Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“စိုး” စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်းမပေါ်ရှိ စိုးစက်သုံးဆီဆိုင်အား  စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြောနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ် ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြု လုပ်ကြရန်၊ သိုလှောင် ကန်များ၏လက်ကျန်အခြေအနေများနှင့် နေ့စဉ်ဆီဝင်ရောက်မှု အခြေအနေများကို သက်ဆိုင်ရာ ဌာနများသို့ စာရင်းများပေးပို့ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး CCTV များမှ Control စနစ်ကောင်းမွန် ခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဗန္ဓုလဈေးတွင် စားအုန်းဆီရောင်းချပေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၈:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဗန္ဓုလဈေးတွင် စားအုန်းဆီ ရောင်းချ‌ပေးခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင်ဘူးခွံပါပြီး (၈၃၅၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၅၀) ကျပ်သားဖြင့် စုစုပေါင်း (၄၄၀) ပိဿာရောင်းချပေးရာတွင် ဈေးသူ၊ ဈေးသားများနှင့် ရပ်ကွက်နေပြည်သူများ အများအပြား ဝယ်ယူလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်း (၂) ဦးတို့သည် (၂၄.၉.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ဈေးကွက် စောင်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြ ခြင်း ရှိ/မရှိ၊  စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိ  စေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက် ပေးနိုင် သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့် ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ  ဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေ ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသိပညာပေး

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦး တို့သည် (၂၃.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉း၀၀) အချိန်ခန့်တွင် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှု နှင့်ပတ်သက်၍  စားသုံးသူများနစ်နာ မှုမရှိစေရေးအတွက် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ  Star Net၊ (FIP) Fiber internet လုပ်ငန်းရှင်တို့အား သိသည့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ဌာနခွဲတာဝန်ခံမှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက် (၁၁) ချက် အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် ပတ်သက်သည့်အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် ဌာနခွဲတာဝန်ခံတို့သည် (၂၆.၉.၂၀၂၅) ရက်နေ့ ညနေ(၃:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ရုံး၌ ဖောင်းပြင်၊ ဆင်မင်း(၄)၊ ဆု၊ Surprise Gift Monywa လုပ်ငန်းရှင်တို့အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့ ပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းအတွက် အားနည်းချက်၊ အားသာချက်များကို၎င်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့်အချက်အလက်များ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ လိမ်လည်မှုများနှင့်မှတ်ပုံတင် ထားသည့်အွန်လိုင်းရောင်းချမှုလုပ်ငန်းမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိ သည့်အကျိုးရလဒ်များပြောကြားခဲ့ပြီး ဌာနခွဲတာဝန်ခံက Onlene Sale မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်များ အကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(စစ်ကိုင်း)

သရက်မြို့၌ စားသုံးဆီဘူးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံး၊ သရက်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၈.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်မြို့၊ ရွှေဘုံသာရပ်ကွက်နှင့်ဈေးရပ်ကွက်ရှိ ကုန်စုံဆိုင်(၂)ဆိုင်သို့ သွားရောက်၍ လက်လီ၊ လက်ကား ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ မြန်မာသာသာဖြင့် ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် (၁/၂၀၂၁)တို့နှင့်အညီ ဖော်ပြပါရှိမှု ရှိ/ မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ ထောက်ခံချက်များ ပါရှိမှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်(၂)ဦးအား ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုးတို့တွင်လည်းကောင်း၊ အခြားကုန်စည်များတွင်လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချစေရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များကို လိုက်နာရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

DOCA(မကွေး)

စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) နေပြည်တော်တွင် ကျင်းပပြုလုပ်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ(Virtual)စနစ်ဖြင့် တက်ရောက်

     ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့  နေ့လည် (၁၂:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန(ရုံးချုပ်)နေပြည်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်း စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းအား ကန့်ဘလူခရိုင်စားသုံးသူရေးရာဦးစီးဌာန အမှုထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)နေပြည်တော် မှ ဆရာဦးကျော်ဌေး လက်ထောက်ညွှန်ကြားရေးမှူး မှ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအကြောင်းများ၊ အငြိမ်းစားယူခြင်း နှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ပင်စင်များအကြောင်း၊ ပြစ်မှု/ ပြစ်ဒဏ်များအကြောင်း တို့ကို အကျယ်ဝင့် ရှင်းလင်းသင်ကြားပို့ချခဲ့ပြီး ဒုတိယပိုင်းတွင်  စီမံရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဖုန်းမြင့်မှ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ပြဌာန်းချက်များ၊ နိုင်ငံ့ဝန်ထမ်း၏ အဓိပါယ်ဖွင့်ဆိုချက်၊ ဝန်ကြီးဌာနဝန်ထမ်းအဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား ခန့်အပ်နိုင်သည့် ရာထူးအဆင့်များ၊ ရာထူးတိုးမြှင့်ခြင်း၊ အရည်အချင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အရည်အချင်း စစ်ဆေးခြင်း၊ ရာထူးသက်/လုပ်သက်အတွက်အမှတ်ပေးခြင်း၊ လူတွေ့စစ်ဆေးရာတွင် (သတိပြုရန်) အချက်များ၊ ရာထူးတိုးမြှင့်ခံစားခွင့်မရှိသည့်အခြေအနေများ၊ နှစ်တိုးလစာနှင့်ပတ်သက်သည့် အကြောင်းများ၊ နှစ်တိုးရေတွက်ရာတွင် ထည့်သွင်းရေတွက်ရမည့်ကာလများ၊ တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်းခံရသည့် ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ဝန်ထမ်း၏ မွေးသက္ကရာဇ်ကို ရေသွင်းခြင်း၊ ဝန်ထမ်း၏ အမှတ်အသားများကို မှတ်တမ်းတင်ခြင်း၊ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် စစ်ဆေး အတည်ပြုရန်အချက်များ နှင့် ဝန်ထမ်းမှတ်တမ်းစာအုပ် ပျက်စီး/ ပျောက်ဆုံးလျှင် ဆောင်ရွက်ရမည့် အချက်များအကြောင်းတို့ကို အကျယ်တဝင့် သင်ကြားပိုချခဲ့ပြီး တိုင်း/ခရိုင်/မြို့နယ်များ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး  နိဂုံးချုပ်အမှာစကား အနေဖြင့် ဝန်ထမ်းများအနေဖြင့် လုပ်ခွင်ပျော်၍ လုပ်ငန်းတော်သော ဝန်ထမ်းကောင်းများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းအခမ်းအနားအောင်မြင်စွာ ပြီး မြောက်ကြောင်း သိရသည်။         

DOCA (စစ်ကိုင်း)

 

 

ဓနုဖြူမြို့နယ် ၂ရပ်ကွက်တွင် စားသုံးသူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်

        မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ၂ရပ်ကွက်ဈေးများအတွင်း ၂၆-၉-၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေး သိကောင်းစရာများ ဟောပြောပွဲပြုလုပ်ခဲ့ခြင်းနှင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဈေးကွက်အတွင်း ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့မဈေးကော်မတီဝင်များ ပါဝင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင် အမှတ် ၂ရပ်ကွက်ဈေးအတွင်း မုန့်မျိုးစုံရောင်းချသောဆိုင်များ၊ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ရာ ဈေးအတွင်းရောင်းချနေသော ကုန်စည်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သော ကုန်စည်များကို သာရောင်းချရန်၊ သက်ဆိုင်ရာထောက်ခံချက်ပါဝင်သော ကုန်စည်ကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်များရှိပါက သက်ဆိုင်ရာ ကုန်စည်ထုတ်လုပ်သူ ပင်ရင်းထံ ပြန်လည်လဲလှယ်ခွင့်ကို တောင်းဆိုရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ရောင်းချသူလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပညာပေး ကုန်စည်များနှိုင်းယှဉ်ပြသ၍ ဘေးအန္တရာယ်ရှိကြောင်းကိုပြသပြီး ထုတ်ကုန်လုံခြုံမှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျေးလက်ဖွံဖြိုးရေး အသိပညာပေး ‌ဟောပြောပွဲတွင် စားသုံးသူသိကောင်းစရာအသိပညာပေး ဟောပြောခြင်း

        ၂၆-၉-၂၀၂၅ ရက်နေ့ ပန်းတနော်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေး သက်ကြီးရွယ်အိုမျာအား ကျန်းမာရေးစောင့်ရှောက်မှု သိကောင်းစရာနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှု အသိပညာပေးရာတွင် စားသုံးသူအခွင့်အရေး သိကောင်းစရာ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဟောပြောရာတွင် ပန်းတနော်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ကျော်သက်က မိမိဌာန၏ လုပ်ငန်းတာဝန်များနှင့် စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၊ စားသုံးသူရေးရာ ကော်မတီတို့နှင့် ဆက်သွယ်ဆောင်ရွက်ရန် နည်းလမ်းများ၊ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူဆောင်ရွက်ပုံ နည်းလမ်းအဆင့်ဆင့်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက် မိဘပြည်သူများက သိရှိလိုသည့် ဆွေးနွေးတင်ပြချက်များကို မြို့နယ် စားသုံးသူရေးရာဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ရုံးဝန်သန့်ရှင့်ရေး စုပေါင်းဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ရုံးဝန်ထမ်းများသည် ယခုကာလအတွင်း မအူပင်မြို့နယ်သို့ သက်ဆိုင်ရာဌာနများမှ ဝန်ကြီးခရီးစဉ်များရှိသဖြင့် မိမိတို့ခရိုင်ရုံးဝင်းများ သန့်ရှင်သာယာလှပရေး ပိုမိုကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ ရုံးဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကိုလည်း စုပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း (၂၆-၉-၂၀၂၅) ရက်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ထိုသို့စုပေါင်းသန့်ရှင်းရေးဆာင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ခရိုင်အဆင့်ဝန်ထမ်းများ မြို့နယ်သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ စားသုံး သူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမကိုလည်း စုပေါင်းသန့်ရှင်ရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ ရုံးတွင်းဝင်စာထွက်စာဖိုင်နှင့် ဘီရိုများကို စနစ်တကျသန့်ရှင်းရေးပြုလုပ်ခြင်း၊ မအူပင်မြို့နယ်အတွင်း လူကြီးခရီးစဉ်များရှိ၍ ဝန်ထမ်းများအနေဖြင့် သတ်မှတ်တာဝန်များဖြင့် မိမိတို့ လုပ်ငန်းများကို ကျေပျွန်စွာထမ်းဆောင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ