Main menu

မြိတ်ခရိုင်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားသုံးသူပြည်သူများအား  စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ အွန်လိုင်း စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောရာတွင်မိမိဌာန၏ မျှော်မှန်းချက် ရည်မှန်းချက်များနှင့် စားသုံးသူများ၏အခွင့်အရေးအကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်မည့်နည်းလမ်းနှင့် ဖြေရှင်းဆောင်ရွက်နေမှုအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည်စုံမှ လုံခြုံစိတ်ချရမည့်အကြောင်းရှင်းလင်းခြင်း၊ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရခြင်းနှင့် အွန်လိုင်းဖြင့်စျေးဝယ်ရာတွင် သတိထားရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)