Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြင်းခြံခရိုင်ရုံး၏ (၇/၂၀၂၅)ဒါဘာ ကျင်းပပြုလုပ်

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်၌  စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော (၇/၂၀၂၅) ဝန်ထမ်းထုဆန္ဒခံယူပွဲ(ဒါဘာ)သို့ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လ/ထညွှန်ကြားရေးမှူး)၊ မြင်းခြံခရိုင်ရုံးဝန်ထမ်းများ၊ ခရိုင်အတွင်းမြို့နယ်များမှ ခရိုင်တာ ဝန်ခံ၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။  ဝန်ထမ်းထုဆန္ဒခံယူပွဲတွင် ခရိုင်ဦးစီးမှူးက ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရေး အခက်အခဲများ၊ မိသားစုအခက်အခဲများနှင့် တာဝန်ထမ်းဆောင်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲ များ၊ အဆင်မပြေမှုများကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန်နှင့် ခရိုင်ဦးစီးမှူးအနေဖြင့် အတတ်နိုင် ဆုံးဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခရိုင်အဆင့်ဖြင့် ဖြေရှင်းနိုင်ခြင်းမရှိပါက တိုင်းဒေ သကြီးအဆင့်သို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ စီမံရေးရာဌာနခွဲ တာဝန်ခံက (၆/၂၀၂၅) ဝန်ထမ်းထုဆန္ဒခံယူပွဲ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းတစ်ဦးချင်းမှ ဆန္ဒဖော်ထုတ်ခဲ့ကြ ကာ (၇/၂၀၂၅)ဝန်ထမ်းထုဆန္ဒခံယူပွဲ(ဒါဘာ)ကို (၁၁:၀၀)အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် မြင်းခြံမြို့နယ်အတွင်းရှိ စားသုံးဆီလက်လီ လက်ကား အရောင်းဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရှိရ သည်။

          ခရိုင်ဦးစီးမှူးက ဆွေးနွေးပြောကြားရာတွင် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချရမည့် စားအုန်းဆီများကို သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏအတိုင်း အပြည့်အဝရောင်းချစေလိုကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး စားအုန်းဆီ(၂)ပိဿာ ရောင်းချပေးရမည်ဖြစ်ပါကြောင်း၊ ရောင်းချသည့် လက်လီဆိုင်တိုင်းတွင် ရောင်းချမှုမှတ်တမ်းထားရှိရမည်ဖြစ်ပါကြောင်း၊ အများပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ရောင်းချသည့်ဈေးနှုန်း မှန်ကန်ရေး၊ ရောင်းချသည့်ဆီအရည်အသွေး မှန်ကန်ရေး၊ ရောင်းချသည့်အလေးချိန်အချင်အတွယ် မှန်ကန်ရေး၊ ရောင်းချရမည့်အရေအတွက် မှန်ကန်ရေးတို့ကို အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အများပြည်သူသို့ စားအုန်းဆီများရောင်းချနေမှု လုပ်ငန်းစဉ်တစ်လျှောက် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလုပ်ကိုင် ဆောင်ရွက်နိုင်စေရန် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်လီလက်ကား အရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါက တင်ပြရန်နှင့် တင်ပြလာပါက စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အစွမ်းကုန် ကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင် လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲ အခမ်းအနားကို (၁၅:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

    မန္တလေးတိုင်း​ဒေသကြီး၊‌ ညောင်ဦးခရိုင်၊​ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြော ဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁၃:၀၀နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စား​သုံးရန်မသင့်​သော အစားအစားများအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်ရေးနှင့်တာဝန် များနှင့်စားသုံး သူကာကွယ်ရေးဥပဒေပါအကြောင်းအရာများကိုလည်းကောင်း နစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်းဒေသကြီး/ပြည်နယ်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြား ရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို Online မှ လည်းတိုင်ကြားနိုင်ခြင်း၊Consumer Call Center- 1535 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် တိုင်ကြားဆောင်ရွက်နိုင်ပါကြောင်းနှင့် အစားသောက်များကို မည်သို့ရွေးချယ်စားသုံးရမည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

  ဆက်လက်၍ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဉီးစီးဌာန၊ ဉီးစီးအရာရှိ​ ဒေါ်မေသက်နွယ် က မူးယစ်ဆေးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ် ချက်များပြောကြားပြီး၊ ကျောင်းသားလူငယ်များမှလည်း မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသလို ဆေးလိပ်ကိုတောင် မသုံးစွဲကြစေရေး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းရင်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ မူးယစ်ဆေးဝါး ကြောင့် မိမိတို့၏ အနာဂတ်ရည်မှန်းချက်များ မဆုံးရှုံးရလေအောင် မူးယစ်ဆေး မသုံးကြစေရေး အသိပညာပေး ဟောပြောခဲ့သည်။

   ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ် ချိန်များတွင် စာပေများ လေ့လာဖတ်ရှုစေရေး၊ ပညာရွှေအိုးလူမခိုး၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့် ပွဲလယ်တင့်စသည့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းအသိ ပညာပေး ဟောပြောခဲ့သည်။ ထို့​နောက် ညောင်ဦးခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအ​နေ​ဖြင့် ကျောင်းသား၊ ကျောင်း သူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများ ကြွယ်ဝလာစေ​ရေး ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိ​ပြီး အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆရာ၊ ဆရာမ၊​ ကျောင်းသား​၊ ကျောင်းသူများ စုစု​ပေါင်း (၄၀) ဦး တက်​ရောက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ၊ နေ့လယ် ၁၄း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေး ဈေးကွက် စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထားဝယ်မြို့ပေါ်ရှိ ထားဝယ် လေညှင်းနှင့် ဒီဇင်ဘာစားသောက်ဆိုင်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း ၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။     

          အဆိုပါ စစ်ဆေးရာတွင် အစားအသောက်ပြုပြင်ချက်ပြုတ်ရောင်းချသည့်နေရာများ သန့်ရှင်း သပ်ရပ်မှု ရှိ/မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ် သန့်ရှင်းမှုရှိ/မရှိ၊အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေး ဖော်ပြထားခြင်း ရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးတွင် Thursday Talk အခမ်းအနားကျင်းပပြုလုပ်

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီး မှူးရုံး၊ အစည်းအဝေးခန်းမ၌ Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

    အဆိုပါ Thursday Talk ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်ခင်မီမီဇော်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး (၁၅း၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း အမြန်ဖွဲ့စည်းနိုင်ရေး ဆေးဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွား‌ရေးရာဝန်ကြီးအခန်းတွင် စီးပွားရေးရာဝန်ကြီးမှ ထားဝယ်ခရိုင် ဆေးနှင့်ဆေး ပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းအား အမြန်ဖွဲ့စည်းနိုင်ရေး ထားဝယ်မြို့ပေါ်ရှိ လက်လီ/လက်ကား ဆေးဆိုင်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက ဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

       အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးရာဝန်ကြီးမှ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဖြင့် ရရှိ လာနိုင်သည့် အကျိုးကျေးဇူးများ၊ ဒေသတွင်းဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ၊ ဆေးစျေးနှုန်းများ အဆမတန် မြင့်တက်လာမှု မရှိစေရေး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် သွားနိုင်ရေးနှင့် ပတ် သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်၍ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်း ဒေသကြီးဦးစီးမှူးမှလည်း အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်းများ၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ စီးပွားရေးရာဝန်ကြီးမှ ထားဝယ် ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း အမြန်ဖွဲ့စည်းဆောင် ရွက်သွားနိုင် ရေး တိုက်တွန်းပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးခြင်းအား ၁၁း၃၀ နာရီအချိန်တွင် ပြီးမြောက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးတက်ရောက်

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ထားဝယ်မြို့၊ သာသနာ့ ဗိမာန်တွင် တနင်္သာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့  တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          ထိုအခမ်းအနားတွင်  ဘုန်းတော်ကြီးများမှ ပရိတ်တရားနာကြားခြင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးများနှင့်တာဝန်ရှိသူများမှ   ဘုန်းတော်ကြီးများအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းခြင်းဆောင်ရွက်ခဲ့

            စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့မှဦးဆောင်၍ မိတ်ဖက် ဌာနများဖြစ်သော တိုင်းဒေသကြီးအထူးစုံစမ်းစစ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း ၍  ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ “ ယူနတီ၊ ရွှေနန်းတော်၊ မူကထအိမ်၊ King Rayal ၊ စားသောက်ဆိုင်များသို့ ကွင်းဆင်းခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အစားအသောက်များပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/ မရှိ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မှရှိ၊ အစားအသောက်များလတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိ၊ စားသုံးသူအခွင့်အရေး များရရှိစေရန်၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြရန် စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန်၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား၊ ပမာဏ အလိုက်ဈေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် စသည့်အချက်အလက်များကို စစ်ဆေးခဲ့ပြီ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ “ထာဝရ” မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည်များကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည်သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၃၀ ) ရက်နေ့တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “ထာဝရ” မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည် များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ဆောင်ရွက်ရာတွင် “ထာဝရ” မုန့်လုပ်ငန်းမှ “ထာဝရ”အမှတ်တံဆိပ် နို့ယို ပေါင်မုန့်၊ အုန်းသီး ပေါင်မုန့် ကုန်စည် (၂) မျိုးကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေး တွေ့ရှိရပြီး ၎င်းကုန်စည်(၂)မျိုး၏ ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်က ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီကိုက်ညီ မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေအခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း ( ၁၁ ) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ အကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၆/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု အခြေအနေ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အရခန့် အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိ ပါသည်။

            မုံရွာခရိုင်အနေဖြင့် (၆/၂၀၂၅) လအတွင်း ခရိုင်ဦးစီးမှူး မှဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နှင့် ကျောက္ကာလမ်းပေါ် လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့ပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကိုအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ