Main menu

ကျိုင်းတုံမြို့အတွင်းရှိ ဆန်စက်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့၊ နေ့လယ်  (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာနနှင့် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် ကျိုင်းတုံမြို့၊ ယန်းလောအုပ်စု ဖိုင်ဝိန်း ကျေးရွာအတွင်းရှိ ဦးစိုင်းယီဆန်စက်အား ‌ဆန်စပါးဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဈေး ကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ ယန်းလောအုပ်စု ဖိုင်ဝိန်းကျေးရွာအတွင်းရှိ ဦးစိုင်းယီဆန်စက်တွင် မှော်ဘီ(၃)စပါးနှင့် ရွှေရင်အေးစပါးတို့ ဝယ်ယူ ကြိတ်ခွဲရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပြီး မှော်ဘီ(၃)ဆန်နှင့် ရွှေရင်အေးဆန်တို့မှာ ယခင်နှစ် ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ဆန်စက်ပိုင်ရှင်အား ဆန်စပါးသိုလှောင်ရုံ၏ ကုန်ရ၊ကုန်ထုတ်၊လက်ကျန်စာရင်း များအား လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း update ဖြည့်သွင်းဆောင်ရွက်ရန်၊ သိုလှောင်ရုံအား တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)