
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ဦးစီးမှူးရုံးမှ ပြည်မြို့နယ် ဦးစီးမှူး ဦးဆောင်၍ ပြည်မြို့နယ်မှ ဝန်ထမ်း (၂)ဦးတို့သည် ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ ကားကြီးဝန်း အတွင်းရှိ ဦးရဲငွေ (အောင်စစ်ခိုင်)ကားဂိတ်၊ ဦးချိုမြင့် (နယူးအာရှဂိတ်)၊ ဦးနိုင်ကြီး(ပြည်မင်းသားဂိတ်)နှင့် ဦးမျိုး (ငွေနန်းတော်ဂိတ်)တို့အား ခရိုင်ယာဉ် ကြီးကြပ်တို့ဖြင့် ပူးပေါင်းပြီး ကားဂိတ်များ၏ အခြေအနေ များအား ကွင်းဆင်းစစ်ဆေးအသိပညာ ပေးမှုအား (၁၇.၁၂.၂၀၂၅)ရက်နေ့တွင် သွားရောက်၍ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ကားဂိတ်ပိုင်ရှင်များအား ကားလက်မှတ်ရောင်းရာတွင် ဈေးပိုမတောင်းရန်၊ ယာဉ်မောင်းများ ကားမောင်းရာတွင် အရက်သေစာသောက်စားခြင်း မပြုရန် ကားပေါ်တွင် သတ်မှတ်လူထက်ပိုမတင်ရန်နှင့် ကားဝင်ဆံ့သည့်ပမာဏထက်ပို၍ မတင် ဆောင်ရန်တို့ကို သတိပြုလိုက်နာရန်နှင့် မလိုက်နာပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)
