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ  ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး မူဝါဒ(ပြည်တွင်း)ဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့မဈေးအတွင်းရှိ ဆန်ပွဲရုံများနှင့် လက်လီ/လက်ကားရောင်းချသော ဆန် ရောင်းဝယ်ရေးဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်/ပွဲရုံများအား ဈေးနှုန်းမြှင့်တင် မရောင်းချရန်၊ ဈေးကစားရန်အလို့ငှာ ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ သတ်မှတ်ထားသော ဈေးနှုန်းများအား ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။  ဆန်ရောင်းချ သူများမှ ဆန်များကို ရောင်းရသလောက်သာ မှာယူရောင်းချကြောင်း၊ အများအပြား သိုလှောင် ထားခြင်း များမရှိကြောင်း၊ ဈေးနှုန်းများကိုလည်း သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနေသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက် ရန်လိုကြောင်း၊ MyRO မှတ်ပုံတင် ထားသော သိုလှောင်ရုံများအား လစဉ် ဆန် ရ၊ ထုတ်၊ ကျန်စာရင်းများ ဖြည့်သွင်းရန်လိုကြောင်း၊ လက်ကျန်များ မဖြည့်သွင်းလျှင် လုပ်ငန်းရှင်၏ တာဝန်သာဖြစ်ကြောင်း၊ မှတ်ပုံမတင်ရသေးသော သိုလှောင်ရုံများကိုလည်း တစ်ပါတည်း မှတ်ပုံတင် ရန်အသိပေးခဲ့ကြောင်း၊ လက်ရှိရောင်းချနေသော ဆန်များနှင့် ဧရာဝတီ/ ရွှေဘိုပေါ်ဆန်းဆန်များ၏ ဈေးနှုန်း ၊လက်ကျန်၊ စီးဝင်/ စီးထွက်များကို မှတ်တမ်းကောက်ယူခဲ့ပြီး ဆန်ရောင်းဝယ်ရေးဆိုင်များ အား  သိရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူဘေးကင်းရေးကို ဦးစားပေး၍ ကလေးအသုံးအဆောင်ပစ္စည်းများနှင့် ကလေးအာဟာရဖြည့်စွက်စာများ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်‌ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အရေးပါသော ကလေးအာဟာရဖြည့်စွက် စာနှင့် ကလေးအသုံးအဆောင်ပစ္စည်းများနှင့် ပတ်သက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ချောက်မြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များတွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် သက်ဆိုင်ရာဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စျေးကွက်အတွင်းရောင်းချနေသော ကလေးအာဟာရဖြည့် စွက်စာ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ကစားစရာများနှင့် အခြားပစ္စည်းအမျိုးမျိုးတို့ကို (၁၉.၂.၂၀၂၆)ရက် နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)နှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၂၉)တို့နှင့်အညီ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲအပါအဝင် လိုအပ်သော အချက်အလက်များကို မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျှက်ဖြစ်စေ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိကို အသေးစိတ်စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် အန္တရာယ် ဖြစ်စေနိုင်သော ဓါတုပစ္စည်းများပါဝင်မှု ရှိ/မရှိ ကြီးကြပ်စစ်ဆေးခဲ့သည်။ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များ၊ အထူးသဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြရန် လိုအပ်ချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ စည်းကမ်းနှင့် ကိုက်ညီသော ကုန်ပစ္စည်းများကို ရောင်းချဖြန့်ဖြန့်ဖြူးခြင်းမပြုရန်နှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ “ ပညာစံအိမ်” ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲပြုလုပ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်၍ (၁၀.၂.၂၀၂၆)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ပညာစံအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာဆရာ/ဆရာမ()ဦး၊ ကျောင်းသား/ သူ(၉၈)ဦး၊ စုစုပေါင်း(၁၀၁)ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူရေးရာ ဦးစီးဌာနပေါ် ပေါက်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ် ဖြစ်သော ကြောင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့တိုင်ကြားနိုင် ပါကြောင်း  အကျယ်တဝင့် ဟောပြောခဲ့ပါသည်။

    ဆက်လက်၍ ငွေစာရင်းတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်က  စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း() ပုဒ်မ(၁၉) ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် ပုဒ်မ(၂၀)တွင် ပြဌာန်းထား သည့် စားသုံးသူ၏ တာဝန်များကို သိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးများသိရှိပြီး ရယူနိုင်မှသာ လျှင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ နစ်နာမှုများအတွက် တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစား နိုင်ခွင့်များရှိပြီး နောင်အနာဂတ်မှာ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ လိုက်နာ ရမည့်တာဝန်()ချက်ကိုလည်း အသေးစိတ် ဟောပြောခဲ့ပါသည်။

    ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်က စားသုံးသူ ကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းအရာများ၊ အခန်း(၁၉)ပါတိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိလျှင် စားသုံးသူသတင်း ပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)သို့ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင် သူများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ မှာ DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာ နှင့် Consumer Call Center (1535)ဖွင့်လှစ်ထားရှိပြီးဖြစ်၍တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောပြီး၊ အသိပညာပေးမှု များအပေါ် ဖြေဆိုနိုင်သော ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“ ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ အားကွင်းဆင်းစစ်ဆေးခြင်း ”

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီကုန်စည်များနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဈေးကွက်စောင့် ကြည့်စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မ ဈေးအတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးရောင်းချသောဆိုင်များအား ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များနှင့် ထည့်သွင်းဖော်ပြထားခြင်းရှိ /မရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုမရှိစေရေးတို့ကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြပြီး ရောင်းချသော ဈေးဆိုင်ပိုင်ရှင်များအားလည်း စစ်ဆေးခဲ့သော အချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ