Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့ပေါ် ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာန ခွဲတာဝန်ခံနှင့် ဝန်ထမ်းတို့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ‌ဆေးနှင့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၃.၉.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်အတွင်း ရောင်းချ နေသောဆေးဆိုင်များတွင်ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါး များအားဈေးကွက် အတွင်းရောင်းချခြင်းရှိ/မရှိနှင့် တရားဝင်တင်သွင်းထားသောဆေးဝါးများကိုသာ ဆက်လက်ရောင်းချသွားရန် သက်ဆိုင်ရာအစိုးရဌာနများနှင့်ပူးပေါင်း၍ အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်ထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအား မြို့နယ်အတွင်း ရောင်းချနေ သောလုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည်မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို(၂.၉.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အွန်လိုင်း မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင် (၂) ဦးထံသို့ သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းမှာ မှတ်ပုံတင်ထားသည့်လုပ်ငန်းများဖြစ်သည့် အလှကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ် အထည်နှင့် ဆက်စပ်ပစ္စည်းများအား အွန်လိုင်းဖြင့် ရောင်းချသည့်လုပ်ငန်းများသို့ သွားရောက်၍ အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည် (သို့)ဝန်ဆောင်မှုအမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင် စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီစနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံ တင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှုမရှိစေရန် ကိုမြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း များ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉အရ လည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်အားသိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှုးနှင့် ဝန်ထမ်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစိစစ်ရာတွင်  စားအုန်းဆီဈေးနှုန်းများ ကြီးမြှင့်စွာရောင်းချမှု မရှိစေရေး၊ ဆိုင်းဘုတ်တင်ရောင်းချစေရေး၊ ဆိုင်ဘုတ်များကို အများပြည်သူများ ထင်သာမြင်သာအောင် ချိတ် စွဲထားရှိစေရေး၊ အလေးချိန်၊ အချိန်အတွယ်၊ မှန်ကန်မှုရှိစေရေး၊ လုပ်ငန်းရှင်များအား စားအုန်းဆီ ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ရောင်းချနေသောကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှသာ ရောင်းချကြစေရန် နှင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ဘိုကလေးမြို့နယ် ပြန်ဆက်ဦးစီးဌာနရုံး၌ သင်တန်းတက်ရောက်သူများအား စားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့၊ နေလည် (၁၂:၀၀)နာရီတွင် ဆပ်ပြာဆီလုပ်နည်း သင်တန်းတက်ရောက်သူ (၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဉပဒေနှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အ ရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်ဝန်ဆောင်မှုများအား ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့် အချက်များ ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြချက်များ ပါဝင်နေပြီး စားသုံးသူများ ရွှေးချယ် ဝယ်ယူနိုင်ကြောင်း၊ ကုန်စည် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါ က အရေးဆို တိုင်ကြားနိုင်သည့် Call Centerများ တိုး/ခရိုင် နှင့် ရုံးချုပ်များတွင် ဖွင့်လှစ်ထားရှိပါကြောင်း Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ ပါသည်။

 (DOCA ဧရာဝတီ)

 

Top One သုံးဒေါင့်မုန့်လုပ်ငန်းသို MSME လုပ်ငန်း ဖွံ့ဖြိုးရေး ကွင်းဆင်းခြင်း

    ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ခု နှစ် ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် မြို့မ (၁)ရပ်ကွက် ဒုတိယလမ်းရှိ Top One သုံးဒေါင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          Top Oneသုံးဒေါင့်မုန့်လုပ်ငန်းမှ ထွက်ရှိသော ကုန်စည်၏ ပါဝင်ပစ္စည်းများမှာ သကြား၊ ဂျုံ၊ ဘဲဉ၊ ဆီ၊ ရေသန့် ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးအရေအတွက် (၃၅၀)ဘူးခန့် ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအခြေအနေပေါ်မူတည်၍ တစ်ဘူးလျှင် လက်လီ ဈေးနှုန်း (၄၆၀၀)၊ လက်ကားဈေးနှုန်း (၄၅၀၀)ကျပ်ဖြင့် ရောင်းချပေးပါသည်။ လုပ်သားဝန်ထမ်း (၉)ဦးရှိပြီး တစ်လ လျှင် ၂၀၀၀၀၀ ကျပ် ဝန်းကျင်ခန့်ပေးရပါသည်။ ဈေးကွက်အရ ဒေသတွင်းနှင့် ရန်ကုန်မြို့များသို့ ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါသည်။

          ထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွန်းအမှတ်အသားဖော်ပြချက်များကိုလည်း ကုန်စည်ထုတ်ပိုးမှုအပေါ်တွင် ထည့်သွင်းဖော်ပြရန် ရှင်းလင်း ဆွေးနွေးမှုအပေါ် သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ဘိုကလေးမြို့ (၆)ရပ်ကွက်ရှိ မင်းသစ်ကျော် ရေခဲစက်သို့ MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဩ ဂုတ်လ (၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မ(၆)ရပ်ကွက် မြို့ဦးကျောင်းလမ်းရှိ ဦးမောင်ဇော်ပိုင် “မင်းထက်ကျော်”ရေခဲစက်သို့ MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ မင်းထက်ကျော် ရေခဲစက် ပျမ်းမျှအနေဖြင့် ထုတ်လုပ်နိုင်မှုမှာ ၃၀၀ပေါင်ရှိ ၁၅၀/၂၀၀ တုံး ကို ပုံမှန်ထုတ်လုပ်မှုမှု မရှိဘဲ ရေထရက် (၅)ရက်နား၊ ရေသေရက် (၂)ရက်နားဖြင့် ထုတ်လုပ်လျှက် ရှိကြောင်း ဈေးနှုန်းအနေဖြင့် ၁တုံးကို ၁၂၀၀၀/၁၃၀၀၀ နှုန်းဖြင့် ရောင်းချ လျှက်ရှိကြောင်းနှင့် ဈေး ကွက်အနေဖြင့် အပြင်မဖြန်ဘဲ မိသားစု ငါးဒိုင်တွင် ပြန်သုံး၍ လုပ်ကိုင်နေပါကြောင်း လုပ်သားအနေ ဖြင့် (၈)ဦး၊ လုပ်ငန်းလည်ပတ်လျှက်ရှိပြီး အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လုပ်ငန်းရှင်များ အား ဆွေးနွေး၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်စပါးအဓိကစိုက်ထုတ် လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့ (၁၆:၃၀)အချိန်တွင် မြိတ်မြို့သို့ တင်ပို့မည့် ဆန်တင်ထားသော ရေယာဉ်အား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင် ၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လ.ဝ.က ဦး စီးဌာန၊ အခွန်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်အသင်း စသည့် ပူးပေါင်း အဖွဲ့သည် (MV-မြမြမွန်) ရေယာဉ်ပေါ်တွင် ပေါ်ဆန်းဆန်၊ ဧည့်မထဆန်အိတ်များ တင်ဆောင်၍ ဆန်များသယ်ဆောင်ရာတွင် ကန်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း မရှိစေရေးနှင့် တရားဉပဒေနှင့် ညီညွှတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

 HN Collection Online Shop လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားမှုနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင်    Online Sale ဖြင့် ရောင်းချလျက်ရှိသော မြန်အောင်မြို့နယ်၊ ရေလဲကျေးရွာ၊ သရက်တောအုပ်စုရှိ “HN Collection Online Shop”  အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားမှုနှင့် ကိုက်ညီမှု ရှိ/ မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ အရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန် သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ “HN Collection Online Shop” အဝတ်အထည်နှင့် အထည်အလိပ်ဆက်စပ်ပစ္စည်းအရောင်းဆိုင်သည် လျှောက်လွှာပုံစံတွင် ဖြည့် သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင် လက်မှတ်လျှောက် ထားစဉ်က ရောင်းချရန် တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှု ရှိခြင်း စသည်တို့ကို တွေ့ရှိရပြီး၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များ အကြောင်း၊ တရား မဝင်တင်သွင်းလာသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဆီဖြန့်ဖြူးမှုဆိုင်ရာ အသိပညာပေး သင်တန်းဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၁၉-၈-၂၀၂၆ ရက် နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ရပ်ကွက်၊ကျေးရွာအုပ်စု လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများအား  ပြည်သူများသို့ ဆီဖြန့်ဖြူး ရောင်းချသည့် စည်းကမ်းသတ်မှတ် ချက်များ၊ ပြည်သူလက်ဝယ် ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်  လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုက် နာရမည့်အချက်များအား  အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါသင်တန်းတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသား ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊လက် ကား  ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှု အားကောင်းစေရေး၊ သတ်မှတ် ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်  ပြည့်ဝစွာ  ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေးတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် အချက်များ သင်တန်းပို့ချ ဆွေးနွေးခဲ့ပြီး ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဇလွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်ကြီးများနှင့်ကုန်မျိုးစုံအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ဇလွန်မြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများနှင့် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အခြေခံစားသောက် ကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ တရားမဝင်ကုန်စည်များ‌ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၁၈-၈-၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။  

                   ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့ပေါ် ရပ်ကွက်ရှိ ဆန်ဆိုင်ကြီးများအား ဆန်အမျိုးအစား အလိုက်စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စျေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားမှုမရှိစေရေး၊ ရောင်းဝယ်နေမှုအခြေအနေ၊ လက်ကျန်အခြေအနေများ သိရှိရန် မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက် ခဲ့ကြောင်း၊ ဈေးကွက်အတွင်း သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေး၊သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန် စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်း ရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစား ကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည် များကိုသာ ရောင်းချစေ‌ရေး လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ