
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး)သည် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြင်းခြံမြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ ၂၁-၁-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မြင်းခြံမြို့ပေါ်ရှိ ဓာတ်မြေဩဇာ ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားဖြည့်ဆေးများနှင့် စိုက်ပျိုးရေးဆက်စပ်သုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိစေရေး၊ ရောင်းချခွင့်လုပ်ငန်း လိုင်စင်ရှိ/ မရှိ၊ ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများရောင်းချစေရေး၊ သက်တမ်းကျော်လွန်နေသောပစ္စည်းများ ရောင်းချမှု မရှိစေရေးနှင့် ဓါတ်မြေဩဇာများ ရန်ကုန် အထိုင်စက်ရုံထုတ်ဈေးအပေါ် သယ်ယူခများထပ်ဆောင်း၍ သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချစေရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
