Main menu

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည်   (၁၈.2.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်လင်မြို့မဈေးအတွင်းရှိ  ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက်‌ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက်  ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သည့် ကုန်စည်၏ တံဆိပ်အမှတ်အသား ၊ အမျိုးအမည် ၊အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံ နည်းလမ်း၊ ကုန်စည်ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ပြည်တွင်းသို့တင်သွင်းလာ‌သော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့်လိပ်စာ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့်လိမ်စာ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်း များ၏ ပမာဏ၊ပါဝင်မှုအချိုးအစား ၊ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ် ထားသောအချက်အလတ်များ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးအသိပညာပေးခဲ့ပြီး အိမ်သုံးဆေးဝါများ ဈေးကွက်အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)