
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊နတ်တလင်း ခရိုင်ဦးစီး မှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ် အသား များပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်နှင့်ဈေးကွက်ရောက် ပြီးကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျှက်ရှိရာ နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်တာဝန်ခံဦးဆောင်၍ မြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံတို့သည် (၁၄.၉.၂၀၂၆) ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် ပေါင်းတည်မြို့၊ အနောက်ညောင်ကုန်းရွာတွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ပုဂံသားပဲကြော် လုပ်ငန်းအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းအရာများ၊ ပေါင်မုန့်အမျိုးမျိုးတွင် ကုန်စည်များ၏ အမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို သိသာထင်ရှားစွာဖော်ပြရန် စီးပွားရေးလုပ်ငန်းရှင်အား အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။
DOCA(ပဲခူး)
