Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခွင့်လျှောက်ထားခြင်းအား ကွင်းဆင်းစစ်ဆေး

       (၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆန်/ စပါး သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ Mahar Thengkha၊ Paddy Star၊ Shoon Myat၊ BMI နှင့် U Tun Zaw Min Co.,Ltd များမှ မိမိတို့ဆောင်ရွက်နေသော ဆန်စပါးသိုလှောင်ရုံခြင်းများကို အခြေအနေအရပ်ရပ်ကြောင့် ဆန်စပါးသိုလှောင်ရုံကဏ္ဍများကို Myanmar Rice Onlin-MyRo တွင် ပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ မြေပြင်အမှန်တကယ်ဆောင် ရွက်နေခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရှော့ဗာနာအွန်လိုင်းရှော့လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

         (၉.၁၂.၂၀၂၅)ရက်နေ့ ညနေ(၁၆:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရှော့ဗာနာအွန်လိုင်းရှော့လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ရှော့ဗာနာအွန်လိုင်းရှော့ပိုင်ရှင် ဦးချမ်းသာဦးနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်း စရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၁၂.၂၀၂၅ )ရက်နေ့ နေ့လယ်(၁၅:၃၀) နာရီအချိန်တွင် thut6447 Smile အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၇၈၄)၊ စိန်ပန်းလမ်း၊ လှိုင်သာယာမြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (9.၁2.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် ထန်းတပင်မြို့နယ်ရှိ Kyaw Soe Htet Golden Fish Properties အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထား ရာတွင် ဖော်ပြ ထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အနောက်ပိုင်းတက္ကသိုလ်လမ်း၊ ထိန်နှစ်ပင်ရပ်ကွက်၊ ထန်းတပင်မြို့နယ်ရှိ “Kyaw Soe Htet Golden Fish Properties”အမည်ဖြင့် Online  စနစ်ဖြင့်ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက် ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၄၀၃)၊ သီတဂူ(၁)လမ်း၊ (၁၀)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ “Lynn T-Shirt & DTF Printing”အဝတ်အထည်များ ရောင်းချသည့်လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       (၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(ဘီ)၊ ဃ/၁၂၊ သီတာလမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ MH Vine Fashion & Clothing လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီ မှုရှိ/ မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

 စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည်(၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၁၅)နာရီအချိန်တွင် အမှတ်(၅၂၈)၊ လေးလမ်းမြောက်လမ်း၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် နုကော်လက်ရှင် လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် အချက်အလက်များနှင့်  ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှေက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Chue Htet Moe လူသုံးကုန်ပစ္စည်းလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       (၉.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် ဒါးပိန်တောင်ကျေးရွာအုပ်စု၊ တိုက်ကြီးစုရပ်ကွက်၊ လှည်းကူးမြို့နယ်ရှိ Chue Htet Moe လူသုံးကုန်ပစ္စည်းလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးက Chue Htet Moe ပိုင်ရှင် ဒေါ်ချူးထက်မိုးနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်အတွင်းရှိ အသင့်သောက်အချိုရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း 

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)နှင့်ဝန်ထမ်းများသည်၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ One Stop Kitchen တာဝန်ခံနှင့်တွေ့ဆုံ၍ Kitchen Mark အတွင်း ရောင်းချလျက်ရှိသော အသင့်သောက်များတွင်အချိုရည်ဗူးများတွင်   ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်များတွင်အချိုရည်ဗူးများဖြစ်သော  SPEED အားဖြည့်အချိုရည်၊ Royal D သီးစုံဓါတ်ဆား အားဖြည့်အချိုရည်၊ Max + အချိုရည်၊ PEPSI  ကိုလာအချိုရည်၊ Sunkist အချိုရည်၊ SHARK အားဖြည့်အချိုရည် Sprite အချိုရည်စသည့်အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေး ချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလိုဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလိုဗာ ၂ အလှကုန်ပစ္စည်းအမျိုးမျိုး Online shop အား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၉.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည်  ကလိုဗာ ၂ အလှကုန်ပစ္စည်းအမျိုးမျိုး Online shop အား သင်္ဂဟလမ်း၊ ကျောက်မြောင်းအထက် ရပ်ကွက်၊ တာမွေမြို့နယ်သို့သွားရောက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ် ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိစစ်ဆေးခဲ့ပြီး အလှကုန်ပစ္စည်းများတွင် အမျိုးအမည်၊ ကြိုတင်သတိ ပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း စသည့်ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြထားရှိရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အလှကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ