Main menu

ပြည်ခရိုင်အတွင်းရှိဆေးဆိုင်များ၊ဆေးကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးပွဲ အခမ်းနားကျင်းပခြင်း

Powered by Drupal

                      ပြည်ခရိုင်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးနှုန်းအပေါ်တွင် ဒေသ ပေါက်ဈေး ထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု့အပေါ် ဈေးနှုန်းတည်ငြိမ်စေရေး အတွက် သက်ဆိုင်ရာဒေသအာဏာပိုင် ၊အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ (၁၇..၁၂.၂၀၂၅ ) ရက်နေ့ တွင် တွေ့ဆုံဆွေးနွေးဆောင်ပွဲကျင်းပခဲ့ပါသည်။

          အခမ်းအနားတွင် ခရိုင်အထူးစုံစမ်းရေးဦးစီးဌာန၊ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ခရိုင်အတွင်းရှိ ဆေးဝါးဖြန့်ဖြူးနေသည့် ကုမ္မဏီများ၊အထူးကုဆေးရုံပိုင်ရှင်များ၊ဆေး ဆိုင်ပိုင်ရှင်များ စုစုပေါင်း (၃၂ )ဦး တက်ရောက်ခဲ့ပါသည်။ဆွေးနွေးရရှိသည့် အချက်အလက်များမှာ-

          (က)    ပြတ်လပ်နေသည့်ဆေးအမျိုးအစားများ။    ပြည်မြို့ပေါ်ရှိ လက်လီ/လက်ကား ရောင်းချ   လျက်ရှိသော ဆေးဆိုင်များ၊ ဆေးကုမ္မဏီများတွင် အများသုံးဆေးများ ဖြစ်သည့်   Biogesic၊         Decolgen၊ Paracetamol ဆေးများမှာ ပြတ်လတ်လျက်ရှိ ပါကြောင်း၊ Enervon-  C ဆေးမှာ    ကုမ္မဏီများမှ တစ်ပတ်လျှင် ၄-၅ ဘူးသာခွဲတမ်းဖြင့် ရရှိနေပါကြောင်း၊ နာတာရှည်  ဆေးဖြစ်သော နှလုံးဆေး Digoxin မှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်နေသည်မှာ ကာလ ကြာပြီ ဖြစ်ပါကြောင်း၊ ခွေးရူးပြန်ကာကွယ် ဆေးဖြစ်သော Indirab၊ Abjaurab ဆေးတို့မှာ ပုဂ္ဂလိကဆေးရုံ၊ ဆေးဆိုင်များတွင် သာမက ပြည်သူ့ဆေးရုံကြီးတွင်လည်း ဝယ်ယူ၍ မရပါကြောင်း၊ အတက်ကျဆေးများလည်း ပြတ်လပ်နေပါကြောင်း ဆွေးနွေးသိရှိရပါသည်။

          ( ခ )   ဆေးဈေးနှုန်းအခြေအနေ။     လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဆေးဆိုင် များတွင်           ဈေးနှုန်းအနေဖြင့် ယခင်လထက်သိသိသာသာ ဈေးနှုန်းမြင့်တက်ခြင်းမျိုး မရှိပါ ကြောင်း၊           ဆေးဆိုင်များတွင် မရှိမဖြစ်လိုအပ်သော ဆေးအမျိုးအစား ကုမ္မဏီများမှ မရသည့် အခါတွင်           ရန်ကုန်ဈေးကွက်မှတစ်ဆင့် ပြန်လည်ဝယ်ယူရောင်းချရသည့် ကာလများတွင် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပါကြောင်း၊ လက်လီဆေးဆိုင်များအနေဖြင့် ဆေးဆိုင်ကြီးများ မှ           တစ်ဆင့်ပြန်လည်‌ရောင်းချရာတွင် ၅% ဖြင့်သာ အမြတ်တင်‌‌ရောင်းချလျက်ရှိပါကြောင်း   ဆွေးနွေး သိရှိရပါသည်။

          ( ဂ )   အာနိသင်တူဆေးများ။  ပြည်မြို့နယ်တွင်ပြတ်လပ်လျက်ရှိသော Paracetomol၊     Eposoft           နှင့် Becozinc ဆေးများအစား အာနိသင်တူဆေးများရှိသော်လည်း သုံးစွဲသူ ပြည်သူများမှ ရွေးချယ်ဝယ်ယူခြင်းများရှိပါကြောင်း၊ Royal-D ဖြန့်ဖြူးရောင်းချသော ကုမ္မဏီ အနေဖြင့်           ပစ္စည်းပြတ်လပ်ခြင်းမျိုး မရှိပါကြောင်းနှင့်ကုမ္မဏီအနေဖြင့် Royal-D တစ်ထုပ်လျှင် (၅၅၃)ကျပ် ဖြင့်  ဈေးအတက်အကျမရှိ ဖြန့်ဖြူးပေးလျက်ရှိနေပါကြောင်း ဆွေးနွေးသိရှိရ ပါသည်။

၃။      သို့ဖြစ်ပါ၍ ပြည်ခရိုင်အနေဖြင့် ခရိုင်အတွင်း ဆေးနှင့် ဆေးပစ္စည်းများအား လက်ကားဈေး အပေါ်တွင် ‌ဒေသပေါက်ဈေးထက်ဈေးနှုန်းပိုမို အမြတ်တင်ရောင်းချမှုမရှိစေရေး တွေ့ဆုံဆွေးနွေးရာ တွင် ဈေးနှုန်းသိသိသာသာ မြင့်တက်သည့်ဆေးဝါးများမရှိပါကြောင်း၊ ပြတ်လပ်သည့်ဆေးများ ရှိသော်လည်း အာနိသင်တူဆေးများရှိပြီး ဝယ်ယူသူများမှ ရွေးချယ်ဝယ်ယူခြင်းမျိုး ရှိပါကြောင်း၊ ကုမ္မဏီများမှ ခွဲတန်းဖြင့်ရသော ဆေးများအနေဖြင့် ခွဲတမ်းရနည်းပြီး ဝယ်လိုအားများသည့်အတွက် ရက်အနည်းငယ်သာ ပြတ်လပ်မှုမျိုးရှိပါကြောင်းနှင့် (၂၄)နာရီအတွင်း ကာကွယ်ဆေးထိုးရသော ခွေးရူးပြန်ကာကွယ်ဆေးကဲ့သို့ ဆေးများအနေဖြင့် ပြည်မြို့နယ်တွင် လိုအပ်လျက်ရှိပါကြောင်း ဆွေးနွေးရရှိခဲ့မှုအခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)