
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှူ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန် ခံရုံးအနေဖြင့် စားသုံးသူ ပြည်သူများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့ အတွက် ကုန်စည်၊ ဝန်ဆောင်မှုများကို မြေပြင်သို့ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်(၀၉;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အများ ပြည်သူသုံး မော်တော်ယာဉ်လိုင်းများအား သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု(၃)ချက်ကို ကျွန်းလှမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဦးစားပေး ဈေးကွက် စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အနက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု(၃)ချက်မှ အများသုံးမော်တော်ယာဉ်များအနေဖြင့် ခရီးသည်နှင့် ကုန်စည်များကို စားသုံးသူများ၏လိုအင်ဆန္ဒ နှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ခရီးသည်ပို့ဆောင်ပေးနေမှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှု အခြေ အနေများ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်၏ နိုင်နင်းမှုအပေါ်မူတည်၍ သတ်မှတ်ထားသည့် လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းများ၊ အများသုံးမော်တော်ယာဉ်မောင်းနှင်သူမှ အရက်သေစာ သောက်စား မောင်းနှင်ခြင်းများ ရှိ/မရှိ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်ပြန်ထားသော သက် ဆိုင်ရာဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ သတ်မှတ်ထားသော ကုန်စည် တန်ဆာထက် ပိုမိုတင်ဆောင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အများပြည်သူသုံး မောတော် ယာဉ်လိုင်းများ အနေဖြင့် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး ဝန်ဆောင်မှုများတွင် စားသုံးသူများ အနေဖြင့် အခြေခံ လိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရန် နှင့် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဖြစ်သင့် ဖြစ်ထိုက်သော ကုစားခွင့်များကို စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးနှင့် ဘေးအန္တရာယ်များ ကာကွယ်ရန်အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)
