Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးအသုံးအဆောင်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၁၁.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်၌ လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင် ရောင်းချနေသော ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ()ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ Polytechnic University Polytechnic University ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

         ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပါသည်။ စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရား များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။

          ယင်းနောက် သိကောင်းစရာများဖြစ်သော ဆိုးဆေး၊ ကြာရှည်ခံဖော်မလင်ဆေးနှင့် ဟင်းချိုမှုန့်၏ ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  (၁၁:၀၀)နာရီအချိန် တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

 

 

*သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခြင်း*

        ၂၀၂၅ ခုနှစ်၊ ဇူလိုင် လ ၅ ရက်နေ့  နံနက်(၉)နာရီအချိန်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ပင်လောင်းမြို့ရှိ၊ ပင်လောင်းမြို့မဈေးတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီ ဝယ်ယူနိုင်ရေးအတွက် အိမ်ထောင်စု(၁)စုလျှင် ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ (၁)ပိဿာကို (၇၈၀၀)ကျပ်နှုန်းဖြင့် အများပြည်သူများအား စားအုန်းဆီ ပိဿာချိန်(၁၀၀၀) ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရှိပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ် စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေ နှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိသေးကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

“ကျောက်ဆည်မြို့ပေါ်ရှိ ဆီဆိုင်များအားကွင်းဆင်း”

    ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၀)နေ့၊ နံနက်(၁၀း၃၀)အချိန်တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောက်ဆည် မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား လိုက်နာရမည်ဖြစ် ကြောင်း၊ပဲဆီ၊နေကြာဆီ၊နှမ်းဆီနှင့်ဟင်းသီးဟင်းရွက်ဆီ များအား Parking ဘူးများဖြင့် ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟုဖော်ပြရ မည်ဖြစ်ပြီး ကုန်စည်၏အသားတင် ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ် ဖြစ်သော ပိဿာ၊ကျပ်သားအား မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး၂ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်း မရှိရန်လိုအပ် ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြား ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး”

    ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၀) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန   မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ  နှင့်  အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင်များသို့ သွားရောက်၍စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်းလိုင်စင် ရှိ/မရှိ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးစိုးမင်းထွန်းမှ ဆေးဝါးနှင့်ဖြည့်စွတ်စာများနှင့်ပက်သက်၍  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားအမှတ်(/၂၀၂၁၉)ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း ၄င်းညွှန်ကြားချက် များတွင်ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေး အမျိုးမျိုး အိမ်သုံးဆေးဝါး လိမ်းဆေးအမျိုးမျိုး၊အာဟာရဖြည့်စွတ်စာအမျိုးမျိုး၊ တိုင်းရင်းဆေး အမျိုးမျိုးတို့တွင်ကုန်ပစ္စည်းအမျိုး အမည်၊အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့် ကြောင်းဖော်ပြချက် ဘေးထွက်ဆိုးကျိုး ကြိုတင် သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ် ကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက် များပါဝင်မှုမရှိသော ကုန်စည်များ ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း ရှင်းလင်းပြောကြား ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဆန်စပါးသိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်လိုင်း(MyRO)တွင် မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းအသိပေး”

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင် များအား MyRO တွင်မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းအသိပေးခဲ့ကြောင်းသိရှိရပါသည်။ ဝန်ကြီးဌာန အနေဖြင့် ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင် ခြင်းဆိုင်ရာ အမိန့်ကို(၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်(၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန်(၂၅)တန်နှင့် အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့် အထက်သိုလှောင်ရုံ တစ်မျိုးမျိုးပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့် ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ၊ မှတ်ပုံတင်လျှောက်ထားမှု မရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား စာဖြင့်သတိပေး ခြင်း ၊ ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သောလုပ်ငန်းလိုင်စင် ၊ မှတ်ပုံတင်လက်မှတ် ၊ လုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင်သက်ဆိုင်ရာ အစိုးရဌာနကပြုလုပ်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား ကွင်းဆင်းအသိပေးခဲ့ကြောင်း၊ (၁၁.၇.၂၀၂၅) ရက်နေ့ထိ စဉ့်ကိုင်မြို့နယ်ရှိ ဆန်/စပါး သိုလှောင်ရုံ (၁၂)ရုံမှ မြန်မာဆန်စပါးအွန်လိုင်း(MyRO) တွင်မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ထားဝယ်မြို့သို့ မြန်မာနိူင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်နေ့၊ နံနက်(၉း၃၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိူင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd နှင့်Yadanarbon Global Network DistributionCo,Ltdတို့မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၃)ပေပါကို ယာဥ်မောင်း ဦးမြင့်ဇော်သန်း ယာဉ်အမှတ် 7F-3777 (Nissan)မော်တော်ယာဥ်နှင့် တင်ဆောင်၍လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် (၁၀း၀၀)အချိန်တွင် Myanmar Oil Alliance Co,Ltdမှတင်ပို့ရောင်းချသည့် စားအုန်းဆီ (၇၅)ပေပါကို ယာဉ်မောင်းဦးရဲနိုင်ဦး ယာဉ်အမှတ် 2I-7044 Nissan  မော်တော်ယာဉ်ဖြင့် တင်ဆောင်၍လည်းကောင်း အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၁၆၈)ပေပါကို အဆိုပါ ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ် မှတစ်ဆင့် ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ MV ရွှေလက်ဝါးရေယာဉ်ဖြင့် ဆန်အိတ်များရောက်ရှိလာ

      မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်မြို့အတွက် လိုအပ်သောဆန်များအား (၂.၇.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်မှဝယ်ယူ၍ MV ရွှေလက်ဝါးရေယာဉ်ဖြင့် ဆန်တန် (၃၀၀)၊ အိတ်ရေ (၆၀၀၀) သယ်ယူ၍ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၁) ရက်နေ့တွင် မြိတ်မြို့ သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါရောက်ရှိလာသော ရေယာဉ် အား မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်ကုန်သွယ်ရေး ဦးစီးဌာနနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်နှင့် လက်လီရောင်းချနေသောစားအုန်းဆီအရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ ၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်ခရိုင်ကုန်စျေးနှုန်း တည် ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ‌ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့များဖြင့် မြိတ်မြို့ပေါ်ရှိ ဆန်နှင့်လက်လီ ရောင်းချနေသောစားအုန်းဆီအရောင်းဆိုင်များသို့သွားရောက်၍ ကုန်စျေးနှုန်းတည်ငြိမ်‌‌ရေးနှင့် သတ်မှတ်ထားသော စျေးနှုန်းများဖြင့်ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ဆန်နှင့်လက်လီ ရောင်းချနေသောစားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသောစျေးနှုန်းများအားမေးမြန်းခြင်း၊အလေးချိန်မှန်ကန်စွာဖြင့်ရောင်းချနေမှုအားစစ်ဆေး ခြင်းနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်များမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ