Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးတက်ရောက်

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ထားဝယ်မြို့၊ သာသနာ့ ဗိမာန်တွင် တနင်္သာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့  တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          ထိုအခမ်းအနားတွင်  ဘုန်းတော်ကြီးများမှ ပရိတ်တရားနာကြားခြင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးများနှင့်တာဝန်ရှိသူများမှ   ဘုန်းတော်ကြီးများအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းခြင်းဆောင်ရွက်ခဲ့

            စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့မှဦးဆောင်၍ မိတ်ဖက် ဌာနများဖြစ်သော တိုင်းဒေသကြီးအထူးစုံစမ်းစစ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း ၍  ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ “ ယူနတီ၊ ရွှေနန်းတော်၊ မူကထအိမ်၊ King Rayal ၊ စားသောက်ဆိုင်များသို့ ကွင်းဆင်းခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အစားအသောက်များပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/ မရှိ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မှရှိ၊ အစားအသောက်များလတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိ၊ စားသုံးသူအခွင့်အရေး များရရှိစေရန်၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြရန် စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန်၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား၊ ပမာဏ အလိုက်ဈေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် စသည့်အချက်အလက်များကို စစ်ဆေးခဲ့ပြီ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ “ထာဝရ” မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည်များကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည်သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၃၀ ) ရက်နေ့တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “ထာဝရ” မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည် များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ဆောင်ရွက်ရာတွင် “ထာဝရ” မုန့်လုပ်ငန်းမှ “ထာဝရ”အမှတ်တံဆိပ် နို့ယို ပေါင်မုန့်၊ အုန်းသီး ပေါင်မုန့် ကုန်စည် (၂) မျိုးကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေး တွေ့ရှိရပြီး ၎င်းကုန်စည်(၂)မျိုး၏ ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်က ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီကိုက်ညီ မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေအခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း ( ၁၁ ) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ အကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာခရိုင်၏ (၆/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု အခြေအနေ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အရခန့် အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိ ပါသည်။

            မုံရွာခရိုင်အနေဖြင့် (၆/၂၀၂၅) လအတွင်း ခရိုင်ဦးစီးမှူး မှဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နှင့် ကျောက္ကာလမ်းပေါ် လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့ပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကိုအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၆ /၂၀၂၅) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိပါသည်။

                မုံရွာခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၃) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)တို့သည် ( ၁၁.၆.၂၀၂၅ ) ရက်နေ့တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ “ဝိုင်းအုံ” လက်ဖက်လုပ်ငန်းရှင်၊ (၁၉.၆၂၀၂၅) ရက်နေ့တွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ “ဟက်ပီးဝမ်း” မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် “အိုပီယမ်” မုန့်မျိုးစုံလုပ်ငန်းရှင် များနှင့်  တွေ့ဆုံပြီးစားသုံးသူကာကွယ် ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအားအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်ခရိုင်အတွက် စားအုန်းဆီပေပါများ မြိတ်မြို့သို့ ရောက်ရှိ

    မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးရှိ ဆီကုမ္ပဏီ များမှ ဝယ်ယူ၍ လက်လီအရောင်းဆိုင်များသို့ဖြန့်ဖြူးပေးလျက်ရှိရာ Global Good Pure Group ကုမ္ပဏီမှ ဝယ်ယူထားသော စားအုန်ဆီပေပါ(၆၀)ပေပါသည် (၁၀.၇.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါရောက်ရှိလာသောစားအုန်းဆီများကို (၂)ရာခိုင်နှုန်းအမြတ်ဖြင့် လက်လီအရောင်းဆိုင် များသို့ ဖြန်ဖြူးရောင်းချပေးမည်ဖြစ်ပြီး လက်လီဆိုင်များမှတဆင့် ပြည်သူများသို့ ရောင်းချပေးမည် ဖြစ်ကြောင်း ၎င်းတို့ကို စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ကြံတော(မူလွန်)ကျောင်းရှိကျောင်းမုန့်စျေးတန်းအားကွင်းဆင်းစစ်ဆေး

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့်အတူ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ မြိတ်မြို့၊ ကြံတောမူလတန်းလွန်ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်နှင့် စားသောက်ကုန်မျိုးစုံရောင်းချနေသော ဆိုင်များသို့ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ရှိသော စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိစစ်ဆေးပြီး အကြော်၊အလှော်များကို တစ်နေ့ တာအတွင်းသာရောင်းချရန်နှင့် ခြင်၊ ယင်မနားစေရန် အဖုံးအကာများဖြင့်ရောင်းချမှုရှိစေရေး ပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ကြံတောရပ်ရှိ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့််အတူ မြိတ်မြို့၊ ကြံတောရပ်ရှိအခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း နှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

     အသိပညာပေးဟောပြောရာတွင် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား သိသင့်သိထိုက်သော ခန္ဓာကိုယ် ပြောင်းလဲမှုဖြစ်စဉ်နှင့် ကျန်းမာရေးအခြေ အနေများရှင်လင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့် အစားအသောက်မစားသုံးမီ ပြုလုပ်သင့်သောအချက်များ ပြော ကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပြီးနောက် ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့၊ပုလဲရတနာခန်းမ၌ကျင်းပသော မြန်မာအီလက်ထရောနစ်မဲပေးစက် ( MEYM) ရှင်းလင်းပြသပွဲတက်ရောက်

၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၀)ရက် နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ပုလဲရတနာခန်းမ၌  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထ ရောနစ် မဲပေးစက်(MEYM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ် သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး သည် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEYM) ရှင်းလင်းပြသပွဲ၌ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် တို့မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဦးညီညီကျော် မှ မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEYM)ကို ခေတ် မီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံ(၃၄)ခု၌ သုံးစွဲနေသောမဲပေးစက်များအား လေ့လာပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော (MEYM)အား အဆင့်ဆင့်စမ်းသပ်ပြီးမှထုပ်လုပ်သုံးစွဲတာဖြစ်ကြောင်း၊ အသေးစိပ်ရှင်း လင်းဆွေးနွေးပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်တို့မှ လက်တွေ့ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEYM) အသုံးပြုမဲပေးမှု စမ်းသပ်ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ဈေးကွက်အတွင်းရှိအသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ One Stop Kitchen တာဝန်ခံနှင့်တွေ့ဆုံ၍ Kitchen Mark အတွင်း ရောင်းချလျှက်ရှိသော အသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်း အမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ်ထုတ်များ ဖြစ်သော One Twa, Milk Boy, Platinum, Sunday စသည့် အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ