ဓနုဖြူမြို့နယ် လစဉ် စားအုန်းဆီခွဲတမ်း ပေပါရရှိမှုများ သတ်မှတ်နေရာများသို့ အမှတ်တကယ်ရောက် ရှိစေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက် ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကြီးကြပ်လမ်းညွှန်မှုဖြင့် လစဉ် လုပ်ငန်းအမျိုးအစား အလိုက် ဆီပေပါထုတ်ယူ ရရှိမှု များကို သတ်မှတ်ရက်အတွင်း ရောက်ရှိပြီး စနစ်တကျထုတ်ယူ ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်ကာ လုပ်ငန်း အခက်အခဲများ ကြန့်ကြာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အဖွဲ့စုံဖြင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ဓနုဖြူမြို့နယ်အတွက် လစဉ် လုပ်ငန်းအမျိုးအစားအလိုက် ဆီခွဲတမ်းများ ရရှိလျက်ရှိပြီး လစဉ် သတ်မှတ်ရက်များအတွင်း ရောက်ရှိသော ဆီများကို ခွဲတမ်းရရှိသော လုပ်ငန်းများမှ စနစ်တကျငွေချေထုတ်ယူပြီး မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိ ပါသည်။
ပန်းတနော်မြို့နယ်အနေဖြင့် အောက်တိုဘာလအတွက်လုပ်ငန်းသုံး ဆီပေပါ ရရှိမှုမှာ လူဦးရေ ၉၅ ဦးတွင် ဆီပိဿာ ၁၁၆၆၀ ပိဿာ ၁၉.၀၃ တန် ပေပါ ၁၀၆ ကို Central Myanmar International Tradingကုမ္ပဏီ ၊ Myanmar Top Notch ကုမ္ပဏီ၊ Resources Group Trading ကုမ္ပဏီတို့မှ (၂)ကြိမ် ထုတ်ယူရရျိပြီး သတ်မှတ်ရက်အတွင်း ဆီရောက်ရှိမှုအပေါ် ငွေပေးချေ၍ စနစ်တကျထုတ်ယူခဲ့ပြီး ဖြန့်ဖြူးခွဲဝေမှုများကို အမှန်တကယ်နေရာများသို့ ထုတ်ပေးမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ခွဲတမ်းရရျိမှုအပေါ် စာရင်းများစိစစ်ပြုစု၍ ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)









