Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ်ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ကုန်အညွှန်းအမှတ်အသားဆိုင်ရာအသိပညာပေး

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Onlineမှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုဆွေးနွေးခဲ့ပြီး၊ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် တွေ့ဆုံဆွေးနွေးခြင်းကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်ရှိ သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ Olive သောက်ရေသန့်လုပ်ငန်းရှင် ဦးလှမြင့်ဦးနှင့် တွေ့ဆုံ၍ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တွေ့ဆုံ‌ဆွေးနွေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ သောက်ရေသန့်ဘူးပေါ် တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသား များ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန် ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေး ရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ် ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်မှလည်း သိလိုသည်များမေးမြန်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် မြို့မဈေးအတွင်း စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(တောင်)ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အ တွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန် အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာ ဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း ၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေး ပြည့်မီ သောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီ ရောင်းချသောလုပ်ငန်းရှင်များ အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီး ကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့် အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားသုံးဆီအရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ကျောက်တံခါးမြို့နယ်အတွင်း၌ တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်အပေါ်အ‌ခြေခံ၍ ရည်ညွှန်းဈေး(အဆိုပြုနိုင်ရေး) တောင်သူ၊ စက်ပိုင်များနှင့် တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်လျက်ရှိရာ ၈.၇.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင် စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်အတွင်း၌ တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် အခြေခံ၍ ရည်ညွှန်းဈေး(အဆိုပြုနိုင်ရေး) တောင်သူ၊ စက်ပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ စက်ပိုင်၊ တောင်သူများနှင့် တွေ့ဆုံရာတွင် မြို့နယ်တာဝန်ခံက ၂၀၂၅ - ၂၀၂၆ ခုနှစ်အတွက် ထွက်ပေါ်လာမည့် နွေစပါး၊ မိုးစပါးများအတွက် လက်ရှိဖြစ်ပေါ်နေ သော သွင်းအားစုဈေးနှုန်းများ၊ လုပ်သားဈေးနှုန်းများအရ တောင်သူနှင့်စက်ပိုင်များတွေ့ကြုံရသည့် အခက်အခဲများနှင့် တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်များကို မေးမြန်းခဲ့ပါသည်။ ဆက်လက်၍ မြို့ နယ်တာဝန်ခံက တောင်သူနှင့်စက်ပိုင်များ တင်ပြသောအချက်များကို မှတ်တမ်းတင်ထားပြီး တောင် သူများထိုက်သင့်သော အကျိုးအမြတ်ရရှိစေရေးအတွက် အနိမ့်ဆုံးသတ်မှတ်သည့် ရည်ညွှန်းဈေး (အဆိုပြုနိုင်ရေး) တောင်သူ၊ စက်ပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ပဲခူး)

ဟင်္သာတမြို့ ပဒေသာဈေးအတွင်းစားသုံးကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာဝန်ခံ သည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည် (၁.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီ အချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ပဒေသာဈေးအတွင်းရှိ စားသုံး ကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးကုန် ကုန်စည်များတွင် တားမြစ်ဆေးဝါးများ သုံးစွဲခြင်းရှိ/မရှိ နမူနာကောက်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့ နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းနှင့် တားမြစ်ချက် များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့်သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသုံးကုန်အရောင်းဆိုင်(၁၂)ဆိုင်အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

လေးမျက်နှာမြို့ အခြေခံပညာအထက်တန်းကျောင်း ရှမ်းရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃.၇.၂၀၂၅)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်လေးမျက်နှာ မြို့၊ ရှမ်းရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ(၄၀)ဦး နှင့် ကျောင်းသား၊ ကျောင်းသူ(၁၆၀)ဦးအားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန် အညွှန်းအမှတ်အသားများအကြောင်း၊ အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များ နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဝယ် ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံ မှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့် ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

တောင်ငူခရိုင် စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၅)ကျင်းပ

တောင်ငူခရိုင်စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၂/၂၀၂၅)ကို (၇.၇.၂၀၂၅)ရက်နေ့ နံနက် ၁၁ နာရီက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စားသုံးသူရေးရာ ကော်မတီဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ကိုယ်စား ကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ကအဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်း ဆောင်ရွက်ချက် များကို ဆွေးနွေးတင်ပြပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးရုံး စာသုံးသူရေးရာဌာနခွဲ တာဝန်ခံက ကော်မတီသို့တင်ပြ သည့် အမှာစာ(၃)စောင်ကို ဖတ်ကြားခြင်း၊ တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များနှင့် ကော်မတီ အဖွဲ့ဝင်ကိုယ်စား တက်ရောက်လာကြသည့် တာဝန်ရှိသူများက အထွေထွေဆွေးနွေးခြင်း များကို ဆောင်ရွက်ပြီး ဆုံးဖြတ်ချက်(၆)ခုကို ချမှတ်ခဲ့ပါသည်။ အစည်းအဝေးတွင် ရဲစခန်းများသို့ လာရောက်တိုင်ကြားသည့်အမှုများအနက် စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည့်အမှုများအား စားသုံးသူရေးရာဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ရန်၊ ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးရန်မသင့်သည့် မုန့်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် ကလေး ကစားစရာများရောင်းချခြင်းမပြုရေး အသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရန် တို့ကို အစည်းအဝေးဆုံးဖြတ်ချက်တွင် ထည့်သွင်းဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့ရှိ ပုဂ္ဂလိကဆေးရုံများနှင့် စားသောက်ကုန်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ (၈.၇.၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်သောအဖွဲ့က တောင်ငူမြို့ရှိ ပုဂ္ဂလိကဆေးရုံကြီးများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ တော်ဝင်ဆေးရုံနှင့် ကေတုဆေးရုံမျာတွင် အမျိုးသား ဆေးဝါး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ အသုံးပြုခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပြီး တောင်ငူမြို့ အမှတ်(၅)ရပ်ကွက်ရှိ Virdy ဒိန်ချဉ်လုပ်ငန်းတွင် ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် အမျိုးသားအစားအသောက်ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။ ပူးပေါင်းအဖွဲ့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမီမီခင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးသန္တာတို့ ဦးဆောင်သော ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရပါသည်။ DOCA(ပဲခူး)

တောင်ငူခရိုင် ရေတာရှည်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီနှင့်ကြက်ဥများကိုသက်သောသောဈေးနှုန်းဖြင့်ရောင်းချပေး

တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ အခြေခံစားကုန်များကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် (၁၀.၇.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ရေတာရှည် မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာ လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ အား ရေတာရှည်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက စားသုံးဆီများကိုလည်းကောင်း၊ ကြက်မွေးမြူရေး လုပ်ငန်းရှင်များက ကြက်ဥများကိုလည်းကောင်း သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။ စားသုံးဆီ ၅၀ ကျပ်သားတစ်ဗူးလျှင် ၃၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်နှုန်း ဖြင့် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ ၅၀ ကျပ်သား တစ်ဘူးနှင့် ကြက်ဥ ၁၀ လုံးကို မြန်မာ့စီးပွားရေး ဘဏ်ရှေ့တွင် မော်တော်ယာဉ်ဖြင့် ရောင်းချပေးလျှက်ရှိရာ အငြိမ်းစားဝန်ထမ်း ၂၅၀ ဦးကို ရောင်းချ ပေးနိုင်ခဲ့ပါသည်။ စားသုံးဆီနှင့် ကြက်ဥများရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရပါ သည်။ DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ