Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြင်းခြံမြို့၊ဦးညွှန့်ဝင်း ဆေးဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

         မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ဦးညွှန့်ဝင်း ဆေးဆိုင်တွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများနှင့် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်  ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပါကြောင်းနှင့် ဆေးဝါးများပြတ်လပ်မှု မရှိပါကြောင်းစိစစ်တွေ့ရှိရပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ မီးသတ်ဦးစီးဌာနတွင် အသိပညာပေးဟောပြောဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကို နယ်ပယ်အစုံသို့ နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ အများပြည်သူများအပြင် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးသို့လည်း အသိပညာပေးလျက်ရှိရာ ၂၈.၁၀.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်ဦးခရိုင်တာဝန်ခံသည် ညောင်ဦးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာ စိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက် ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ ဖော်ပြပါဝင်သောကုန်စည်နှင့် သက်ဆိုင်သည့်ကုန်အညွှန်းအမှတ် အသားများအတိုင်း စနစ်တကျလိုက်နာသုံးစွဲရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်ဖြင့် အသိပညာဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ အရာထမ်း၊ အမှုထမ်း(၂၀)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား အသိပညာပေးဟောပြောဆွေးနွေး

         မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပြည်ပပို့ကုန် သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးဆွေးနွေးပွဲအား နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သောသွင်းအားစုများကို ဝယ်ယူသုံးစွဲရာတွင် တရားဝင်ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်နှင့် ဖော်ပြပါဝင်သော ကုန်စည်နှင့် သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားများအတိုင်း စနစ်တကျလိုက်နာသုံးစွဲရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည်ဖြင့်အသိပညာဟောပြော ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဌာနဆိုင်ရာ(၁၁) ဦး၊ စိုက်ပျိုးရေးလုပ်ငန်းရှင်(၈)ဦး၊ တောင်သူ(၃၀)ဦး တို့ တက်ရောက်ခဲ့ပါသည်။

           ယခုလို အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူပြည်သူများ အသိပညာများတိုးပွားလာ၍ ကုန်စည်များကို ရွေးချယ်သုံးစွဲလာတတ်စေခြင်းဖြင့် ကျန်းမာကောင်းမွန်သော ဘဝများကို ရရှိပိုင်ဆိုင်လာမှာဖြစ်သလို လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ကုန်စည်များ ဈေးကွက်ခိုင်မာပြီး ရေရှည်ရပ်တည်နိုင်ရေးကိုအလေးထားကာ ဥပဒေများနှင့်အညီထုတ်လုပ်လာပြီး အရည်အသွေးမပြည့်မီသော၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များလျော့နည်း ပပျောက်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

ညောင်ဦးမြို့၊ မေတ္တာ ဆေးဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့ပေါ်ရှိ မေတ္တာ ဆေးဆိုင်တွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများအား ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာ အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော် ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့၊ စေတနာမွန် စတိုးဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ စေတနာမွန် စတိုးဆိုင်တွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများအား ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော် ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့၊ စွန်မင်း စတိုးဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့ပေါ်ရှိ စွန်မင်း စတိုးဆိုင်များတွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများအား ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

         အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာ အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်း ကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

ကျောက်ပန်းတောင်းမြို့တွင် ဝင်းထိုက် ဆန်ဆိုင်သို့ ကွင်းဆင်းဆောင်ရွက်

       My ROတွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်း ပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် (၁၁-၁၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ ဈေးကွက်သစ်ရပ်ရှိ ဝင်းထိုက် ဆန်သိုလှောင်ရုံနှင့် ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ My RO တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံအလုံး(၁၆)ရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်ဆန်သိုလှောင်ရုံများအတွက် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန် ထုတ်/ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာရေးသွင်းစေရေး၊ ရေးသွင်းသည့် အချက်အလက်များနှင့် မြေပြင်လက်ကျန်အခြေအနေများ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ ဆီစက်၊ ဇီးခွဲစက်၊ ဂျုံစက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

         မြင်းခြံမြို့ စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းရှင်၊ ဂျုံစက်လုပ်ငန်းရှင်၊ ပဲခွဲစက်လုပ်ငန်းရှင်၊ ဇီးခွဲ စက်လုပ်ငန်းရှင်တို့အား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ယူထားသည့် ချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေးကို တိုက်တွန်းနှိုးဆော်ရန်အတွက် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးသည် အခါအားလျော်စွာ ပေးအပ်သောတာဝန်ကို ဆောင်ရွက်ရန်အတွက် (၁၂.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်၌ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များကို ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေများ အကျိုးရှိစွာ အသုံးချရန်အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မတိုင်မီ ချေးငွေခွင့်ပြုထုတ်ပေးထားပြီး ချေးငွေရယူထားသော လုပ်ငန်းရှင်များက ချေးငွေပေးဆပ်နိုင်ရေး အတိုးနှင့်အရင်းကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အပြေအကြေပေးဆပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား တိုက်တွန်းနှိုးဆော်ပြီး ကတိပြုဝန်ခံချက်များ ရေးထိုးရယူရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ကျောက်ဆည်မြို့ရှိ သိင်္ဂီဌေး စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

   ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ (၁၃)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ သိင်္ဂီဌေး စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာ အနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏ နှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ကျပ်သားအားမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိ သောစားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“My RO တွင် ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန်စာရင်းများဖြည့်သွင်းနိုင်ရေးကွင်းဆင်းအသိပေး”

    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် အောက်တိုဘာလ (၁၃) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ် အတွင်းရှိ ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများသွင်းရန်ကျန်ရှိနေသည့် ဆန်စက်သိုလှောင်ရုံများသို့  မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့်  ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများ ဖြည့်သွင်းနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Onlin MyRo)တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက် ပြီးသော သိုလှောင်ရုံများအား သက်တမ်းပြန်လည်တိုးရန်နှင့် ဆန်စပါးသိုလှောင်မှုလုပ်ငန်းစဉ်များ၏  ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများအား လစဉ် ၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ဖြည့်သွင်းခြင်းလုပ်ငန်းများအား လိုက်နာဆောင်ရွက်ရန် နှင့် လိုက်နာဆောင်ရွက်မှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ