Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

My RO တွင် ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်ခြင်း၊သက်တမ်းတိုးခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး Virtual  စနစ်ဖြင့်တက်ရောက်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် ရုံးချုပ် မှ ကျင်းပပြုလုပ်သော မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online – My RO)တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်း၊သက်တမ်းတိုးခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ၁၅-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူး)နေ့နံနက် (၁၀:၀၀)နာရီ အချိန်တွင်  Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေနှင့် ဝန်ထမ်းများ၊ ခရိုင်ရုံးများမှ ခရိုင်ဦးစီးမှူး များနှင့် ဝန်ထမ်းများက  Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။အဆိုပါ အခမ်းအနားတွင် စားသုံးသူ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါ သည်။ထိုနောက် စားသုံးသူရေးရာဦးစီးဌာန သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံ ခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online – My RO)တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု၊သက်တမ်းတိုးထားရှိမှု၊ရ/ထုတ်/ကျန် စာရင်း ထည့်သွင်းထားရှိမှု အခြေအနေတို့နှင့် စပ်လျဉ်း၍  Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ပါသည်။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် တိုင်း/ပြည်နယ်ဦးစီးမှူးများက  My RO နှင့် သက်ဆိုင် သောကိစ္စရပ်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာညွှန်ကြားရေမှူးချုပ်မှ  နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

DOCA (မန္တလေး)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၅.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ဟင်္သာတမြို့နယ် တာငါးဆယ်တောင်ရပ်ကွက်ရှိ (ထွန်း)လက်ကားကုန်မျိုးစုံဆိုင်မှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ် မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ လစဉ်ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

EYDNS (DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊   ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ဟင်္သာတမြို့၊ရုံးကြီးရပ်ကွက်ရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံညှိနှိုင်း အစည်း အဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ ဟင်္သာတမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် ကုမ္မဏီများမှ စားသုံဆီ ဖြန့်ဖြူးပေးနေသည့်အပေါ်သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကြီးကြပ်စီစစ်ဆောင်ရွက်မှုများ၊ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊  စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(ConsumerInformation and Complaint Center) CICC ဖွင့်လှစ် ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

မြို့မစည်ပင်ဈေးအတွင်းရှိ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၅.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၈:၃၀)အချိန်တွင် အင်္ဂပူမြို့မစည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ဗူးသွပ်ဆီ များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  စားသုံးသူမိဘ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီ များတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိ ခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန် ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊နတ်မော်လမ်းရှိ သိန်းသန်း ဆီထုတ်လက္ကားကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်း ပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေး၊ လစဉ်ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ် ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

EYDNS (DOCA ဧရာဝတီ)

ဟင်္သာတမြို့ “ကောင်းဆက်”ဆန်စက်သို့ MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ကောက်ယူနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၅.၁၀.၂၀၂၅) ရက်နေ့ နေ့လယ်  (၁၄:၃၀)အချိန်တွင် ဟင်္သာတမြို့၊နတ်မော်လမ်း၊ကုန်းကြီးရပ်ကွက်ရှိ “ကောင်းဆက်”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင် ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန် စပါးအွန်လိုင်း(MyRo)တွင် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့် သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေး ခဲ့ပြီး၊ ကောင်းဆက်ဆန်စက်၌ စပါးဝယ်ယူနေမှု အပေါ် စပါးအမျိုးအစားအလိုက်ဝယ်ယူနေမှု ကွင်းစျေး၊ စက်အရောက်စျေး၊ အစိုဓာတ်အပေါ်အလေးချိန်ယူမှု၊ ဝယ်လိုအား၊ ဆန်ကြိတ်ခွဲမှု ရောင်းလိုအား၊ ဆန်စျေးကွက်၊ စပါး/ဆန်လက်ကျန်အခြေအနေများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆန်စပါး လက်ကျန်အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

EYDNS(DOCA ဧရာဝတီ)

ထူးကြီးမြို့ရှိ သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၅) ရက် နေ့ နံနက်(၀၉:၃၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ထူးကြီးမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင် စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊  သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏ အမျိုး အမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန် စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေး ခဲ့ပြီး၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

ကျောက်ပန်းတောင်းမြို့၊ အထက -၂ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ်တာဝန်ခံဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘော ထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များ ကိုသာ ရောင်းချကြရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

MyRo တွင် မှတ်ပုံတင်ထားရှိပြီး လုပ်ငန်းနှင့် စပ်လျဉ်း၍ ဆန်စက်လုပ်ငန်းရှင်မှ  မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေး

       ၂၅-၁၀-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်၊ ဓနုဖြုမြို့နယ်ဦးစီးမှူးရုံးသို့ ဓနုဖြူဆန်စက်လုပ်ငန်းရှင်မှ မြို့နယ်ရုံးသို့လာရောက်၍ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လုပ်ဆောင်ရန် အခက်အခဲ ဖြစ်မှုများကို တင်ပြလာသဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူမှ ကူညီ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

     ဓနုဖြူမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် ၁ဦးသည် MyRo တွင် မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုးရန် လုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် လုပ်ငန်းရှင်၏ ဖုန်းနံပါတ်မှာ ပျောက်ဆုံးသွားသဖြင့် သက်တမ်းတိုးရန် Passward ပါမေ့နေသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် ဆက်သွဘ်လာမှုအပေါ် မြို့နယ်ဦးစီးမှူးရုံးမှ သက်တမ်းဆိုးဆောင်ရွက်ရာတွင် ဖုန့်နံပါတ်အပြောင်းနှင့် မူလလက်ဟောင်း မှတ်ပုံတင်အတိုင်း ပြန်လည်ရရှိနိုင်ရေး  ဆက်သွယ် ဆောင်ရွက်ရနည် နေပြည်တော် ရုံးချုပ်သို့ ဆက်သွယ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ လုပ်ငန်းရှင်အား ဆန်စပါး စီးပွားရေးလုပ်ငန်းများအား ခေတ်မီ ဒီဂျစ်တယ်နည်းပညာဖြင့် အသွင်ကူးပြောင်း၍ စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန် အသိပညာပေး ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အုတ်ကျင်းကျေးရွာ  အ.မ.က ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေး အကြောင်း သိကောင်းစရာဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၅.၁၀.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အုတ်ကျင်းကျေးရွာ အ.မ.က  ကျောင်း၌ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေး နွေးပွဲပြုလုပ်ခဲ့ပါသည်။
          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့် အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အကြောင်းအရာ
များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား ကျောင်းသာ/ကျောင်း သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောခြင်း၊ စားသုံးသူအခွင့် အရေးနစ်နာမှု ရှိလာပါက Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာ ကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်း အရာတွေကို သိရှိလို သည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာ စောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ