Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သရက်မြို့၊  ကြယ်စင်စုစာကျက်ဝိုင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်တာဝန်ခံတို့၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို (..၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သရက်မြို့၊ ပြည်တော်အေး ရပ်ကွက်()လမ်းရှိ ကြယ်စင်စုစာကျက်ဝိုင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဦးကြည်ဆွေဦး(စာကျက်ဝိုင်းတာဝန်ခံဆရာကြီး)မှ အဖွင့်မိတ်ဆက် စကားပြောကြားပြီး ဒေါ်နွဲ့ယဉ်ဝင်း(ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာန စတင်ဖြစ်ပေါ်လာပုံ အကျဉ်း နှင့် မိမိတို့ဌာနသည် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)အရ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါ ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          ထို့နောက်ဒေါ်ရီရီထွေး(ဒုတိယဦးစီးမှူး)မှ ကုန်အညွှန်း အမှတ်အသားများအကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉၊အခန်း၂၃)အရ တားမြစ်ထားသည့် ကုန်စည်နှင့်ဝန်ဆောင်မှု များအကြောင်းနှင့် စားသုံးသူ မိဘပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်းဒေသ ကြီးဦးစီးမှူးရုံး၊ ခရိုင်တာဝန်ခံ ရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ ( CICC )ရုံး များထားရှိပြီး လာရောက်တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့် စားသုံးသူ ရေးရာဦးစီးဌာန၏ (Website) တစ်ခုဖြစ်သော WWW.doca.gov.mmတို့တွင် ဝင်ရောက် လေ့လာ တိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး  ကျောင်းသား/ကျောင်းသူ Grade (11)နှင့် Grade(12) (၈၅)ဦး၊ ဆရာ/ဆရာမ(၂)ဦးတို့အား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဈေးကွက်အတွင်းရှိ အသင့်စား၊ အရန်သင့်စား အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာနသည် သက်ဆိုင်ရာနယ်မြေများအလိုက် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပါ ပြဌာန်းချက် များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များ နှင့် လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ (၅.၆.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ညောင်ဦးမြို့၊ ပုဂံမြို့သစ်ဈေးရှိ စတိုး ဆိုင်နှင့်ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်စားနှင့်အရန်သင့်စား အစားအစာအမျိုးမျိုး၌ စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းများနှင့်ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်မှုရှိ/မရှိနှင့်  တရားမဝင်သော၊ စားသုံးရန်မသင့်သော၊ သက်တမ်းလွန်သော ကုန်စည်များရောင်းချမှုရှိ/မရှိတို့အား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်း များကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

 

                                                         

ချောက်မြို့၊ ရွာဟောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာ များပူးပေါင်း၍(၉.၆.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်တွင် ရွာဟောင်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          ရှေးဦးစွာ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သော အစားအစာများနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ရေး နှင့် Online လိမ်လည်မှုများ” အကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ များ” အကြောင်းကို လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များ၊ ရေဘေးကာကွယ်ရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၆၅)ဦး တက်‌ရောက်ခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ကျောင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

My RO မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေး၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချမှုရှိစေရေး ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း

    မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင် များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိရာ(၈.၆.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ဒုခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ စည်ပင်သာယာဈေးရှိ ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း၍ My RO မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပါက သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့် လစဉ် လဆန်း(၁)ရက် နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား မပျက်မကွက်ဖြည့်သွင်းပေးရန်နှင့် ဖြည့်သွင်းသည့် အရေအတွက်နှင့် မြေပြင်လက် ကျန်အရေအတွက်များ မှန်ကန်မှုရှိရန်၊ ဒေသတွင်းဆန်စပါးဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးများကိုအခြေခံ၍ သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချ ကြစေရေး ကွင်းဆင်းကြီးကြပ်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

                                                         

Ever Top ရပ်ကွက်ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၅-၆-၂၀၂၆ နေ့၊ မွန်းလွဲ(၁၃:)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ Ever Top ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များကို စိတ်ချစွာဝယ်ယူစားသုံးနိုင်ကြစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်၊ အရည်အသွေးကောင်းပြီး အာမခံချက်ပေးနိုင်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်သုံးစွဲနိုင်စေရန်၊ တိကျမှန်ကန်ရှင်းလင်းသော သတင်း အချက်အလက်များ သိရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျှင် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

            ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၅.၆.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၅.၆.၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၄၅၁၅)ကျပ်၊ 95 Octance(၄၅၆၀)ကျပ်၊ ရိုးရိုးဒီဇယ်(၄၃၈၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၅၂၉၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၂၀၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၂၃၅)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၃၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၄၃၀) ကျပ် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။  မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည် အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။

 DOCA(မန္တလေး)

စားသုံးသူကာကွယ်ရေးဥပဒ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)ဦးဆောင် သောဝန်ထမ်း( ၃ )နှစ်ဦးသည် ၂၀၂၆ ခုနှစ်၊ ဇွန်( ၁၁ ) ရက်နေ့နံနက်(၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့်လူသုံး ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၌ သင်တန်းသား/သင်တန်းသူစုစုပေါင်း(၂၀)ဦးအား စားသုံးသူကာကွယ် ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်ဘာသာနှင့်အခြားဘာသာ တစ်ခုထက်ပို၍ဖြစ်စေဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက် အမှတ်(  ၂/၂၀၁၉ ) အတိုင်းလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ဥပဒေပါတားမြစ်ချက်၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့် ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP) နှင့် ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်

          ၁၂.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင် (၆) ဦးနှင့် တွေ့ဆုံ၍ အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (NCPP) နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင် (၆) ဦး အား အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP) နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးရာတွင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော ကုန်စည်၊ ဝန်ဆောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များအား သိရှိလိုက်နာဆောင်ရွက်ရေး၊ မိမိတို့ထုတ်လုပ်သော ကုန်စည်၊ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး စသည်တို့ကို စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များမှ သိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (မွန်)

မြင်းခြံမြို့တွင် အသင့်စား အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ စားသောက်သုံးစွဲရာတွင် ထိခိုက်နစ်နာ မှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဥပဒေပါပြဌာန်းချက် များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံ စိတ်ချရမှုမရှိသော ကုန်စည်များ ပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ (၄.၆.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြင်းခြံမြို့၊ စံပြဈေးရှိ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်စား အစားအစာများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် များပါဝင်မှုရှိ/မရှိနှင့်  တရားမဝင်သော၊ စားသုံးရန်မသင့်သော ကုန်စည်များရောင်းချမှုရှိ/မရှိ တို့အား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည် များကိုသာ ရောင်းချမှုရှိကြောင်းတွေ့ရှိရပြီးစဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ DOCA(မန္တလေး)

 

                                                                                                        

စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

              မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆီအသင်းတာဝန်ခံတို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြင်းခြံမြို့နယ်ရှိ အများပြည်သူသို့ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးနေသော လက်လီဆီကိုယ်စားလှယ် အရောင်းဆိုင်များသို့ ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

            နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူ စားသုံးနိုင်ရန်ထုတ်ပေးသော စားအုန်းဆီများကို စားအုန်းဆီလက်လီအရောင်းဆိုင်များမှ ရောင်းချ ရာတွင် ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်းရောင်းချမှုရှိစေရေး၊ စားအုန်း ဆီများဖြန့်ဖြူးရောင်းချရာတွင် အများပြည်သူမြင်သာစေရန် ရောင်းချသည့်နေ့ရက်နှင့် ဈေးနှုန်းများကို ဗီနိုင်းတွင်ရေးသား၍  ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာ ရောင်းချစေနိုင်ရေး၊ ဖြန့်ဝေထုတ်ထားပေးသော ဆီများကိုသာရောင်းချမှုရှိစေရေးနှင့် အဆိုပါစားအုန်း ဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့ အတွက် ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီရောင်းချပေးနေမှုများအား ဆက်လက်၍လည်း အစဉ်တစိုက် ကြီးကြပ်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ