Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online သင်တန်းဖွင့်လှစ်ကျင်းပ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရုံးလုပ်ငန်းများ တက်ကျွမ်းနားလည်ပြီး ဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ် ၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(Online)သင်တန်းအား၂၀၂၅၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နေ့လယ် (၁၃:၀၀)ချိန်မှ (၁၄:၅၀) အထိ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်း(၁၀)ဦးဖြင့် ဖွင့် လှစ် ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါသင်တန်းတွင် ဘာသာရပ်တစ်ခုအနေဖြင့်ရုံးချုပ်၊ စီမံရေးရာဌာနခွဲ၊ ပုံသေပိုင်ဌာနစုမှ ဒုတိယညွှန်ကြားရေးမှူးဦးသက်နိုင်က ပုံသေပိုင်ဌာနစု၏လုပ်ငန်းတာဝန်များ၊ ပုံသေပိုင်(၉)မျိုးစာရင်းနှင့် မှတ်တမ်းပုံစံများ၊ စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီးဌာန၊ စက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ထုတ်ပြန်ထားသော တန်ဖိုးလျော့နှုန်းထားများ တွက်ချက်သတ်မှတ်ခြင်းများကိုလည်းကောင်း၊ ငှားရမ်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ရောင်းချခြင်းဆိုင်ရာ လုပ် ထုံးလုပ်နည်းများ၊ လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ပုံသေပိုင်စာရင်းမှ နုတ်ပယ်ခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ရှင်းလင်းသင်ကြားပို့ချပေးရာ တက် ရောက်လာသော သင်တန်းသားဝန်ထမ်းများကလည်း သိရှိလိုသည်များအပြန်အလှန်မေးမြန်းဆွေးနွးကာ Online သင်တန်းအား နေ့လယ်(၁၄:၅၀)နာရီတွင် ပြီးစီးကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

ဒေါ်နိုင်နိုင်ဆွေ(ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည်.၁၁.၂၀၂၅ ရက်နေ့ ၁:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး(၁) ရှိ ဒေါ်နိုင်နိုင်ဆွေ (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Shwe Pu Zun အမှတ်တံဆိပ်ပါ ကော်ဖီမှုန့်သည် အသင့်ဖျော်ကော်ဖီထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချဖြန့်ဖြူးရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဦးသိန်းမောင် (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၈.၁၁.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ နားခါရပ်ကွက်ရှိ ဦးသိန်းမောင် (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ VeVe အမှတ်တံဆိပ်ပါ မန်ကျည်းအချိုရည် သည် အသင့် သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာ ဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိ သော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင် ၊  လက်ပံတန်းမြို့နယ်စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်(၇)ဦးနှင့် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ၊ခရိုင်ဦးစီးမှူးမှ  တွေ့ဆုံ၍  လက်လီလက်ကားကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ဖြူးရာတွင် အများဆုံးအဆင့်(၃)ဆင့်ဖြင့်သာ ရောင်းချရန် (ကုမ္ပဏီ ၁ဆင့်၊ လက်ကားကိုယ်စား လှယ် ၁ဆင့်၊ လက်လီကိုယ်စားလှယ် ၁ဆင့်)ဖြင့်လည်းကောင်း စားအုန်းဆီဖြန့်ဖြူးရာတွင် မှန်(၆)မှန်  ဖြစ်သော (က) လက်ကား၊ လက်လီစာရင်းမှန်၊(ခ)နေရာမှန်၊(၁) ဈေးကွက်ဖြန့်ဆီ၊ (၂)ဈေးကား ဆီ၊(၃)အရံဆီ၊ (၄)စက်မှုကုန်ကြမ်းဆီ၊(ဂ) အချိန်မှန်၊ဈေးနှုန်းမှန်၊ (ဃ) ဈေးနှုန်းမှန်၊(င)အရေအတွက် မှန်၊ (စ)အချိန်အတွယ်နှင့်အရည်အသွေးမှန်၊ ဖြန့်ဖြူးကြစေရန်နှင့်  စားသုံးသူကာကွယ်ရေး၊ ဥပဒေ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍  စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး  ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း ‌စာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၁၇.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ  ပြည်တွင်းကုန်သွယ်ရေး ဖွံဖြိုးမှုနှင့် သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်  ပေးနိုင်သည့် အရည် အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့် ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ  ဆောင်ရွက်ရန် အသိပညာ ပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နံနက်(၀၇:၃၀)နာရီအချိန်တွင် ကန့်ဘလူ မြို့နယ်ဆီကိုယ်စားလှယ်မှ အမှတ်(၂)ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီလက်လီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

ဆီထုတ်ကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆီကိုယ်စားလှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီ(M.G.N.D)မှ ခွဲတမ်းရစားသုံးဆီ(၃၀)ပေပါ(သို့) (၃၃၀၀)ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီထုတ်ကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီအရောင်း ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

 

                                                                  

မိုးညိုမြို့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင်  မိုးညိုမြို့၌  ခရိုင်ဦးစီးမှူး၏   လမ်းညွှန်မှုဖြင့် ၁၇.၁၁.၂၀၂၅ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင်ဈေးအတွင်း၊ သခင်လှရှိန်ရပ်ကွက်ရှိ  ဒေါ်ခင်စန်းအေး၊  ကုန်မျိုးးစုံနှင့်  ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာ ဖော်ပြ ခြင်း ရှိ/မရှိ မြို့နယ်တာဝန်ခံဦးမောင်မောင်အေးနှင့်ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည် အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များ နှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)

MyRoတွင် ဆန်စပါးသိုလှောင်ရုံသက်တမ်းတိုးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ ဆန်စပါးသိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Onlin-MyRO)အား အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိပြီး သိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ဆန်တန်ချိန်(၂၅)နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် ပိုင်ဆိုင်သော ဆန်စပါးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအား သိုလှောင်ရုံမှတ်ပုံတင် လက်မှတ်လျှောက်ထားနိုင်ရေး ပဲခူတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိရာ သက်တမ်းကုန်ဆုံးသွားသည့် သိုလှောင်ရုံမှတ်ပုံတင် လက်မှတ်များအား (MyRO) တွင် သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ မိုးညိုမြို့တွင် ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

  စားသုံးသူရေးရာဦးစီးဌာန ၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင် ၊  မိုးညိုမြို့နယ်မြို့မရပ်ကွက်   ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ  ကျော်ကမ္ဘာသောက်ရေသန့်လုပ်ငန်းရှင် ဦးအောင်လွင်ဦးနှင့် (၁၃.၁၁.၂၀၂၅ )ရက်နေ့၊နံနက်(၁၀:၀၀ )နာရီအချိန်တွင်၊ မိုးညိုမြို့နယ်တာဝန်ခံဦးမောင်မောင်အေးမှ တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဥပဒေအခန်း ( ၁၈ )ပါ  ကုန်စည်များ ပေါ်တွင်ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍   ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ