Main menu

ဈေးကွက်ရောက် အလှကုန်များအား ဈေးကွက်စစ်ဆေးခြင်း

Powered by Drupal

            မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်း မြို့နယ်ဦးစီးမှူး ဦးအောင်လွင် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများ(၂)ဦးတို့သည် မြို့နယ်အတွင်းရှိ သီဟစတိုး၊ ကျော်ကျော်စတိုး အလှကုန် အရောင်းဆိုင်များ အား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီ လ(၉)ရက်နေ့ (၈)နာရီအချိန်တွင် ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း ပြည်သူများ သုံးစွဲနေသော အလှကုန် အမျိုး မျိုးအား ဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်ရောက်ကုန်စည်များကို စစ်ဆေးဆောင် ရွက်ခဲ့ပြီး ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေမှာ သုံးစွဲဖို့မသင့်တဲ့ အလှကုန်ပစ္စည်းနှစ်မျိုးကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ၊ ၂၀၂၆ ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေမှာ မှတ်တမ်းတင်ထားခြင်းမရှိသလို ကျန်းမာရေးအရ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓာတု ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ရေရှည်သုံးစွဲပါက ခေါင်းကိုက်ခြင်း စိတ်ကျရောဂါတွေအပြင် ကျောက်ကပ်ပါပျက်စီးနိုင်တာကြောင့် ညောင်တုန်း မြို့နယ်အတါင်း အလှကုန်ဆိုင်များတွင် တားမြစ်အလှကုန်အား တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန် ကျင့်ဝတ်အရ မပြုလုပ်ရန် လိုက်နာဆောင်ရွက်ဖို့ကို ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး ရောင်းချခြင်းမျိုးတွေ့ရှိပါက ကျန်းမာရေးဦးစီးဌာန ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တို့အားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး တာဝန်ရှိသူက ရောင်းချနေသည့် အလှကုန်ဆိုင်ရှင်များအား  ကုန်စည်ရောင်းချသူ၊ ဝန်ဆောင်မှုပေးအပ်သူ၏ အချက်အလက် အမည်၊ အမျိုးအစား၊ ကုန်စည်အရွယ်အစား၊ အသားတင်ပမာဏ၊ ထုတ်လုပ်သည့် နိုင်ငံ၊ တင်သွင်းသူ၏ အမည်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်အညွှန်းအမှတ် အသားများ ပြည်စုံ မှန်ကန်မှုရှိစေရေး၊ သက်ဆိုင်ရာ ဌာနများ၏ ဖော်ပြရန် သတ်မှတ်ထားသောအချက်များ ပါဝင်မှု ရှိ/မရှိ၊ ဈေးကွက်ရောက်ကုန်စည်များ သက်တမ်းလွန်ကုန်စည်များ ရောနှောရောင်းချခြင်း ရှိမရှိစစ်ဆေးခဲ့ရာ ဆိုင်ရှင်များက သတ်မှတ်ချက်များကို လိုက်နာရောင်းချကြောင်းတွေ့ရှိရပြီး၊ လုပ်ငန်းရှင် လိုက်နာရမည်တာဝန်နှင့် တားမြစ်ချက်ကို အသိပေးပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)