
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ (ဒု- ကြီးကြပ်ရေးမှူး) ဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်စပါးလုပ်ငန်းကြီး ကြပ်ရေးအဖွဲ့နှင့်အတူ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့ ၏၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှုအခြေအနေ၊ သက်ဆိုင်ရ ဌာနမှထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ လိုက်နာမှုရှိသည်ကို တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
