Main menu

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ရွှေပြည် အေးအမှတ်တံဆိပ်လုပ်ငန်းအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အမှတ်(၃)၊ ဗဟိုလမ်း၊ မြစ်ငယ်ရပ်၊ မြိတ်မြို့ရှိ ရွှေပြည်အေးအမှတ်တံဆိပ် အအေးနှင့်မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်ရောင်းချလျက်ရှိသော အသင့်စား မုန့်အမျိုးမျိုးအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

    စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကိုစစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရန် အချက်အလက်တို့ကိုရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)