
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ ကို (၂၉.၁၂.၂၀၂၅) ရက်နေ့ ၊ နေ့လည်(၁၃:၅၀)နာရီအချိန်တွင် BABY POINT online Shop မှ ကလေးအသုံးအဆောင်ပစ္စည်းများအား အမှတ် (၉၆၃)၊ သံသုမာလမ်း၊ (၁၃)ရပ်ကွက်၊ တောင်ဥက္က လာပမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက် အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းနှင့်ပတ် သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိတို့ကို မြေပြင်စစ်ဆေးခဲ့ပြီး စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍လည်း အသိ ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
